Wednesday, January 28, 2026

လောက်ကိုင်မြို့ တစ်လကျော်အတွင်း ကိုဗစ် – ၁၉ လူနာ ၃၀၀၀ ကျော်ရှိ

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့တွင် တစ်လကျော်ကာလအတွင်း ကိုဗစ် -၁၉ ကူးစက်ရော တတိယလှိုင်း ကူးစက်ခံရသူ အတည်ပြုလူနာ ၃၀၀၀ ကျော်ရှိလာပြီး ကိုဗစ် -၁၉ ကြောင့် သေဆုံးရသူ ၈ ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်မှ ယမန်နေ့ ဇူလိုင်လ ၂၇ ရက်နေ့အထိ တစ်လကျော် ကာအတွင်းပိုးတွေ့လူနာ ၃၀၀၀ ကျော်အနက် ရောဂါသက်သာလာသူ ၁,၇၂၁ ဦး ရှိနေကြောင်း လည်းသိရသည်။

“ဟုတ်ပါတယ်၊ အခုကိုဗစ် ပိုးတွေ့လူနာက ၃၀၀၀ ကျော်ရှိလာပြီ ဖြစ်ပါတယ်၊ ကိုဗစ်ထိန်းချုပ်ရေး ကော်မတီက ထုတ်ပြန်ချက်အရဆိုရင် ချင်းရွှေဟော်က ၁၅၄ ဦးနဲ့ လောက်ကိုင် ၂၉၀၃ ဦးကို ပေါင်း လိုက်တော့ ၃၀၀၀ ကျော်သွားလေ”ဟု ဒေသခံ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြော သည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့မှာ ကိုဗစ် -၁၉ တတိယလိုင်း အတည်ပြုပိုးတွေ့လူနာ စတင်တွေ့ရှိသည့် လောက်ကိုင်မြို့ကို ဇွန်လ ၂၇ ရက်က Stay at Home မြို့အဖြစ် စစ်ကောင်စီလက်အောက်ခံ ကျန်းမာ ရေး နဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လောက်ကိုင်မြို့တွင်းတွင် လူဦးရေ (၁,၂၀၀) ဆံ့ Quarantine Centre ကြီးတစ်ခုကို ဆောက်လုပ်ထား သည့်အပြင် နေ့စဉ် လူနှစ်ထောင်ကျော်ကို စစ်ဆေးနိုင်သည့် PCR စက် ၄ လုံးလည်း တပ်ဆင်ထားပြီး လူနာများကို လက်ခံ ကုသပေးနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လောက်ကိုင် MNDAA က ရာဇဝတ်မှုကျူးလွန်သူ ၂၁ ဦးကို လူအများရှေ့ သေဒဏ်အပါအဝင် ပြစ်ဒဏ်စီရင်ချက်ချ

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ရာဇဝတ်မှုကျူးလွန်သူ (၂၁) ဦးကို လူအများရှေ့တွင် ပြစ်ဒဏ်စီရင်ခဲ့ပြီး (၇) ဦးကို သေဒဏ်ချမှတ်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၅ ရက်) နံနက် ၈ နာရီမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့်...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

လောက်ကိုင်မြို့ရှိ စေတီပုထိုးကို MNDAA တပ်ဖွဲ့မှ ဖျက်ဆီးနေသည်ဟု သတင်းပျံ့

0
သျှမ်းပြည် လောက်ကိုင်မြို့ရှိ တောင်ကုန်းပေါ်မှ စေတီပုထိုးကို ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဖွဲ့မှ ဖျက်စီးနေကြောင်း ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာ ဗီဒီယိုရုပ်သံအတူ ပျံ့နှံ့နေသည်။  ပြီးခဲ့သည့် (ဇန်နဝါရီလ ၄ ရက်)တွင် လောက်ကိုင်မြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ပြန်လည်ထိန်းချုပ် နိုင်ပြီဟု ကြေညာလိုက်ပြီးနောက် ယင်းမြို့၏မြောက်ဘက်အရပ်ရှိ ပွိုင့် ၂၂၀၂...

လောက်ကိုင်မြို့တွင်း ပိတ်မိနေသူများ မြို့ကို ဆက်လက်စွန့်ခွာ

0
ကိုးကန့်ဒေသ လောက်ကိုင်မြို့အနီး တိုက်ပွဲများကြောင့် မြို့တွင်း ပိတ်မိနေသည့် ဒေသခံများနှင့် ရွှေ့ပြောင်းလုပ်သားများကို MNDAA ဘက်မှ လမ်းဖွင့်ကာ ကယ်ထုတ်ပေးနေကြောင်း ကိုးကန့်တပ်မတော် (MNDAA) ၏ ထုတ်ပြန်ချက်အရ သိရသည်။ နိုဝင်ဘာလ ၂၆ရက် မနက် ၆နာရီကတည်းမှ စ၍ လောက်ကိုင်မြို့မှ ထွက်လာသူများကို ပါစင်ကျော်ကျေးရွာမှတစ်ဆင့် ချင်းရွှေဟော်-နမ့်တစ်လမ်းအတိုင်း...

လောက်ကိုင်မြို့တွင် လက်နက်ကြီးကြောင့် ပြည်သူနေအိမ် ၄၀ ကျော် ထိခိုက်ပျက်စီး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူနေအိမ် ၄၀ ကျော် ထိခိုက်ပျက်စီးကြောင်း စုံစမ်းသိရသည်။ လောက်ကိုင်မြို့အထွက် ပါစင်ကျော်ကျေးရွာအနီးတွင် နိုဝင်ဘာ တတိယပတ်မှစ၍ စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနေအိမ်...