PNLA

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆီဆိုင်မြို့နယ်ထဲ စစ်ကောင်စီ ဗုံးကြဲ

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ထောဝ်ကျေးရွာကို စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားဖြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဓမ္မာရုံထိခိုက်ပျက်စီးသွားခဲ့ကြောင်း PNLA မှ ယနေ့ (ဇန်နဝါရီ ၁၅)ရက်တွင် ထုတ်ပြန်သည်။ ယမန်နေ့(ဇန်နဝါရီလ ၁၄ ရက်) ညနေ ၃ နာရီ ဝန်းကျင်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် လာရောက်ဗုံးကြဲခဲ့ပြီး နောင်ထောဝ်...

PNLA စစ်သုံ့ပန်း (၅)ဦးကို မသတ်ဖြတ်ကြောင်း PNO ငြင်းဆို

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ထီဆုံ ကျေးရွာအနီးတိုက်ပွဲတွင် ဖမ်းဆီးရမိသည့် PNLA ၏စစ်သုံ့ပန်း (၅)ဦးကို PNOက သတ်ဖြတ်ခဲ့ပြီး တိုက်ပွဲတွင် ကျဆုံးသည်ဟု PNOမှ ငြင်းဆိုသွားခဲ့သည်။ ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၂ ရက်) နေ့ ညနေပိုင်းတွင် ထီဆုံ ကျေးရွာအနီး တိုက်ပွဲ၌ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA)...

စစ်ကောင်စီ၏ ဘက်တော်သား PNO က ဆီဆိုင်ကို ပြန်လည်ထိန်းချုပ်

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) လက်လွတ်ထားရသည့် နယ်မြေကို ပြန်လည် ထိန်းချုပ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၂ ရက်) ညနေပိုင်းတွင် PNOမှ လက်လွှတ်ထားရသည့် ဆီဆိုင်မြို့နယ် ထီဆုံကျေးရွာအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်စွဲရာနေရာကို ၎င်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း PNO အရာရှိတစ်ဦးက...

ဆီဆိုင်မြို့နယ် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် နေအိမ် ၂လုံးပျက်စီး

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထီစုံကျေးရွာတွင် စစ်ကောင်စီတပ်မှ မီးလောင်ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးမှုရှိကြောင်း သိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီလ ၆)ရက်နေ့ မနက် ၉ နာရီအချိန်တွင် စစ်ကောင်စီတပ်သည် ပအိုဝ်းလူမျိုးများနေထိုင်သည့် ထီစုံကျေးရွာကို မီးလောင်ဗုံးဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၂ အိမ် မီးလောင်ပျက်စီးခဲ့ကြောင်း PNLA...

PNLA ထိန်ချုပ်ထားသည့်ဒေသ စစ်ကောင်စီမှ လေကြောင့်ဖြင့် ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA) ထိန်ချုပ်ထားသည့်  ကဒူးကြီးကျေးရွာအုပ်စု ဗန်းမက်ကျေးရွာအတွင်းသို့ စစ်ကောင်စီမှ လေကြောင်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဒီဇင်ဘာလ ၃၁ ရက်)နေ့တွင် မောက်မယ်မြို့နယ် PNLA ထိန်ချုပ်ထားသည့် ဗန်းမက်ကျေးရွာကို စစ်ကောင်စီမှ လေကြောင့်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရကြောင်း မောက်မယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဲနေ့က အတော်တော်ကြားရတယ်။ ရုတ်တရက်ဆိုတော့ ကျနော်တို့လန့်တယ်။...

အတိတ်နိုင်ငံရေးဝဲဂယက်ထဲသို့ နစ်မြုပ်နေသော ပအိုဝ်းအဖွဲ့အစည်းများ

“ပအိုဝ်းပြည်နယ်သစ်‌ပေါ်ထွန်းရေး မပေါ်ထွန်းရေး အဲတာ အသာထား အခုကိုယ့်ရှိနေတာလေး သူများခွဲမစားသွားဖို့ အရေးကြီးတယ်”လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အသွင်ပြောင်းပြည်သူ့စစ် ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးကြီးခွန်နေဝင်းထွန်းက လူထုနှင့် တွေ့ဆုံရာတွင် ရှင်းလင်းပြောဆိုပါသည်။ သို့သော်လည်း ပအိုဝ်းနိုင်ငံရေးအဖွဲ့အစည်းများဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် နွေဦးတော်လှန်ရေးစတင်ပြီးနောက် အသစ်စုဖွဲ့လိုက်သော ခွန်မြင့်ထွန်းဦးဆောင်သည့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) တို့၏...

 PNO ဖမ်းဆီးသွားသည့် ဆီဆိုင်မြို့နယ် ကျေးရွာသူကြီး တစ် ဦး သတင်းအစအနမရသေး

သျှမ်းပြည် ဆီဆိုင်မြို့နယ် တွေပူးကျေးရွာမှ ရွာသူကြီး တစ် ဦးကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ကဖမ်းဆီးသွားခဲ့ရာ ယနေ့အချိန်ထိ ပြန်လွှတ်လာပေးခြင်းမရှိဘဲ သတင်းအစအနမရသေးကြောင်း စုံစမ်းသိရသည်။  ဒီဇင်ဘာလ ၇ ရက် ည ၁၁ နာရီခန့်တွင် စစ်ကောင်စီလက်အောက်ခံ  PNO သည် တွေပူးကျေးရွာ ရွာသူကြီး ဖြားဒုံးကျော်ကို ၎င်း၏နေအိမ်ပေါ်သို့ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းပအိုဝ်းပြည်သူ့...

ဆိုက်ခေါင် အရှေ့ဘက် ပွန်ချောင်းအနီးရှိ PNLA/PNLO တပ်စခန်းကို PNO/PNA သိမ်းယူ

သျှမ်းပြည်တောင်ပိုင်း၊ ဆိုက်ခေါင်မြို့ အရှေ့ဘက် ပွန်ချောင်းအနီးရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) တပ်စခန်းတစ်ခုကို ပအိုဝ်းပြည်သူ့စစ် (PNO)မှ သိမ်းယူခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ (၁)ရက်နေ့တွင် ပွန်ချောင်းအနီးရှိ PNLA ၏ ဆင်ဖြူစခန်းကို PNOမှ သိမ်းယူခဲ့ပြီး PNLAဘက်မှ တပ်သား အလောင်းတစ်လောင်းနှင့်အတူ...

မောက်မယ်ဒေသရှိ PNLA တပ်စခန်းကို PNA/PNO မှ ဝင်ရောက်တိုက်ခိုက်

သျှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ် ၊ဟိုနမ့် ကျေးရွာဘက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA)တပ်စခန်းကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ နိုဝင်ဘာလ (၂၀) ရက်ကတည်းက စစ်ကောင်စီ၊နှင့် PNA/PNO တို့သည် PNLA တပ်စခန်းရှိသည့် ဟူနမ့် ကျေးရွာဘက်သို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယမန့်နေ့ နိုဝင်ဘာလ...

PNLA ထိန်းချုပ်ရာဒေသကို စစ်ကောင်စီနှင့် PNO ထိုးစစ်ဆင်၊ ထိတွေ့တိုက်ပွဲဖြစ်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ထိန်းချုပ်ရာဒေသကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တပ်တို့က ထိုးစစ်ဆင်လာသောကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၂၀ ရက်) နံနက် ၁၀ နာရီခွဲအချိန်မှစပြီး ဆီဆိုင်မြို့နယ် အတွင်းရှိ အများပြည်သူအသုံးပြုနေသည့် ဆိုက်ခေါင်-ဟိုနမ့်ပွန်ချောင်းတံတားကို စစ်ကောင်စီတပ်ဖွဲ့မှ လေယာဉ်ဖြင့် ဗုံးသုံးလုံး...

Latest news