Monday, May 6, 2024

လောက်ကိုင်မြို့

လောက်ကိုင်မြို့တွင်း တိုက်ပွဲဖြစ်မည့် သတင်းကြောင့် ကားများ အလုအယက်ငှားရမ်းနေ

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားမည့် သတင်းကြောင့် (Laukkai City) အနီးရှိ ကားကွင်းမှ လိုင်းကားများ အလုအယက် ငှားရမ်းပြီး ကားမလုံလောက်မှု ဖြစ်နေကြောင်း သတင်းသိရ သည်။ ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် လောက်ကိုင်မြို့တွင်း တိုက်ပွဲပြင်းထန်လာနိုင်မည့် သတင်းကြောင့် လောက်ကိုင် ရောက် အလုပ်သမားများက...

လောက်ကိုင် အမျိုးသမီးတစ်ဦးကို သတ်ခဲ့သည့် အမျိုးသားနှစ်ဦး ဖမ်းဆီးရမိ

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ရှိ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်သည့် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့သည့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်တွင် လောက်ကိုင်မြို့ ရွှေတြိဂံနယ်မြေအနီးရှိ ကုမ္ပဏီ တစ်ခုတွင် အလုပ် လုပ်သည့် အမျိုးသမီး တစ်ဦးသည် လုပ်ဖော်ကိုင်ဖက် အမျိုးသားနှစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံရကြောင်း...

လောက်ကိုင်မြို့ထဲ တိုက်ပွဲဖြစ်ပွားလာမည်ကို ပြည်သူများ စိုးရိမ်နေ

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ထဲ တိုက်ပွဲပြင်းထန်လာနိုင်မည်ဆိုသည့် သတင်းကြောင့် ဒေသခံ ပြည်သူများက စိုးရိမ်မှု မြင့်တက်နေကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ နှင့် ၂၉ နှစ်ရက်တာအတွင်း ချင်းရွှေဟော်ဒေသ နမ့်ဖာတောင်ဒေသတွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှာ...

လောက်ကိုင်မြို့ ပြည်သူ့စစ်တပ်ဖွဲ့က ဒေသခံဆိုင်ခန်းများကို အဓမ္မသိမ်းဆည်း

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ ရပ်ကွက် (၂) ရှိ ပြည်သူဆိုင်ခန်းများကို ပြည်သူ့စစ်တပ်ဖွဲ့က လူအင်အား အများအပြားဖြင့် လာရောက်ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် သြဂုတ် ၂၉ ရက်၊ မနက် (၇) နာရီ အချိန်တွင် ပြည်သူ့စစ်တပ်ဖွဲ့က ပြည်သူဆိုင်ခန်း (၂) ခန်းကို လူအင်အား...

လောက်ကိုင်မြို့ ကလပ်တခု ရဲနှင့် စစ်သားပါ ရန်ပွဲ မှ သေနတ်ပစ်ခတ်၊ သေဆုံးသူရှိ

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ရှိ နိုက်ကလပ် တစ်ခုတွင် ရဲ နှင့် စစ်သားပါဝင်သော ရန်ပွဲတစ်ခုဖြစ်ပွားပြီး သေနတ်ပစ်ခတ်မှုထိ ဖြစ်ပွားခဲ့ကာ ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း သတင်းသိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် လောက်ကိုင်မြို့ ဆင်ဖြူအဝိုင်းနား၊ မြင်ကြွယ်ဟိုတယ် အရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲတစ်ဦး...

ယာဉ်ထိန်းရဲ အချင်းချင်းခိုက်ရန် ဖြစ်ပွားပြီး ရန်ပွဲကို ဝင်တားသည့်ရဲ ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာ ရန်ပွဲကို ဝင်တားသည့်ရဲ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာ ၅) ရက် ည ၁၀ နာရီဝန်းကျင်အချိန်တွင် လောက်ကိုင်မြို့ရှိယာဉ်ထိန်းရဲ ရုံးစခန်းအတွင်းတွင် ယာဉ်ထိန်းရဲအချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ရန်ပွဲကို ဝင်ရောက်...

လောက်ကိုင်မြို့ တစ်လကျော်အတွင်း ကိုဗစ် – ၁၉ လူနာ ၃၀၀၀ ကျော်ရှိ

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့တွင် တစ်လကျော်ကာလအတွင်း ကိုဗစ် -၁၉ ကူးစက်ရော တတိယလှိုင်း ကူးစက်ခံရသူ အတည်ပြုလူနာ ၃၀၀၀ ကျော်ရှိလာပြီး ကိုဗစ် -၁၉ ကြောင့် သေဆုံးရသူ ၈ ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်မှ ယမန်နေ့ ဇူလိုင်လ ၂၇...

မြန်မာရဲ ယောင်ဆောင်ပြီး ခိုးဝင်လာသည့် တရုတ်နိုင်ငံသား ၅ ဦး လောက်ကိုင်မြို့တွင်ဖမ်းဆီးရမိ

သျှမ်းပြည် မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်တွင် မြန်မာရဲ  ယောင်ဆောင်ပြီး ခိုးဝင်လာသည့် တရုတ် နိုင်ငံသား ၅ ဦး ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။   အောက်တိုဘာ ၁၅ ရက် ညနေပိုင်းတွင် လောက်ကိုင်မြို့ ရွှေဆင်နယ်မြေ အတွင်းသို့ အဆိုပါ တရုတ်နိုင်ငံသား ၅...

Latest news