လောက်ကိုင်မြို့ ပြည်သူ့စစ်တပ်ဖွဲ့က ဒေသခံဆိုင်ခန်းများကို အဓမ္မသိမ်းဆည်း

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ ရပ်ကွက် (၂) ရှိ ပြည်သူဆိုင်ခန်းများကို ပြည်သူ့စစ်တပ်ဖွဲ့က လူအင်အား အများအပြားဖြင့် လာရောက်ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် သြဂုတ် ၂၉ ရက်၊ မနက် (၇) နာရီ အချိန်တွင် ပြည်သူ့စစ်တပ်ဖွဲ့က ပြည်သူဆိုင်ခန်း (၂) ခန်းကို လူအင်အား အများအပြား နှင့် ဘတ်ဖိုးကားတစ်စီးဖြင့် ဆိုင်ခန်းများကို အဓမ္မသိမ်းယူပြီး ဖြိုဖျက်ခဲ့ကြောင်း ဆိုင်ခန်းနီးစပ်သူ တစ်ဦးထံမှ သိရသည်။

“ခင်မောင်လွန် ဦးဆောင်တဲ့ ပြည်သူ့စစ်က ဆိုင်ခန်းများကို (၃) ရက်အတွင်း ဖယ်ရှားခိုင်းဖို့ လာပြောတယ်။ သြဂုတ် ၃၀ ရက်ရောက်တော့ လူအင်အား ၃၀ နဲ့ ဘတ်ဖိုးကား တစ်စီးပါလာတယ်။ ဆိုင်ခန်းထဲက ပစ္စည်းတွေ အကုန်ထုတ်တယ်။ ဆိုင်ပိုင်ရှင်တွေက ရွာသားတွေကို ခေါ်ပြီးတားကြတယ်။ အဲ့ဒါနဲ့ သူတို့က လူအင်အား ထပ်ခေါ်လာတယ်။ လူအင်အား (၁၀၀) လောက်ရှိတယ် ဆိုင်ခန်းတွေကို လာဖျက်ဆီးသွားတာ“ ဟု ၎င်းနီးစပ်သူ တစ်ဦးကပြောသည်။

ပြည်သူ့စစ်ခေါင်းဆောင် ခင်မောင်လွင်

အဆိုပါ ဆိုင်ခန်းများသည် ဆိုင်ခန်းပေါင်း (၅) ခန်းရှိပြီး အကျယ်အဝန်းမှာ (၁၄) ပေ နှင့် အလျား (အရှည်) မှာ (၇၀) ပေ ကျော်ရှိကြောင်း ထိုထဲမှ ဆိုင်ခန်း (၂) ခန်းမှာ ခင်မောင်လွန် ဦးဆောင်သော ပြည်သူ့စစ်က ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ခင်မောင်လွန် ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့က ၎င်းဆိုင်ခန်း ဧရိယာနေရာတွင် ဒေသဖွံ့ဖြိုးရေး ဆောက်လုပ်ရန် ဆိုင်ခန်းများကို လာရောက်ဖြိုဖျက်ကြောင်း သိရသည်။

“ဒေသဖွံ့ဖြိုးရေး ဆောက်လုပ်မယ်ဆိုတာက အမည်ခံထားတာ။ သူတို့က လူငှားနေဖို့ အဆောက်အအုံလုပ်ချင်တယ်။ လောင်းကစားရုံလုပ်ချင်တယ်။ အဲ့ကြောင့် ပြည်သူပိုင်တဲ့နယ်မြေကို အဓမ္မလာသိမ်းသွားတာ“ ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ၂၀၁၄ ခုနှစ်တွင် ၎င်းပြည်သူ့စစ်တပ်ဖွဲ့က ဆိုင်ခန်းပိုင်ရှင်များကို ခေါ်ယူပြီး ဆိုင်ခန်းများ ရောင်းပေးရန်အတွက် ဖိအားပေးခဲ့ကြောင်း အမည်မဖော်လိုသူ ဆိုင်ပိုင်ရှင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဆိုင်ခန်းတွေက ကျမတို့တရားဝင် အဖြစ်ရထားပါတယ်။ ၂၀၁၄ ခုနှစ် ပထမတစ်ခေါက်တုန်းကလည်း ကျမတို့အပါအဝင် ဆိုင်ပိုင်ရှင်အားလုံးကို အစည်းအဝေး ခေါ်ဖူးတယ်။ ဒီဆိုင်ခန်းဧရိယာ အားလုံးကို ရောင်းပေးဖို့ ဖိအားပေးတယ်။ တရုတ်ယွမ်ငွေ (၃,၀၀၀) ယွမ်ကိုလည်း ပေးခဲ့တယ်။ ကျမတို့လည်း သဘောမတူဘူးလို့ ပြောပေမယ့်မရဘူး “ ဟု ၎င်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ထို့အပြင် (၂၀၁၆) ခုနှစ်တွင် ခင်မောင်လွန် ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့က ၎င်းဆိုင်ခန်းပိုင်ရှင်များကို အကြောင်းကြားထားမှုမရှိဘဲ တရားဝင်အဖြစ် ဝယ်ထားခဲ့ကြောင်း ၎င်းဆိုင်ပိုင်တစ်ဦးက ထပ်လောင်းပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...