Tuesday, January 27, 2026

မူဆယ်မြို့နယ်အတွင်း ရေခဲချောင်းရောင်း အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည် မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာအုပ်စု ကောင်းဝိန်းကျေးရွာအနီးတွင် ရေခဲချောင်းရောင်းချနေသည့် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။

သေနတ်ပစ်ခံရတဲ့ ရေခဲချောင်းသည်ရဲ့ ဆိုင်ကယ်

ယမန်နေ့ (စက်တင်ဘာလ ၃၀) ရက် မွန်းလွဲ ၂နာရီခွဲ တွင် သျှမ်းပြည် မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာ အုပ်စု မန်ဟောင်းကျေးရွာနှင့် ကောင်းဝိန်းကျေးရွာကြား ကောင်းဝိန်းကျေးရွာအနီး လမ်းမကြီးပေါ် တွင် အမည်မသိ လူတစ်စုမှ အ သက် ၄၀ ကျော်ဝန်းကျင် ရေခဲချောင်းရောင်းသည့် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ချောင်းမြောင်းပစ် ခတ်ခဲ့သည်။

ထို ပစ်ခတ်ခံရသည့် ဒဏ်ရာကြောင့် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း၊ ၎င်းရုပ်အလောင်းကို လူမူ့ကူညီရေးအသင်းမှ မူဆယ်မြို့ဘက်သို့ ကားဖြင့်ကူညီသယ်ဆောင်သွားကြောင်း နမ့်အွမ်ကျေးရွာအုပ်စုမှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

” ရေခဲ့ချောင်းသည် ပစ်ခတ်ခံရတာဟုတ်ပါတယ်။အဲ့ဒီ ရေခဲချောင်းသယ်က ဒီဘက်မှာ ရေခဲလာလာရောင်းနေ ကြပါ အရင်ကတည်းကပေါ့ မျက်နှာတော့ရင်းနှီးတယ်။ အမည်တော့မသိဘူး ၁၀၅ မိုင်ဘက်နေလာတာ ဒီနေ့ကြ တော့ ကောင်းဝိန်းရွာနားမှာ ပစ်ခံရတာ” ဟု ဒေသခံအမျိုးသားက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လနှောင်းပိုင်းမှ စတင်ပြီး ယနေ့အချိန်ထိ မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာအုပ်စု ၊ စယ်လန့် ကျေးရွာအုပ်စု ၊ ပန်ခမ်းကျေးရွာအုပ်စု တွင် စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ တို့ တိုက်ပွဲပြင်းထန်း စွာဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲကြား စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ တိုက်လေယာဥ်ဖြင့် TNLA တပ်စခန်းရှိရာ သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကာ TNLA တပ်စခန်းအချို့ ပျက်စီးခံခဲ့ရသည်။

လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာနေပြီး မကြာခဏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေ သေးကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...