ရွာငံမြို့နယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်မှ ရွာငံမြို့နှင့် နွားဘန်းကြီးကျေးရွာကြားရှိ ကော်ဖီစက်ရုံတွင်နေထိုင်သည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၂) ရက် ညနေ ၄ နာရီဝန်းကျင်တွင် ကော်ဖီစက်ရုံမှ အသက် ၆၃ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးကို အမည်မသိ လူနှစ်ဦးမှ သေနတ်ဖြင့် လာရောက်ပစ်သတ်သွားကြောင်း သိရသည်။

“ဆိုင်ကယ်နဲ့ လာတာပါ၊ အမျိုးသားနှစ်ယောက် မျက်နှာဖုံးကိုယ်စီနဲ့ လာပြီး သေနတ်နဲ့ပစ်သွားတယ်၊ တစ်ချက် တည်းပါပဲ၊ ပါးကနေ နောက်စေ့ဘက်ကို ကျည်ဆံက ဖောက်ထွက်သွားတယ်၊ နေရာတင် ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် အမျိုးသား၏ ရုပ်အလောင်းကို ရွာငံမြို့ရှိ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်သယ်ဆောင်ခဲ့ပြီး ရွာငံမြို့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ကို လူနာတင်ယာဥ်အကူအညီလိုအပ်တယ်ဆိုပြီး ဖုန်းဆက်ပြောလာတာက ညနေ ၄ နာရီခွဲလောက်ပါ၊ ကျနော်တို့ရောက်သွားတော့ သေဆုံးနေပါပြီ၊ ရင်ခွဲရုံကို ပို့ဆောင်ထားပါတယ်” ဟု ရွာငံမြို့ရှိ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ အသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ပစ်သတ်ခံရသူသည် စစ်တပ်သတင်းပေး ဒလန်ဟု နာမည်ထွက်နေသူဖြစ်ပြီး ရွာငံမြို့တွင်းမှ တရားခံ မသိ အသတ်ခံရသည့် ဖြစ်စဥ်များအနက်မှ သုံးယောက်မြောက်ဖြစ်ကြောင်း သိရသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံမြို့နယ်အတွင်းတွင် စစ်ကောင်စီတို့သည် ပြည်သူ့နေအိမ်များအား ဝင်မွှေခြင်း၊ ရွာသားအချို့အား ဖမ်းဆီးခြင်း၊ သေနတ်ပစ်ဖောက်ခြောက်လန့်ခြင်းများ ပြုလုပ်ခဲ့ပြီး ဒလန်ဟု နာမည်ထွက်နေသည့် ပြည်သူသုံးဦးလည်း အသတ်ခံခဲ့ရသည်။

လက်ရှိတွင် ရွာငံမြို့အတွင်းမှာ ဒလန်ဟု နာမည်ထွက်နေသူများသည် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် လည်းကောင်း၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင်လည်းကောင်း ယမန်နေ့ ဒီဇင်ဘာလ ၂၂ နေ့တွင် လည်းကောင်း အသတ်ခံရမှုများ ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ်အတွင်း လေပြင်းတိုက် နေအိမ်နှင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ အုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ (၆)ရက်နှင့် (၇)ရက်တွင် ရွာငံမြို့နယ်အတွင်း မိုးသီးကြွေကာ လေပြင်းတိုက်ခဲ့သောကြောင့် ဒေသခံစိုက်ခင်းများအပြင် နေအိမ် ငါးလုံးထက်မနည်း ပျက်စီးသွားသည့်အပြင် လျှပ်စစ်မီးများ ပြတ်တောက်သွားပြီး ယနေ့အထိ မီးမလာသေးကြောင်း သိရသည်။ “မိုးတွေအရမ်းရွာတယ်...

လားရှိုးမြို့ပေါ် ကားသမားတစ်ဉီး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂ ရက်) မနက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၃) တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက...

စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ ၃ ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၃)ဦး နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုမှ ဒေသခံ (၃)ဦးသည် ဆွေမျိုးအိမ်သို့ အလည်သွားရာမှ အပြန် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မတ်လ (၂၇)ရက်အထိ...

ရွာငံမြို့နယ် စစ်တပ်က တပ်စွဲထားပြီး ဒေသခံများကို ဖမ်းဆီးပြီး ပိုက်ဆံဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က တပ်စွဲထားပြီး ဒေသခံများကို ဖမ်းဆီးကာ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ(၈)ရက်တွင် ကျောက်ငှက်ကျေးရွာမှ အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ငါးဦးသည် ဆွေအမျိုးအိမ်သို့ အလည်သွားရာမှ အပြန် ကျောက်ငှက်ကျေးရွာနှင့် အုတ်တွင်းကျေးရွာ လမ်းတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီး ငွေကျပ်သိန်း(၅၀)ဖြင့် ပြန်ရွေးခိုင်းခဲ့ကြောင်း...

သီလရှင်များ လိုက်ပါလာသည့်ယာဉ် ရွာငံမြို့နယ်အတွင်း တိမ်မှောက် ဒဏ်ရာအများအပြားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် စခန်းကြီးကျေးရွာ လမ်းတွင် သီလရှင်များ လိုက်ပါလာသည့် ကားတိမ်းမှောက်ပြီး သီလရှင် (၁၀)ပါးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ တွင် တောင်ကြီးမြို့နယ် ၊ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်မှ သီလရှင်များသည် စစ်ကိုင်းမြို့သို့ သွားစဉ် ရွာငံမြို့နယ် စခန်းကြီးကျေးရွာ လမ်းတွင် ဘရိတ်ပေါက်တာ...