သျှမ်းမြောက် အခွန်ကောက်သင့်သည့်နေရာ ဆက်ကောက်သွားမည်ဟု KIO/KIA ပြော

စီးပွားရေးအခြေအနေ ခက်ခဲနေသည့်ကြား ဆက်ကြေးကောက်သင့်သည့်နေရာ ဆက်ကောက်သွားမည်ဟု ကချင် လွတ်မြောက်ရေး တပ်မတော် (KIO/KIA) က ပြောဆိုလိုက်သည်။

သျှမ်းမြောက် KIO/KIA ထိန်းချုပ်သည့် နေရာများတွင် ဆက်ကြေးကောက်သင့်သည့်နေရာ ဆက်ကောက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး ကြိုးစားပေးဆောင်သင့်ကြောင်း KIO/KIA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုလိုက်သည်။

“ KIO ဗဟို ကော်မတီ သဘောထားအရ အခွန်ကောက်သင့်တယ်လို့ ယူဆတဲ့နေရာတွေကို ဆက်ကောက်သွားမှာပါ။ စစ်ကောင်စီအာဏာသိမ်းတဲ့ နောက်ပိုင်းမှာတော့ ပြည်သူတွေ စီးပွားရေးအကြပ်အတည်းများလာပြီး အခွန် ကောက်များတယ်လို့ ဖြစ်လာတာပါ၊ ကျနော်တို့ပြည်သူလူထုလည်း အတတ်နိုင်ဆုံးကြိုးစားပေါ့” ဟု ဗိုလ်မှူးကြီး နော်ဘူ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပြည်သူများထံ အခွန်ကောက်ယူရန် KIO/KIA ဗဟိုကော်မတီသတ်မှတ်ချက်အရ ကုန်စည်အမျိုးအစားနှင့် စီးပွားရေးလုပ်ငန်းများခွဲဝေကာ တိကျသည့် အခွန်ကောက်ဗမာဏ သတ်မှတ်ထားပြီဖြစ်ကြာင်း သိရသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA)

“ ကျနော်တို့က ဘယ်ပစ္စည်းဘယ်ဆိုင်တွေကတော့ ဘယ်လောက်ကောက်မယ်ဆိုပြီး သတ်မှတ်ထားတဲ့ စံနှုန်းစံထား တွေရှိပါတယ်၊ ကျနော်တို့ KIO ဗဟိုကော်မတီရဲ့ သဘောထားကတော့ အခွန်ကောက်သင့်တဲ့ ဟာတွေကို အကုန် ကောက်မယ်ဆိုတဲ့ ကျနော်တို့ရဲ့ မူပေါ်လစီပဲဖြစ်ပါတယ်၊ အခွန်ကောက်ဖို့ ကြိုတင် အကြောင်းကြားတာတွေ မကြား တာတွေကတော့ ရှေ့တန်းမှာ အလုပ်လုပ်တဲ့ အဖွဲ့နဲ့ ဆိုင်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူ ကဆိုသည်။

နမ့်ခမ်းမြို့နယ်အတွင်း KIA တပ်ဖွဲ့တို့မှ အခွန်ကောက်ယူမှု ပမာဏသည် ယခင်နှစ်ထက် ၂ ဆ ပိုမိုများပြားလာကြောင်း၊ထို့ပြင် သျှမ်းမြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များသည့် အပြင် ပြည်သူ့စစ်များလည်း ရှိသဖြင့် ပြည်သူများဆက်ကြေးကို များစွာပေးဆောင် နေရကြောင်း သိရသည်။

ထို့ပြင် သျှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့မှ စတင်ကာ မူဆယ်-နမ့်ခမ်း ဘက်ဆက်သွယ်ထားသည့် ကားလမ်းမကြီး တစ်လျှောက်တွင် အိမ်စီးကားအပါအဝင် မော်တော်ယာဥ်များကို ကချင်တပ်မတော် (KIA) မှ ဆက်ကြေး ကောက်တောင်းခံနေမှု တင်းကြပ်နေကြောင်း အမည်မဖော်လို ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ဒီနှစ်အခွန်ကောက်တာ အတော်လေးကို ကြမ်းတယ်၊ အိမ်တွေဆိုင်တွေကို အခွန်ဆောင်ဖို့ လာပြောပြီး မဆက်သွယ်ရင် သေနတ်တွေနဲ့ အိမ်ထိလာပြီး သူတို့ကို မလေးစား သလား၊ ဘာလားတွေ ခြိမ်းခြောက်သွား တယ်၊အရင်နှစ်က ၃ သိန်းပေးရတဲ့ သူတွေက ဒီနှစ်မှာဆို ၆ သိန်းပေးရတယ်” ဟု ၎င်းက ပြောသည်။

ကွတ်ခိုင် – မူဆယ်ကားလမ်းမပေါ်မှ မော်တော်ယာဉ်များထံ ဆက်ကြေးကောက်သည့် KIA တပ်သားများက ကားသမားများကို အခွန်ဆောင်ရန် ခြိမ်းခြောက်ပြောဆိုမှုများလည်း ရှိနေကြောင်း လားရှိုး-မူဆယ်ခရီးသည်တင် ယာဉ်မောင်း ကားသမားများထံမှ သိရသည်။


သျှမ်းပြည်မြောက်ပိုင်းမှာ သျှမ်းတပ်မတော် (SSPP/SSA)၊ တအာင်းတပ်မတော် (TNLA) ၊ ကိုးကန့် တပ်မတော် (MNDAA) အပြင် တခြားသော ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း သွားလာလှုပ်ရှားနေသည့် နယ်မြေ ဒေသ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...