RCSS/SSA

ည တာရှည်တဲ့ ဆောင်းအအေးဒဏ်ကို အံ့တုကျော်ဖြတ်နေရတဲ့ စစ်ရှောင်များ

အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ် ဝန်းကျင်သာရှိတဲ့ သျှမ်းပြည်ရဲ့ ဆောင်းည မှာ ကြမ်းခင်းပေါ် ကော်ဇော ပါးပါးလေးတွေနဲ့ အအေးဒဏ်ကို အံတုပြီး စစ်ဘေးရှောင်တွေ အိပ်စက်နေရပါတယ်။ နှစ်တနှစ်ရဲ့ နောက်ဆုံးရက်ဖြစ်တဲ့ ဒီဇင်ဘာ ၃၁ရက် ညမှာ မြန်မာပြည်တနှံလျား ပြည်သူတွေက ပျော်ရွှင်စွာ နှစ်သစ်ကို “ ဟက်ပီးနယူးရီးယား”...

RCSS/SSA နှင့် TNLA စစ်ရေး ဆက်လက်တင်းမာနေဆဲ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့(၂)ဖွ့ဲစစ်ရေး ဆက်လက် တင်းမာနေဆဲ ဟု စုံစမ်းသိရသည်။ ဒီဇင်ဘာ ၂၅ရက်မှ စတင်ကာ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲ ဖြစ်ပွားကာ...

လက်နက်ကိုင် ၂ဖွဲ့ စစ်ရေးတင်းမာနေမှုကြောင့် ပြည်သူများ ယနေ့ထိ စစ်ရှောင်နေရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့(၂)ဖွဲ့ စစ်ရေး တင်းမာနေသေးသဖြင့် ဒေသခံ ပြည်သူများ ယနေ့ထိ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဟု စစ်ရှောင်ကူညီပေးနေသည့် သူများက ပြောဆိုလိုက်သည်။ ကျောက်မဲမြို့နယ် လွယ်အံကျေးရွာ အုပ်စု အနီးတွင် ဒီဇင်ဘာ ၂၅ရက်မှစတင်ကာ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊...

ကျောက်မဲမြို့နယ်အတွင်း RCSS/SSA နှင့် TNLA တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း ယနေ့ (ဒီဇင်ဘာ ၂၅)ရက် မနက် ၅နာရီမှ စတင်ကာ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်( RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါဖြစ်ပွားသည့် တိုက်ပွဲသည် ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စု ပန်မခံကျေးရွာအနီးတွင် ယနေ့...

သီပေါမြို့နယ် အတွင်း သျှမ်းတပ်(၂)တပ် ထိတွေ့မှု တိုက်ပွဲဖြစ်

သျှမ်းမြောက် သီပေါမြို့နယ် အတွင်း ယနေ့(ဒီဇင်ဘာ ၅)ရက် မနက်ပိုင်း သျှမ်းတပ် ၂တပ် ထိတွေ့မှု တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ သီပေါမြို့နယ် အတွင်း ယနေ့ မနက်ပိုင်း ၇နာရီခွဲမှ ၈နာရီအထိ သျှမ်းပြည်တပ်မတော် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် သျှမ်းပြည် တိုးတက်ရေးပါတီ...

ရွေးကောက်ပွဲ နောက် သျှမ်း/တောင် RCSS/SSA လှုပ်ရှားနယ်မြေသို့ အစိုးရတပ် အင်အားဖြည့်

နိုဝင်ဘာ (၈) ရက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပြီးနောက် အစိုးရ တပ်မတော်သည် သျှမ်းပြည်တောင်ပိုင်းရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် ( RCSS/SSA)လှုပ်ရှားရာ နယ်မြေသို့ စစ်အင်အားဖြည့် လှုပ်ရှားနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်တောင်ပိုင်း ပင်လုံ၊ နမ့်စန်၊ လင်းခေး၊ ကျိုင်းတောင်း ဒေသများသို့ အစိုးရတပ်မတော် စစ်အင်အား...

မိုင်းပန်မြို့နယ် မဲရုံသွားစစ်သည့် အစိုးရ ဝန်ထမ်း ၂ဦးကို RCSS/SSA တပ်သားများပစ်ခတ်ဟုဆို

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စုတွင်း မဲရုံသွားစစ်သည့် ခရိုင်အုပ်ချုပ်ရေးမှူး ၂ ဦး အား ပစ်ခတ်မိကြောင်း RCSS/SSA က အတည်ပြုပြောဆိုသည်။ အောက်တိုဘာ ၂၇ ရက် နေ့လည် ၁ နာရီ ဝန်းကျင်က မဲရုံဝန်ထမ်း...

အစိုးရတပ် အရာရှိ ၂ဦးကို RCSS/SSA မှ ဖမ်းဆီး၊ ရိုက်နှက် ဟု တပ်မတော်ထုတ်ပြန်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တောင်ရှည်ကျေးရွာ အနီးတွင် အစိုးရ တပ်မတော်သား ၂ဦးကို RCSS/SSA မှ ဖမ်းဆီးခေါ်ဆောင်ခဲ့သည် ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေး က ထုတ်ပြန်လိုက်သည်။ အောက်တိုဘာ ၆ ရက် က သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) မှ အစိုးရတပ်မတော်...

RCSS/SSA နှင့်အစိုးရတပ် စစ်ရေးတင်းမာနေဆဲ

လက်ရှိ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း ပစ်ခတ်သံများ ငြိမ်နေသော်လည်း နှစ်ဖက်တပ် စစ်ရေးတင်းမာမှု ရှိနေဆဲ ဖြစ်ကြောင်း RCSS/SSA က ပြောဆိုလိုက်သည်။ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)နှင့် အစိုးရ တပ်မတော်သည် စက်တင်ဘာ၃၀ ရက်မှ စပြီးတိုက်ပွဲဖြစ်ပွါးရာ ယနေ့ချိန်ထိ စစ်ရေး...

ကိုဗစ်ကာကွယ်ရေးRCSS/SSA ထိန်းချုပ်သည့်ကျေးလက်များအတွင်း ပြင်ပလူ၀င်ထွက်သွားလာခွင့်မပြု

မြန်မာနိုင်ငံတွင်ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားလာပြီး သေဆုံးမှုလည်းများပြားလာသည့်အတွက် ကျေးလက်နေလူထု ကျန်းမာရေးအလေးထားကာ မိမိထိန်းချုပ်လှုပ်ရှားရာဒေသ ကျေးလက်များအတွင်း ပြင်ပလူ၀င်ထွက်သွားလာမှုကိုဟန့်တားထားကြောင်း RCSS/SSA က ကြေညာချက်တစောင်ထုတ်ပြန်လိုက်သည်။ အချက် ၆ ချက်ပါ RCSS/SSA ၏ အဆိုပါကိုဗစ်ရောဂါထိန်းချုပ်ရေးနှင့်ပတ်သက်သည့် ကြေညာချက်ကို အောက်တိုဘာလ ၅ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး၊ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းမည့်ပါတီများအနေဖြင့် ကျန်းမာရေးဌာနမှထုတ်ပြန်သော စည်းကမ်းချက်များအတိုင်း...

Latest news