မူဆယ်မြို့နယ်အတွင်း ရေခဲချောင်းရောင်း အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည် မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာအုပ်စု ကောင်းဝိန်းကျေးရွာအနီးတွင် ရေခဲချောင်းရောင်းချနေသည့် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။

သေနတ်ပစ်ခံရတဲ့ ရေခဲချောင်းသည်ရဲ့ ဆိုင်ကယ်

ယမန်နေ့ (စက်တင်ဘာလ ၃၀) ရက် မွန်းလွဲ ၂နာရီခွဲ တွင် သျှမ်းပြည် မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာ အုပ်စု မန်ဟောင်းကျေးရွာနှင့် ကောင်းဝိန်းကျေးရွာကြား ကောင်းဝိန်းကျေးရွာအနီး လမ်းမကြီးပေါ် တွင် အမည်မသိ လူတစ်စုမှ အ သက် ၄၀ ကျော်ဝန်းကျင် ရေခဲချောင်းရောင်းသည့် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ချောင်းမြောင်းပစ် ခတ်ခဲ့သည်။

ထို ပစ်ခတ်ခံရသည့် ဒဏ်ရာကြောင့် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း၊ ၎င်းရုပ်အလောင်းကို လူမူ့ကူညီရေးအသင်းမှ မူဆယ်မြို့ဘက်သို့ ကားဖြင့်ကူညီသယ်ဆောင်သွားကြောင်း နမ့်အွမ်ကျေးရွာအုပ်စုမှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

” ရေခဲ့ချောင်းသည် ပစ်ခတ်ခံရတာဟုတ်ပါတယ်။အဲ့ဒီ ရေခဲချောင်းသယ်က ဒီဘက်မှာ ရေခဲလာလာရောင်းနေ ကြပါ အရင်ကတည်းကပေါ့ မျက်နှာတော့ရင်းနှီးတယ်။ အမည်တော့မသိဘူး ၁၀၅ မိုင်ဘက်နေလာတာ ဒီနေ့ကြ တော့ ကောင်းဝိန်းရွာနားမှာ ပစ်ခံရတာ” ဟု ဒေသခံအမျိုးသားက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လနှောင်းပိုင်းမှ စတင်ပြီး ယနေ့အချိန်ထိ မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာအုပ်စု ၊ စယ်လန့် ကျေးရွာအုပ်စု ၊ ပန်ခမ်းကျေးရွာအုပ်စု တွင် စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ တို့ တိုက်ပွဲပြင်းထန်း စွာဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲကြား စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ တိုက်လေယာဥ်ဖြင့် TNLA တပ်စခန်းရှိရာ သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကာ TNLA တပ်စခန်းအချို့ ပျက်စီးခံခဲ့ရသည်။

လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာနေပြီး မကြာခဏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေ သေးကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...