RCSS/SSA နှင့် TNLA စစ်ရေး ဆက်လက်တင်းမာနေဆဲ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့(၂)ဖွ့ဲစစ်ရေး ဆက်လက် တင်းမာနေဆဲ ဟု စုံစမ်းသိရသည်။

ဒီဇင်ဘာ ၂၅ရက်မှ စတင်ကာ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲ ဖြစ်ပွားကာ ယနေ့ချိန်ထိ စစ်ရေး တင်းမာနေဆဲ ဟု RCSS/SSAမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျောက်မဲဘက်ကတော့ စစ်ရေး တင်းမာမှုနေတယ်။ သီပေါဘက်ကတော့ စစ်ရေး လှုပ်ရှားမှုရှိတဲ့သဘောပါ။ စိုးရိမ်ရတဲ့ တင်းမာမှုကတော့ မရှိသေးဘူး” ဟု ဗိုလ်မှူးခမ်းစံ က ဆိုသည်။

RCSS/SSA နှင့် TNLA တို့သည် ယမန်နေ့ (ဇန်နဝါရီ ၁)ရက်တွင် နမ္မတူမြို့နယ်၊ သီပေါမြို့နယ် နှင့် ကျောက်မဲမြို့နယ်အတွင်း နေရာ ၃နေရာ ထိုးစစ်ဆင်မှုရှိခဲ့ကြောင်းလည်း TNLA ၏ သတင်းထုတ်ပြန်ချက် အရသိရသည်။

“ မနေ့က ကျနော်တို့ ၃နေရာ ထိတွေ့မှုဖြစ်တာ ဟုတ်ပါတယ်။ ဒီနေ့ တိုက်ပွဲ အခြေအနေကတော့ ကျနော်ဆီကို မြေပြင်သတင်းမတက်လာသေးဘူး” ဟု ဗိုလ်မှူးခမ်းစံ က ထပ်လောင်ပြောသည်။

ယနေ့ ဇန်နဝါရီ ၂ရက် တွင် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကွန်ဟောက်ကျေးရွာ အုပ်စုနှင့် နမ္မတူမြို့နယ် အတွင်း RCSS/SSAနှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားမှု ရှိကြောင်းကို မြေပြင် ဒေသခံ ပြောပြချက်အရ သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး TNLA မှ ပြောရေးဆိုခွင့် ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာ ဖြေဆိုခြင်းမရှိခဲ့ပေ။

RCSS/SSAနှင့် TNLAတို့သည် ဒီဇင်ဘာ လအတွင်း တိုက်ပွဲ ၁၁ကြိမ်ရှိခဲ့ပြီး ယခု ၂၀၂၁ ခုနစ် ဇန်နဝါရီလအတွင်း တိုက်ပွဲ အကြိမ်ရေ ၃ကြိမ်ရှိခဲ့ေကြောင်းသိရသည်။

ထိုတိုင်းရင်းသားလက်နက်ကိုင် ၂ဖွဲ့တိုက်ပွဲဖြစ်ပွားမှုကြောင်း ကျောက်မဲမြို့ပေါ်တွင် စစ်ဘေးရှောင် ၈၀၀နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး၊ စစ်ရေး ဆက်လက်တင်းမာနေပါက စစ်ရှောင်များ ထပ်မံရောက်ရှိလာနိုင်ကြောင်းလည်း စစ်ရှောင်ကူညီပေးနေသူများက ပြောဆိုလိုက်သည်။

ထို့ပြင် ဒီဇင်ဘာ ၁၀ရက်နေ့တွင် RCSS/SSAနှင် TNLA တိုက်ပွဲကြောင့် ကိုယ်ဝန်သည် အမျိုးသမီး ၁ဦး အပါအဝင် အမျိုးသမီး ၃ဦး ကျည်ထိမှန်ခဲ့ပြီး ဆယ်ကျော်သက် အမျိုးသားတဦး ကျည်ထိမှန်ခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...