Wednesday, January 28, 2026

သေနတ်ပစ်ခံရ

လားရှိုးမြို့ စစ်ကောင်စီလက်အောက်ခံ ရဲ (၂) ဦး သေနတ်ပစ်ခံရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ရဲ (၂) ဦး သေနတ် ပစ်သတ်ခံ ရကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့ ဇွန် (၂၀) ရက် ည (၁၀)နာရီ အချိန်မှာ လားရှိုးမြို့ သိန္နီလမ်းမကြီး ရပ်ကွက် (၁၂) စစ်မှုထမ်းဟောင်းဘေးလမ်းကြားတွင် စစ်သားများ၊ရဲသားများ...

မူဆယ်မြို့နယ် အတွင်း ဆိုင်ကယ်ဈေးသည် သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု နောင်ဆိုင်ကျေးရွာတွင် စျေးသည်အမျိုးသားနှစ်ဦး သေနတ်ပစ်သတ်ခံရပြီး တစ်ဦးသေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ မတ်လ (၉)ရက် နေ့လည် (၁၁)နာရီဝန်းကျင်ခန့်တွင် အမည်မသိလက်နက်ကိုင်က ၎င်းစျေးသည် အမျိုးသားနောက် လိုက်လာပြီး ပစ်သတ်ခဲ့ကြောင်း သိရသည်။ “လာပစ်သွားတဲ့သူက သေနတ်ကို ဆာလအိတ်ထဲ ထည့်လာပြီး ပစ်သတ်သွားတယ်လို့ပြောတယ်။ တစ်ယောက်ကတော့ ပွဲချင်းပြီး...

နမ့်ခမ်း မြို့မစျေးထဲ ပစ်ခတ်မှုဖြစ် အမျိုးသား (၂)ဦးသေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မစျေးအတွင်း ယနေ့ (ဇန်နဝါရီ ၄ ရက်) နေ့လည် ၁ နာရီခွဲဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသား (၂)ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ထိုပစ်ခတ်မှုဖြစ်ပွားပြီး နမ့်ခမ်းမြို့မစျေးထဲ ဖွင့်လှစ်ထားသည့် စျေးဆိုင်များ အလုအယက် ပိတ်သိမ်းလိုက်ရကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။ “သေတဲ့ (၂)ယောက်က ဆက်ကြေးလာကောက်တဲ့ (TNLA)...

ရွာငံမြို့နယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်မှ ရွာငံမြို့နှင့် နွားဘန်းကြီးကျေးရွာကြားရှိ ကော်ဖီစက်ရုံတွင်နေထိုင်သည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၂) ရက် ညနေ ၄ နာရီဝန်းကျင်တွင် ကော်ဖီစက်ရုံမှ အသက် ၆၃ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးကို အမည်မသိ လူနှစ်ဦးမှ သေနတ်ဖြင့်...

ကွတ်ခိုင် မြို့နယ်ဆေးရုံအုပ် သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဆေးရုံအုပ် ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင်သည် ယမန်နေ့ (ဒီဇင်ဘာ ၁၄ )ရက် ည ၇ နာရီဝန်းကျင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ည ၇ နာရီဝန်းကျင် တာမိုးညဲ မုံးစီးဘက် ကာကွယ်ဆေးထိုးပြီး အပြန်လမ်း၌ အမည်မသိ လက်နက်ကိုင်က...

မိုင်းကိုင်မြို့နယ် ကျေးရွာအတွင်း ပထမဆုံး အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုနယ်မှ အုပ်ချုပ်ရေးမှူး လုံးစိုင်းကြည်သိန်းသည် နေအိမ်ထဲရှိနေစဥ် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၆ နာရီဝန်းကျင်တွင် မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာ၏ အုပ်ချုပ်ရေးမှူး လုံးစိုင်းကြည်သိန်းသည် နေအိမ်အတွင်းရှိနေစဥ် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ လူ(၂)ဦးက သေနတ်ဖြင့်...

နမ့်ခမ်း အရပ်သား (၁)ဦး သေနတ်ပစ်ခံရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ မြို့လယ်ဘုရားကျောင်း အနောက်ဘက်တွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ဆိုင်ကယ် ကယ်ရီသမား (၁)ဦးကို ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဒီဇင်ဘာ (၉)ရက် နေ့လည် (၁)နာရီဝန်းကျင်က မြို့လယ်ဘုရားကျောင်း အနောက်ရှိ ပင်လုံထိပ်ထား တည်းခိုခန်းကို ကားတစ်စီးပေါ်မှ သေနတ်ဖြင့် ပစ်ခတ်သွားမှုကြောင့် (မိုင်းဝီး...

သီပေါမြို့ ဈေးဝယ်လာသည့် အမျိုးသား တစ်ဦး ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ မြို့မဈေးတွင် ဈေးလာဝယ်သည့် လင်မယား နှစ်ယောက် ပစ်ခတ်ခံရပြီး အမျိုးသားဖြစ်သူ သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဒီဇင်ဘာ ၂) နေ့လည် ၁၂ နာရီ ဝန်းကျင်က တာလုံကျေးရွာမှ ဈေးလာဝယ်သူ အမျိုးသားက ဈေးအတွင်းမှာ ပစ်ခတ်ခံရကြောင်း သိရသည်။ “ဈေးထဲ ပစ်ခံရတာပါ။ ဘယ်သူဘယ်ဝါလည်းတော့...

မူဆယ်မြို့နယ် ရွာသားတစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မန်းဟန်ကျေးရွာတွင် နေထိုင်သည့် ရွာသားတစ်ဦးကို စစ်ကောင်စီတို့က ရိုက်နှက်ပြီး သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မန်းဟန်ကျေးရွာရှိ ယာခင်းအတွင်းတွင် အလုပ် လုပ်နေသည့် အသက် ၅၃ နှစ်ရှိ အမျိုးသားတစ်ဦးကို စစ်ကောင်စီတို့မှ သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း...

စစ်ကောင်စီ မှ သေနတ်ပစ်လိုက်သည့် အောင်ပန်းမြို့ ဒေသခံတစ်ဦးအခြေအနေ မိသားစုဝင်များမသိ

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ လှည်ရိုးရပ်ကွက်တွင် စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်လိုက်သည့် ဒေသခံ တစ်ဦး၏အခြေအနေကို မိသားစုဝင်များက ယနေ့ထိ မသိရသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက် ည ၁၀ နာရီခွဲဝန်းကျင်တွင် အောင်ပန်းမှ ပင်းတယသို့အထွက် လှည်းရိုးရပ်ကွက်ရှိ စာသင်ကျောင်းတွင် ကင်းပုန်းချထားသော စစ်ကောင်စီတပ်ဖွဲ့အနီးသို့...

Latest news