ည တာရှည်တဲ့ ဆောင်းအအေးဒဏ်ကို အံ့တုကျော်ဖြတ်နေရတဲ့ စစ်ရှောင်များ

အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ် ဝန်းကျင်သာရှိတဲ့ သျှမ်းပြည်ရဲ့ ဆောင်းည မှာ ကြမ်းခင်းပေါ် ကော်ဇော ပါးပါးလေးတွေနဲ့ အအေးဒဏ်ကို အံတုပြီး စစ်ဘေးရှောင်တွေ အိပ်စက်နေရပါတယ်။

Photo by Mwe Lyan

နှစ်တနှစ်ရဲ့ နောက်ဆုံးရက်ဖြစ်တဲ့ ဒီဇင်ဘာ ၃၁ရက် ညမှာ မြန်မာပြည်တနှံလျား ပြည်သူတွေက ပျော်ရွှင်စွာ နှစ်သစ်ကို “ ဟက်ပီးနယူးရီးယား” “ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေ”လို့ နေရာအနှံ့က အော်သံတွေကြားနေရပါတယ်။

သို့ပေမယ့် ကြမ်းခင်းပေါ်ကော်ဇောပါးပါးနဲ့ အအေးဒဏ်ကို အံ့တုပြီး အိပ်စက်နေရတဲ့စစ်ရှောင်တွေကတော့ နှစ်သစ်ကို စိတ်ဆင်းရဲစွာနဲ့ ကြိုဆိုခဲ့ရပါတယ်။

သျှမ်းပြည်ရဲ့ဆောင်းညတွေဟာ ပုံမှန်စောင် နှစ်ထပ်ကနေသုံးထပ်အထိအကူအညီယူပြီးဖြတ် သန်းရလေ့ရှိပေမဲ့ များပြားလွန်းတဲ့ စစ်ရှောင်လူဦးရေအတွက်ကတော့ စောင်တွေ အခင်းတွေ လုံလောက်မှုရှိ မနေတာကို တွေ့မြင်ရပါတယ်။

“ ဆောင်ရာသီးဆိုတော့ စောင်တွေ အခင်းကတော့လိုအပ်နေတယ်။ ကြမ်းခင်းမှာ ကော်ဇောနဲ့ပဲခင်းတော့ သူတို့ အရမ်းအေးပြီး အိပ်မပျော်ဘူးပြောတယ်” လို့ စစ်ဘေးရှောင်ကို ကူညီပေးနေတဲ့ အိုမ်တမာဝ်လူမှုကူညီရေးအသင်းက မိုင်းအဘမ်းက ပြောပါတယ်။

ထိုစစ်ဘေးရှောင်တွေဟာ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ကြတဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)နဲ့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ကြား ဒီဇင်ဘာ ၂၅ရက်မှ စတင်ကာဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် စစ်ရှောင်လာရတဲ့သူတွေဖြစ်ပါတယ်။

Photo by Mwe Lyan

RCSS/SSAနဲ့ TNLAတို့ ယနေ့အချိန်ထိ စစ်ရေးတင်းမာမှုရှိနေကြပြီး ကျောက်မဲမြို့ပေါ် စစ်ရှောင် တထောင်နီးပါးနဲ့ နမ္မတူမြို့နယ် မန်စံကျေးရွာတွင် စစ်ရှောင် (၆၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သျှမ်းမြောက်စစ်ဘေးရှောင်တွေဟာ စစ်ပွဲတွေကို ကြောက်ရ၊ စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ရသလို ရာသီဥတုဒဏ်တွေကြောင့် ကျန်းမာရေး ထိခိုက်မှုတွေကလည်း များလာတာကိုတွေ့ရပါတယ်။

“ သေနတ်သံတွေ ကြားရတော့ ကြောက်လို့ သွေးတိုးတောင်တက်တယ်” လို့ ကျောက်မဲမြို့ ဝါဆိုကျောင်းတွင် စစ်ရှောင်လာတဲ့ တအာင်း(ပလောင်) အဘွားအို တဦး က ပြောပါတယ်။

စစ်ဘေးရှောင်လာသူ အများစုက သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ လသားကလေးငယ် တွေဖြစ်ပါတယ်။

“ ဆောင်ရာသီလည်းဖြစ် သက်ကြီးရွယ်အိုနဲ့ကလေးကလည်းများဆိုတော့ အအေးမိတာများတယ်။ မနက်မနက် ဆေးခန်းကိုလာပြတာတော်တော်များတယ်” လို့ စစ်ရှောင်ကိုကူညီပေးနေတဲ့ မိုင်းအဘမ်းက ဆိုပါတယ်။

လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းဖြစ်ပွားနေတဲ့ ကျောက်မဲမြို့နယ်ထဲက တိုက်ပွဲဟာ ယခင် တကြိမ်တခါမှ တိုက်ပွဲမရှိခဲ့တဲ့နေရာ ဖြစ်ကြောင်း၊ ထိုဒေသတွင်နေထိုင်တဲ့တိုင်းရင်းသားတွေ ဟာ တောင်ယာကို အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ခဲ့ကြောင်းလည်း စစ်ရှောင်တွေက ပြောဆိုပါတယ်။

Photo by Mwe Lyan

“ ကျနော်တို့ရွာဘက်မှာတခါမှတိုက်ပွဲမဖြစ်ဘူး။ အခုလိုပစ်ကျတာက ပထမဆုံးဆိုတော့ အရမ်းကြောက်ပြီး ထွက်ပြေး လာတာပါ” လို့ စစ်ရှောင်ပြည်သူတစ်ဦးဖြစ်တဲ့ မိုင်းအညို က ပြောပါတယ်။

မိုင်းအညိုနဲ့ ၎င်းနေထိုင်ရာကျေးရွာက ပြည်သူတွေဟာ သူတို့ရဲ့ကျေးရွာကနေ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ သွားကြိုနိုင်တဲ့ နေရာဖြစ်တဲ့ မိုင်းတင်းကျေးရွာကို ၁၅မိုင်လောက် လမ်းလျောက်ပြီး ရောက်လာခဲ့ကြောင်းလည်း သူက ပြောပြပါတယ်။

“ ကျနော်တို့ ရွာကနေ မိုင်းတင်းကျေးရွာကို ၁၅မိုင်လောက် လမ်းလျှောက်လာရတယ်။ ကျနော်တို့ ရွာကို ကားလမ်းမရှိဘူးလေ။ ဒါကြောင့် မိုင်းတင်းကျေးရွာကိုလမ်းလျှောက်လာရတာ” လို့ မိုင်းအညို က ပြောပါတယ်။

လက်ရှိကာလ ဟာ မြန်မာတဝှမ်း တဖက်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကာလဖြစ်သလို သျှမ်းမြောက်မှာ စစ်ရေး တင်းမာမှုကလည်းရှိနေပြီး စစ်ရှောင် လူရေဟာ တနေ့ထက်တနေ့များလာတဲ့အတွက် ကျန်းမာရေး ထုတ်ပြန်ချက်အတိုင်း တဦးနဲ့တဦး ၆ပေအကွာလည်း မနေနိုင်ပါ။

“ စစ်ရှောင်ဦးရေကလည်း နေ့တိုင်းတိုးနေတော့ ၆ပေ အကွာလည်းမထားနိုင်တော့ဘူး။ အားလုံးစုပြီးနေရတယ်။ တောင်ပေါ်ကလာတဲ့သူကို စိတ်မပူရဘူး။ လာလှူတဲ့အလှူရှင်တွေ ပိုစိုးရိမ်ရတယ်။ လာလှူတဲ့သူထဲက တဦးဦး ပါလာရင် ပြဿနာရှိနိုင်တယ်” လို့ မိုင်းအဘမ်းက ပြောပါတယ်။

အခုအချိန်ထိတော့ လက်နက်ကိုင်နှစ်ဘက်ကြား စစ်ရေးတင်းမာမှုတွေရှိနေဆဲဖြစ်ပြီး စစ်ရှောင်ဦးရေတွေကလည်း ထပ်ပြီးတိုးလာနိုင် ချေရှိကြောင်းလည်း စစ်ဘေးရှောင်ကူညီနေတဲ့သူတွေက ပြောဆိုပါတယ်။

RCSS/SSAနဲ့TNLAဖြစ်ပွားတဲ့ တိုက်ပွဲ အကြောင်းရင်းနဲ့ ပတ်သက်ပြီး တပ်၂တပ်မှ ပွင့်လင်းစွာပြောဆိုထားခြင်းမရှိကာ လက်ရှိဖြစ်နေတဲ့တိုက်ပွဲဟာ သူနယ်မြေ ကိုယ်နယ်မြေ ကျူးလွန်မှုကြောင့်တာ စစ်ရေး ပြင်းထန်နေတယ်လို့ တပ် ၂တပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

နယ်မြေစိုးမိုးရေး အတွက် ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ ဒုက္ခရောက်နေရပြီး စစ်ပွဲကို ရပ်တန့်ရန်လည်း ပြည်သူတွေက တောင်းဆိုလိုက်ပါတယ်။

“ သူတို့တွေ နယ်မြေလုနေလို့သာ ဒီလို တိုက်ပွဲဖြစ်နေတာ။ အခုက ငါ့နယ်မြေထဲဝင်လို့ တိုက်တာဆိုတဲ့ စကားနဲ့ တိုက်ပွဲဖြစ်နေတာ။ ခံရတာက ကျနော်တို့ပြည်သူတွေပဲလေ” လို့ စစ်ရှောင်ပြည်သူ တဦးက စိတ်မကောင်းစွာ ပြောဆိုပါတယ်။

ပြည်နယ်အတွင်းက တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းတိုက်တာဟာ ဘာအကျိုးမှမရှိတဲ့အတွက် စစ်ပွဲတွေကိုရပ်ဖို့ သျှမ်းမြောက်ပြည်သူတွေက တောင်းဆိုလိုက်ပါတယ်။

“သျှမ်းနဲ့ တအောင်း ကအတူတူနေလာတာကြာပါပြီ၊ အချင်းချင်းအမုန်းတရားတွေမထားဘဲ ဖြေရှင်းနိုင်စေချင်တယ်” လို့ စစ်ရှောင်တွေကို ကူညီပို့ဆောင်ပေးနေတဲ့ သျှမ်းလူငယ်တယောက်ကပြောပါတယ်။

စစ်ရှောင်ပြည်သူတွေကို စေတနာ့ဝန်ထမ်းအဖြစ်ဆေးကုသပေးနေတဲ့ဒေါက်တာသန့်စင် က “ ကိုယ့်တိုင်းရင်းသား ညီအစ်ကိုချင်း ရန်ဖြစ်တာ အကျိုးမရှိဘူး၊ပြည်သူတွေကိုထောက်ထားပြီးတော့ တွေ့ဆုံညှိနှိုင်းကျစေချင်တယ်” လို့ပြောပါတယ်။

တိုင်းရင်းသားအချင်းချင်းဖြစ်ပွားတဲ့တိုက်ပွဲ ရက်ရှည်လာပါက စစ်ရှောင်ပြည်သူတွေအတွက် အခက်အခဲမျိုးစုံကြုံရနိုင်သလို အဓိက အားဖြင့် ကျန်းမာရေး ထိခိုက်လာနိုင်ကြောင်း၊ ဒါကြောင့်တိုက်ပွဲတွေ နှစ်ဘက်တပ် အမြန်ရပ်တန့်စေချင်ကြောင်း လည်း စစ်ရှောင်တွေက ပြောပါတယ်။

“ကျနော် တို့အိမ်မှာပြန်ပြီးအေးအေး ချမ်းချမ်းနေချင်တယ်၊ တိုက်ပွဲတွေကိုဆက်မဖြစ်စေချင်တော့ဘူး၊ နှစ်ဘက်လုံးကို ရပ်ပေးဖို့တောင်းဆိုပါတယ်” လို့ စစ်ရှောင်နေတဲ့ မိုင်းအညို က တောင်းဆိုလိုက်ပါတယ်။

စစ်ရှောင်ပြည်သူတွေကို လူမှုကူညီရေးအဖွဲ့တွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ ကျောက်မဲမြို့ပေါ်ပြည်သူတွေက နိုင်သလောက် ကူညီလှူဒါန်ပေးနေသော်လည်း အေးချမ်းလှတဲ့ သျှမ်းမြောက်ရဲ့တောင်ပေါ်ဆောင်းကိုအံတုဖို့ အတွက်တော့ စစ်ရှောင်ပြည်သူတွေ ဟာအခက်အခဲကြုံနေရဆဲပါ။

စစ်ရှောင်ပြည်သူကတော့ အပူချိန် ၁၀ဒီဂရီ စင်တီဂရိတ် ရဲ့ ဆောင်းည အအေးဒဏ်ကို ကြိတ်မှိတ်စွာအံတုနေရပြီး တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း နယ်မြေစိုးမိုးရေး အတွက် ဖြစ်ပွားနေတဲ့ တိုက်ပွဲရပ်တန့်ရန် ဆုတောင်းကာ ညတာရှည်တဲ့ ဆောင်းညကို ရက်တွက်ဖြတ်သန်းနေကြပါတယ်။

မွေလျန်း ရေးသားပေးပို့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...