RCSS/SSA နှင့်အစိုးရတပ် စစ်ရေးတင်းမာနေဆဲ

လက်ရှိ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း ပစ်ခတ်သံများ ငြိမ်နေသော်လည်း နှစ်ဖက်တပ် စစ်ရေးတင်းမာမှု ရှိနေဆဲ ဖြစ်ကြောင်း RCSS/SSA က ပြောဆိုလိုက်သည်။

Photo by နမ့်ခုံးရှမ်း ပရဟိတ အသင်း

သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)နှင့် အစိုးရ တပ်မတော်သည် စက်တင်ဘာ၃၀ ရက်မှ စပြီးတိုက်ပွဲဖြစ်ပွါးရာ ယနေ့ချိန်ထိ စစ်ရေး တင်းမာနေကြောင်း RCSS/SSA ပြောရေးဆိုခွင့် ဒုဗိုလ်မှူးကြီး အုမ်ခေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ ဒီ ၂ရက်တော့ တိုက်ပွဲတွေငြိမ်နေတယ်။ ဒါပေမယ့် တပ်မတော်ဘက်က စစ်အင်အားတွေ နောက်ဆုတ်သေးဘူး။ စစ်ရေးတင်းမာနေသေးတယ်။ တိုက်ပွဲ ပြန်ဖြစ် မဖြစ်တော့ မပြောတက် သေးဘူး” ဟု ဒုဗိုလ်မှူးကြီး အုမ်ခေး ကဆိုသည်။

အစိုးရတပ်မတော် အနေဖြင့် လွန်ခဲ့သည့် ရက်ပိုင်းတွင် ကျောက်မဲမြိုနယ် ပုံဝိုးကျေးရွာအုပ်စု နှင့် တောင်ထိပ်ကျေးရွာအတွင်း စစ်အင်အားလာရောက်ဖြည့်တင်းထားသဖြင့် စစ်ရေးထိတွေ့မှှုများ ပြန်လည်ဖြစ်လာမည်ကို စိုးရိမ်နေရသေးကြောင်းလည်း ဒုဗိုလ်မှူးကြီး အုမ်ခေး က ပြောသည်။

“ တချို့နေရာ က စစ်ရေးတင်းမာမှုတော့မရှိဘူး။ တချို့နေရာကတော့ စစ်အင်အားတွေရှိသေးတယ်။ ဒါကြောင့် စစ်ရှောင်တွေနေရပ်ပြန်ဖို့က တချို့နေရာ တွေရှိပါတယ်။ အားလုံးကတော့ ပြန်လို့ မရနိုင် သေးဘူး” ဟု ဒုဗိုလ်မှူးကြီး အုမ်ခေး ကပြောသည်။

RCSS/SSA နှင့် အစိုးရတပ်မတော် တို့ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာတွင် တပ်မတော်ဘက်မှ ထိခိုက်မှု၊ သေဆုံးမှု များကြောင်းလည်း RCSS/SSA မှ စုံစမ်းသိရသည်။

“ တပ်မတော်ဘက် က သေဆုံးတာတွေ ဒဏ်ရာရတွေများတယ်။ လေယာဉ်နဲ့တောင် လာသယ်ရတယ်။ ဘယ်နယောက်လဲဆိုတာအတိအကျတော့ မသိရဘူး” ဟု လည်း ဒုဗိုလ်မှူးကြီး အုမ်ခေး က ထပ်လောင်းပြောသည်။

ကျောက်မဲမြို့နယ် အတွင်း အောက်တိုဘာ ၃၀ရက်မှ စတင်ကာ ယနေ့ချိန်ထိ RCSS/SSAနှင့် အစိုးရတပ်မတာ် တိုက်ပွဲ ၂၀ ထပ်မနည်းဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင် ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ပါတီစုံ ရွေးကောက်ပွဲ ကို လာမည့် နိုဝင်ဘာ ၈ရက် တွင်ကျင်းပတော့မည် ဖြစ်ပြီး တိုက်ပွဲများရပ်တန့်ရန်၊ စစ်ဘေးရှောင်ပြည်သူများနေရပ်ပြန်နိုင်ရန်နှင့် အစိုးရ မှ စစ်ဘေးရှောင် များ ကို ကူညီထောက်ပံ့ရန် အတွက် ကျောက်မဲမြို့ မှလွှတ်တော်ကိုယ်စားလှယ်များက အောက်တိုဘာ ၁၀ရက်တွင် အစိုးရထံ စာတင်ထားကြောင်း သိရသည်။

“ အစိုးရ အနေနဲ့ စစ်ရှောင်အရေးကို ကြည့်စေချင်ပါတယ်။ ဒီလောက်တိုက်ပွဲဖြစ်နေတာ သူတို့ကို ကြည့်စေချင်တယ်” ဟု ကျောက်မဲမြို့နယ် ပြည်နယ်အမှတ်(၁) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

စစ်ဘေးရှောင် ၃၀၀၀ ဝန်းကျင်၏ စားဝတ်နေရေး သည် စိုးရိမ်ရကြောင်း၊ ထို့ကြောင့် စစ်ရှောင်များကို အစိုးရအနေဖြင့် ကူညီပေးရန် တောင်းဆိုချင်ကြောင်း စိုင်းထွန်းဝင်း ကပြောသည်။

လက်ရှိ ကျောက်မဲမြို့နယ် အတွင်းရှိ စစ်ဘေးရှောင် (၃၀၀၀)ကျော်ကို လူထုအခြေပြုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ တသီးပုဂ္ဂလိက အဖွဲ့များများသာ လာရောက်ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

စစ်ဘေးရှောင် (၃၀၀၀)ကျော်ထဲမှာ ၇၀ ရာခိုင်နှုန်းသည် အမျိုးသမီး နှင့် ကလေးငယ်များဖြစ်ကြောင်း သိရသည်။

“ စစ်ရှောင်တွေကို အစိုးရဘက်က ပြောဆိုတာ ကူညီတာ မရှိဘူး။ကျမတို့စစ်ပွဲတွေကြောင့် ပြည်သူတွေ တော်တော် ဒုက္ခရောက်နေတယ်။ တဖက်ကလည်း ကိုဗစ်-၁၉ ဖြစ်တော့ ပြည်သူတွေ နေရာကျဉ်းမှာနေရတယ်” ဟု Shan Women’s Action Network (SWAN) မှ ညွှန်ကြားရေးမှူး နန်းမွန်းကိန်က ပြောသည်။

ထို့ကြောင့် အစိုးရ အနေဖြင့် စစ်ဘေးရှောင် အမျိုးသမီးနှင့် ကလေးငယ်များအတွက် ကျန်းမာရေး ကိစ္စများလာရောက်ကူညီပေးရန်နှင့် စစ်ဒဏ်ခံရသည့် ပြည်သူများ နေရပ်ပြန်ပါက ပြန်လည် ထူထောင်ရေး ကိစ္စများပြုလုပ်ပေးရန်လည်း နန်းမွန်းကိန်က တိုက်တွန်း ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

မောက်မယ်မြို့နယ်ရှိ PNLA ဌာနချုပ်ဟောင်းကို PNO ထိန်းချုပ်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ဗန်းမက်ကျေးရွာအနီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ် နေရာဟောင်းကို စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) က ထိန်းချုပ်နိုင်ပြီဟု ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၄) ရက်တွင် မောက်မယ်မြို့နယ် ဗန်းမက်ကျေးရွာအနီး PNLA ဌာနချုပ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသခံများ ကျေးရွာအတွင်း...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။