မိုင်းကိုင်မြို့နယ် ကျေးရွာအတွင်း ပထမဆုံး အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုနယ်မှ အုပ်ချုပ်ရေးမှူး လုံးစိုင်းကြည်သိန်းသည် နေအိမ်ထဲရှိနေစဥ် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း စုံစမ်းသိရသည်။

သေနတ်ပစ်ခံရသည့် ပန်ကေတု ကျေးရွာအုပ်ချုပ်ရေးမှူး လုံးစိုင်းကြည်သိန်း ပုံ

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၆ နာရီဝန်းကျင်တွင် မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာ၏ အုပ်ချုပ်ရေးမှူး လုံးစိုင်းကြည်သိန်းသည် နေအိမ်အတွင်းရှိနေစဥ် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ လူ(၂)ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားကြောင်း မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့ချိန် အိမ်မှာ သူ(လုံးစိုင်းကြည်သိန်း) တစ်ယောက်ပဲ ရှိနေတဲ့ အချိန်ပေါ့၊ ကျမက ညစာအတွက် သွားဝယ်ပြီး ပြန်လာတဲ့အချိန် အိမ်ထဲကို လူနှစ်ယောက်ဝင်သွားတာတွေ့ရတယ်၊ ကျမက ဧည့်သည်လာတယ်ထင်လို့ အမြန် လမ်းလျှောက်လာတာ၊ အိမ်တံခါးဝရောက်တော့ သေနတ်သံတွေကြားရတယ်၊ ကျမလည်း လန့်လို့ အော်ဟစ် လိုက်တာ” ဟု လုံးစိုင်းကြည်သိန်း၏ မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လုံးစိုင်းကြည်သိန်းကို လာပစ်သည့် သေနတ်သမားနှစ်ယောက်သည် အရပ်ဝတ်၊ မျက်နှာဖုံး ခေါင်းစွပ်နှင့် သေနတ်ရှည် ကိုင်ဆောင်ထားပြီး သျှမ်းစကားပြောကြကြောင်း သိရသည်။

“ကျမက အိမ်တံခါးဝမှာ၊ သူတို့က အိမ်ဝိုင်းထဲမှာ၊ လုံးကြည်သိန်းကတော့ အိမ်ထဲမှာ သွေးတွေနဲ့ လှဲနေပြီ၊ ကျမက အော်နေချိန် သူတို့က မအော်နဲ့ အဒေါ့်ကို ကျနော်တို့ ဘာမှမလုပ်ဘူး၊ ဝင်လာခဲ့ရတယ်ဆိုပြီး သျှမ်းလိုပြောတာ၊ သျှမ်းစကားသံက ပီနေတာပဲ” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

၎င်း၏ အော်ဟစ်မှုကြောင့် ဘေးအိမ်ရှိ လူများ ထွက်လာကြသဖြင့် အဆိုပါ သေနတ်သမား၂ ဦးက အိမ်အနောက်ဘက်သို့ ပြေးထွက်သွားကာ အမှောင်ထဲ ပျောက်သွားကြောင်း သိရသည်။

လုံးစိုင်းကြည်သိန်းသည် သေနတ်ဒဏ်ရာ ၆ ချက်နှင့် သွေးအိုင်ထဲ လှဲနေပြီး အိမ်နီးချင်းများ၏ အကူအညီဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ဓါတ်ခွဲခန်းအဖြေအရ ခြေထောက်နှစ်ဖက်လုံး ကျိုးသွားကြောင်း မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သေနတ်ဒဏ်ရာတွေက ပေါင်ရင်းနှစ်ဖက်လုံး၊ လက်၊ ဝမ်းဗိုက်နဲ့ ခြေသလုံးမှာ တွေ့ရတယ်၊ စုစုပေါင်း သေနတ်ကျည်ဆန်က ၆ ချက်ပါ၊ ဒီနေ့ မနက်ပိုင်း ဆရာဝန်ပြောပြချက်အရ ခြေထောက်နှစ်ဖက်စလုံး ကျိုးသွားပြီတဲ့” ဟု လုံးစိုင်းကြည်သိန်း၏ မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခတ်ခံရသည့်နေရာ ပန်ကေတု ကျေးရွာတွင် သျှမ်းတပ် (၂)တပ် တိုက်ပွဲဖြစ်ပွားသည့်နေရာဖြစ်သည်။

အဆိုပါ ပန်ကေတု အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရမှုသည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ လက်ချက်ဖြစ်ကြောင်း သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၏ သတင်းစာမျက်နှာဖြစ်သည့် SSPP Info တွင် ရေးသားဖော်ပြထားတာ တွေ့ရသည်။

RCSS/SSA ကလည်း ၎င်းဖြစ်စဥ်သည် SSPP/SSA မှ ၎င်းတို့ကို အပြစ်ပုံချ ပြောဆိုခြင်းသာဖြစ်ကြောင်းနှင့် ပစ်ခတ်မှုသည်လည်း SSPP/SSA ပါဝင်သည့် တပ်ပေါင်းစုတို့၏ လက်ချက်သာဖြစ်ကြောင်း ၎င်းတို့ လူမှုကွန်ရက် စာမျက်နှာဖြစ်သည့် Tai Freedom နှင့် Ngao Leng Hun Mai တို့တွင် ပြန်လည်ရေးသားတုန့်ပြန်ထားသည်ကို တွေ့ရသည်။

ယင်းဖြစ်စဥ်များနှင့် ပတ်သက်ပြီး သျှမ်းတပ် (၂)တပ်ကို ဆက်သွယ်မေးမြန်းရာ ပန်ကေတုအုပ်ချုပ်ရေးမှူး လုံးစိုင်းကြည်သိန်းကို SSPP/SSA အတွက် ဆန်ဝယ်ယူစုဆောင်းပေးနေသည်ဟု RCSS/SSA တို့မှ ထင်မှတ်ပြီး ပစ်ခတ်ခြင်းဖြစ်ကြောင်း SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ သိရသလောက်ဆိုရင် သူက (လုံးစိုင်းကြည်သိန်း) ဆန်အရောင်းအဝယ်လုပ်နေတာထင်တယ်၊ အဲ့တာကို RCSS တွေက လုံးစိုင်းကြည်သိန်းဟာ SSPP အတွက် ဆန်တွေဝယ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လာပစ်သွား တယ်ပေါ့၊ အဲ့ညမှာပဲ ကျနော်တို့ SSPP က သတ်လိုက်တာပါ ဆိုပြီးတော့ RCSS/SSA ဘက်က သတင်းလွှင့်တယ်” ဟု SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောသည်။

ထို့အတူပင် RCSS/SSA ၏ သတင်းစာမျက်နှာဖြစ်သည့် Ngao Leng Hun Mai စာမျက်နှာမှာလည်း “ပန်ကေတု အုပ်ချုပ်ရေးမှူးဖြစ်တဲ့ လုံးစိုင်းကြည်သိန်းကို တပ်ပေါင်းစု တပ်ဖွဲ့ဝင်တို့က နေအိမ်ထဲအထိ သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်သွားတယ်” ဟု သျှမ်းဘာသာဖြင့် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

ဖြစ်စဥ်အသေးစိတ်များအတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSSS/SSA ထံသို့ အကြိမ်ကြိမ် ကြိုးစားဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

လက်နက်ကိုင် ပဋိပက္ခပေါများသည့် သျှမ်းပြည်အတွင်းတွင် သျှမ်းပြည်သူများ မကြာခဏ သေနတ်ပစ်ခံရပြီး၊ ထိုသေနတ်ပစ်ခတ်မှုတွင်လည်း သျှမ်းတပ် (၂)တပ် အပြန်အလှန် ပြုလုပ်သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် အပြန်အလှန် စွပ်စွဲမှုပြုလုပ်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခဖြစ်ပွားသည့်နေရာ သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးများ မကြာခဏ ပစ်သတ်ခံရပြီး တစ်ကြိမ်တစ်ခါမျှ တရားခံ ဖမ်းဆီးရမိခြင်း၊ သေနတ်ဖြင့် ပစ်ခတ်သည့်အဖွဲ့ ကို ရှာဖွေဖော်ထုတ်ပေးနိုင်ခြင်း မရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

လားရှိုးမြို့ပေါ် ကားသမားတစ်ဉီး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂ ရက်) မနက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၃) တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...