လောက်ကိုင်မြို့ထဲ တိုက်ပွဲဖြစ်ပွားလာမည်ကို ပြည်သူများ စိုးရိမ်နေ

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ထဲ တိုက်ပွဲပြင်းထန်လာနိုင်မည်ဆိုသည့် သတင်းကြောင့် ဒေသခံ ပြည်သူများက စိုးရိမ်မှု မြင့်တက်နေကြောင်း စုံစမ်း သိရှိရသည်။

MNDAA

ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ နှင့် ၂၉ နှစ်ရက်တာအတွင်း ချင်းရွှေဟော်ဒေသ နမ့်ဖာတောင်ဒေသတွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှာ ၁၀ ဦးထက်မနည်း ဒီဇင်ဘာ ၁ ရက် နေ့စွဲဖြင့် The KoKang မှ ထုတ်ပြန်ထားသည်။

ထိုသို့ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် လောက်ကိုင်မြို့အတွင်းရှိ ပြည်သူများက မြို့အတွင်း တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေလျက်ရှိကြောင်း သိရသည်။

“ဟုတ်ပါတယ်။ တိုက်ပွဲတွေ ဘာတွေ ဖြစ်လာမယ်လို့ အဲ့လိုတွေ သတင်းကြားနေရတယ်။ ဒေသတွင်း ပြည်သူတစ်ချို့ကတော့ စိုးရိမ်နေကြတာ။ ဒီနေ့ထိတော့ သွားလာမှုကတော့ ပုံမှန်ရှိနေပါသေးတယ်” ဟု လောက်ကိုင်မြို့ ဒေသခံအမျိုးသားက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း သီပေါ၊ မူဆယ်၊ ကျောက်မဲ စသည့် ဒေသခံများ နှင့် မြန်မာပြည်မ ပြည်သူတချို့က တရုတ်နိုင်ငံတွင်း ကိုဗစ်ကြောင့် နယ်စပ်ဂိတ် ဖြတ်ကျော်မှု ပိတ်ထားသည့်အတွက်ကြောင့် လောက်ကိုင်မြို့နယ်ထဲသို့ အလုပ်သွားလုပ်ကြသည်။

ထိုလောက်ကိုင်မြို့ထဲ တိုက်ပွဲဖြစ်ပွားလာနိုင်သည့် သတင်းကြောင့် တချို့ ပြည်သူများက နေရပ်ကို ကြိုတင်တိမ်းရှောင်ထွက်ပြေး နေလျက်ရှိကြောင်း သိရသည်။

“တစ်ချို့ကလည်း ကိုယ့်နေရပ်ကို ပြန်သွားကြတာရှိတယ်။ သတင်းကလည်း မြို့ထဲမှာ အရမ်းကို ပြန့်နေပြီလေ။ အခြေနေတော့ သိပ်မကောင်းဘူး။ တိုက်ပွဲတွေ ဖြစ်မယ်လို့ ကြားတယ်” ဟု လောက်ကိုင်မြို့ရောက် ကျောက်မဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ MNDAA နှင့် စစ်ကောင်စီ တို့တိုက်ပွဲဖြစ်ပွားနေသော တိုက်ပွဲသည် တရုတ် – မြန်မာ နယ်စပ်ဂိတ်ရှိသည့် ချင်းရွှေဟော်မြို့အနီးတွင် ဖြစ်ပွားကြောင်း သိရသည်။

ထိုတိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်ကောင်စီ တပ်သားအလောင်းများကိုလည်း MNDAA ဘက်မှ မြေမြှုပ်ပေးလိုက်ရကြောင်း တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

MNDAA ၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည်ညီနောင် မဟာမိတ်တပ်ဖွဲ့များဖြစ်ကြပြီး လက်ရှိမှာ AA သည် စစ်ကောင်စီ နှင့် အပစ်ရပ်ထားသည့် အဖွဲ့ဖြစ်သည်။

လတ်တလောမှာလည်း TNLA သည် စစ်ကောင်စီ နှင့် အပစ်ရပ်ရန် ဆွေးနွေးရန် အပြန်အလှန် ကမ်းလှမ်းမှုများရှိနေသည်။

လက်ရှိ MNDAA နှင့် စစ်ကောင်စီ တို့ တိုက်ပွဲပြင်းထန်မှုသည် စစ်ကောင်စီ နှင့်တွေ့ဆုံဆွေးနွေးပါက အားကောင်းရန်ဖြစ်ကြောင်း လည်း သျှမ်းနိုင်ငံရေး လေ့လာသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အခု တိုက်ပွဲ ပြင်းထန်တာဟာလည်း စစ်ကောင်စီ နဲ့ တွေ့ဆုံရန် ဆွေးနွေးမှု အားကောင်းအောင်လုပ်တဲ့သဘောပါပဲ။ MNDAA နဲ့ စစ်ကောင်စီ တွေ့ဖို့ စရဖ ကနေပြီး ချိတ်နေတာကြားတယ်” သျှမ်းနိုင်ငံရေး လေ့လာသူတစ်ဦးက ပြောပါတယ်။

ထိုသို့ တိုက်ပွဲ ပြင်းထန်မှု ပြုလုပ်နေပြီး အပစ်ခတ်ရပ်စဲရေးအတွက် ဆွေးနွေးခြင်းသည် လက်ရှိ နွေဦးတော်လှန်ရေးအတွက် အာဏာရှင်ကို တိုက်ထုတ်ရန်အတွက် အားနည်းချက် ဖြစ်လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဒီ နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီကို တော်လှန်ဖို့ တိုက်ခိုက်နေတဲ့အဖွဲ့လည်းရှိတယ်။ ကြားနေတဲ့ အဖွဲ့လည်းရှိတယ်။ အခုကာလ ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီကို လုံခြုံရေးတပ်က ပြန်လည်ထိုးစစ်ဆင်ဖို့ လုပ်နေတဲ့ချိန်မှာ မတူတဲ့သဘောထားမှုနဲ့ဆို အပစ်ခတ်ရပ်စဲ တာဟာ နွေဦးတော်လှန်ရေးအတွက် အာဏာရှင်ကို ဖျက်သိမ်းဖို့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ပြန်ထွက်ဖို့ အားနည်းချက်တွေ ဖြစ်ပြီး၊ တိုက်ပွဲ အရှိန် ကျဆင်းသွားနိုင်တယ်” ဟု ၎င်းက ပြောသည်။

လောက်ကိုင်မြို့နယ်ထဲတွင် လောင်းကစားဝိုင်း အများပြားရှိပြီး ရွှေ့ပြောင်းအလုပ်သမားများကလည်း လောင်းကစားဝိုင်းများ နှင့် အွန်လိုင်းဂိမ်း၊ ဘာသာပြန် အလုပ်အကိုင်များ သွားလုပ်ကိုင်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...