SSPP/SSA
မိုးမိတ်မြို့နယ် စစ်ကောင်စီ နှင့် SSPP/SSA တိုက်ပွဲစတင်ဖြစ်ပွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ / ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့တို့မှ တိုက်ပွဲစတင် ဖြစ်ပွားနေကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင် ၁) ရက် မွန်းလွဲပိုင်း ၂ နာရီခွဲမှ စတင်ကာ မိုးမိတ်မြို့နယ် မိုးဘုံကျေးရွာအုပ်စု (ပုန်ကန်ကျေးရွာ) ...
သျှမ်းပြည်လူထုမျက်ရည်စ လျှပ်စစ်ဓါတ်အားထုတ်ရေကာတာက
SHAN -
“ကျနော်တို့ ဘယ်ကိုပြောင်းရမယ်ဆိုတာကိုတော့ မသိသေးဘူး။ ကုမ္ပဏီကလည်း ခုထိ ဘာမှအကြောင်းမကြားသေးဘူး။ စိတ်ပူမှုတော့ရှိတာပေါ့” လို့ လီလုကျေးရွာမှ စိုင်းဝင်း က ပြောပါတယ်။ လီလုကျေးရွာဟာ သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ တာတေကျေးရွာအုပ်စုအတွင်းမှာ တည်ရှိတဲ့ကျေးရွာ တခုဖြစ် ပါတယ်။ Natural Current Energy Hydropower Co,Ltd နဲ့ လျှပ်စစ်နှင့်...
လွိုင်လင်ခရိုင်အတွင်း မြေမြှုပ်မိုင်းကြောင့် တောင်ယာသွားဖို့ ခက်ခဲနေ
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်း တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားနေသည့် ဒေသများတွင် မြေမြှုပ်မိုင်းများရှိနေသည့်အတွက် ပြည်သူများ တောင်ယာသွားရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ လွိုင်လင်ခရိုင်အတွင်းရှိ မိုင်းကိုင်မြို့နယ်၊ လဲချားမြို့နယ်၊ ပင်လုံမြို့တွင် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း ဖြစ်ကြသည့် မြောက်ပိုင်းမဟာမိတ်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ယမန်နှစ် ၂၀၂၁ ခုနှစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲဖြစ်ပွားပြီးနောက်...
ဟိုပုံး- ပင်လုံ လမ်းပိုင်းတိုင်းရင်းသား လက်နက်ကိုင်များလှုပ်ရှားမှုရှိ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ နှင့် ပင်လုံမြို့ကို ဆက်သွယ်ထားသော လမ်းမကြီး တစ်လျှောက်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားမှု ရှိနေကြောင်း သတင်းသိရသည်။ လက်ရှိတွင် အဆိုပါ လမ်းကြောင်းရှိ ပွန်ချောင်း မရောက်ခင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့မှ နေရာယူပြီး ၊ ထိုအနီးဝန်းကျင်တွင်...
SSPP/SSA ပြောရေးဆိုခွင့်ရှိသူတစ်ဦး ကွယ်လွန်
သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် SSPP/SSA မှ ပြောရေးဆိုခွင့်တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦး ကွယ်လွန်သွားကြောင်း သတင်းသိရသည်။ SSPP/SSA မှ ပြောရေးဆိုခွင့်တာဝန်ရှိ ဗိုလ်မှူးသန်းအောင်သည် ယမန်နေ့ (ဇွန် ၂၂)ရက် ညပိုင်းတွင် ဗဟိုဌာနချုပ်၌ ကွယ်လွန်သွားကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းများမှ သိရသည်။ “ ဟုတ်ပါတယ်။ သူကွယ်လွန်သွားပြီ။ မနက်ဖန် သူ့ရုပ်အလောင်းကို...
မူဆယ် ရွှေလီမြစ်ဝှမ်း SSPP နှင့် TNLA ကို တိုက်ထုတ်ရန် KIO /KIA ဗဟိုဌာနမှ မသိရှိရသေး
SHAN -
သျှမ်းမြောက် မူဆယ်မြို့နယ် ရွှေလီမြစ်ဝှမ်းဒေသအတွင်းလှုပ်ရှားနေသည့် SSPP နှင့် TNLA တပ်ဖွဲ့တို့ကို PDF များနှင့်ပူးပေါင်းကာ တိုက်ထုတ်ရန် ညွှန်ကြားချက် အမိန့်ပေး စာ ထွက်ပေါ်လာသည့်အကြာင်းကိစ္စ နှင့် ပက်သက်ပြီး KIO /KIA ဗဟိုဌာနမှ မသိရှိရကြောင်း ပြောဆိုသည်။ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့၊ နမ့်ခမ်းမြို့ရှိ ရွှေလီမြစ်ဝှမ်းတစ်လျှောက်မှ...
စစ်ကောင်စီ တပ်ဆုတ်ခိုင်းသည့် SSPP စခန်း (၃) နေရာကို တပ်ဆုတ်ခွာမည် မဟုတ်
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့ နယ် နှင့် တန့်ယန်းမြို့နယ်ကြားရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်း (၃) နေရာကို စစ်ကောင်စီက ဇွန်လ (၁၀) ရက် နောက်ဆုံးထားပြီး တပ်ဆုတ်ခွာခိုင်းသော်လည်း SSPP မှ တပ်ဆုတ်သွားမည် မဟုတ်ကြောင်း SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး...
သျှမ်းမြောက် အခွန်ကောက်သင့်သည့်နေရာ ဆက်ကောက်သွားမည်ဟု KIO/KIA ပြော
စီးပွားရေးအခြေအနေ ခက်ခဲနေသည့်ကြား ဆက်ကြေးကောက်သင့်သည့်နေရာ ဆက်ကောက်သွားမည်ဟု ကချင် လွတ်မြောက်ရေး တပ်မတော် (KIO/KIA) က ပြောဆိုလိုက်သည်။သျှမ်းမြောက် KIO/KIA ထိန်းချုပ်သည့် နေရာများတွင် ဆက်ကြေးကောက်သင့်သည့်နေရာ ဆက်ကောက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး ကြိုးစားပေးဆောင်သင့်ကြောင်း KIO/KIA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုလိုက်သည်။“...
အသိတရားနဲ့ သတိအမြဲထားသင့်တဲ့ စကစ ငြိမ်းချမ်းရေး
SHAN -
ဧပြီလ ၂၂ ရက်နေ့တုန်းက အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ သက်ဆိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်တွေ မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးပို့ဖို့ ရုပ်မြင်သံကြားကနေ အသိပေး ဖိတ်ကြားလိုက်ပါတယ်။ မေလ ၉ ရက်နေ့မှာတော့ အာဏာသိမ်း စစ်ကောင်စီ...
ငြိမ်းချမ်းရေးဆွေးနွေးပွဲ သျှမ်းတပ်နှစ်ဖွဲ့ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် ၉ ဖွဲ့တက်မည်
အာဏာသိမ်းစစ်ကောင်စီမှ ဦးစီးပြီး ပြုလုပ်မည့် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို သျှမ်းတပ်မတော် နှစ်ဖွဲ့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ စုစုပေါင်း ၉ ဖွဲ့တက်ရောက်မည်ဟု စုံစမ်းသိရသည်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက်ဟု အကြောင်းပြကာ ပြုလုပ်မည့် အဆိုပါ စစ်ကောင်စီ၏ ဖိတ်ခေါ်ဆွေးနွေးမှု တွင် စစ်ရေးပဠိပက္ခရှိနေသည့် သျှမ်းတပ်မတော်နှစ်ဖွဲ့(SSA) လည်း တက်ရောက်မည်ဟု စစ်ကောင်စီဘက် တာဝန်ရှိသူများက မီဒီယာများထံဖြေဆိုထားသည်ကို တွေ့ရသည်။ သို့သော်လည်း သျှမ်းတပ်နှစ်ဖွဲ့နှင့် နီးစပ်သည့်...





