Tuesday, January 27, 2026

ယာဉ်ထိန်းရဲ အချင်းချင်းခိုက်ရန် ဖြစ်ပွားပြီး ရန်ပွဲကို ဝင်တားသည့်ရဲ ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာ ရန်ပွဲကို ဝင်တားသည့်ရဲ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာ ၅) ရက် ည ၁၀ နာရီဝန်းကျင်အချိန်တွင် လောက်ကိုင်မြို့ရှိယာဉ်ထိန်းရဲ ရုံးစခန်းအတွင်းတွင် ယာဉ်ထိန်းရဲအချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ရန်ပွဲကို ဝင်ရောက် တားမြစ်သည့် ရဲတပ် သားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကာ သေဆုံးသွားကြောင်း လောက်ကိုင်မြို့မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က မူးနေကြတာ ထင်တယ်၊ စခန်းအတွင်းမှာ တစ်ယောက်နဲ့ တစ်ယောက် အော်ဟစ်ကြိမ်း မောင်းပြီး တော့ သတ်ပုတ်ကြသေးတယ်၊ ပြီးတော့ ခုသေသွားတဲ့ တစ်ယောက်က ဝင်တားတာ ၊ ကုလားကြီးလို့ ခေါ်တဲ့ ရဲက သူ့ခါးက သေနတ်နဲ့ ပစ်လိုက်တာ တစ်ချက်တည်းပဲ ၊ သူကလည်း ပွဲချင်းပြီး သေသွားတယ်” စခန်းနှင့် နီးစပ်သူ လောက်ကိုင်မြို့ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အခု သေဆုံးသွားသူသည် အသက် ၄၀ အရွယ်ရှိ လောက်ကိုင်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဦးလှမင်းအောင် ဆိုသူ ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အရှေ့ပိုင်းက လောက်ကိုင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတစ်ခုတွင် လည်း ဦးလှမင်းအောင်က သေနတ်ပစ်ခံခဲ့ရဖူးကြောင်း ၎င်း၏ မိတ်ဆွေဖြစ်သူ ရဲတပ်ဖွဲ့ဝင် တစ်ဦးက လည်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြထားကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

“သူ့ (ဦးလှမင်းအောင်) သူငယ်ချင်းက Facebook မှာ ရေးတင်ထားပုံအရဆိုရင် ဦးလှမင်းအောင်က ပြီးခဲ့တဲ့ ၂၀၁၈ မှာလည်း သေနတ်ပစ်ခံရဖူးတယ်တဲ့၊ ပြီးတော့ ဦးလှမင်းအောင်ကို သေနတ်နဲ့ မသေနိုင်တော့ဘူးလို့ တောင် ပြောကြတယ်တဲ့” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြန်လည်ပြောပြထားပါသည်။

စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲ အချင်းချင်း ခိုက်ရန်ဖြစ်ပွားသည့် ရန်ပွဲကို ဝင်တားပြီး သေဆုံး သွားရသည့် ဦးလှမင်းအောင်၏ ရုပ်အလောင်းကို လောက်ကိုင်မြို့ အခြေစိုက် ဂရုဏာဟဒယ လူမှုကူညီရေး အသင်းက သယ်ဆောင်ကာ သုဿန်တွင် မီးရှို့သင်္ဂြိလ်ပေးခဲ့ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးတွင် လိုင်စင်မဲ့ကားများကို နေအိမ်၊ ဘုန်းကြီးကျောင်းထဲအထိ ဝင်ရောက်ဖမ်းဆီးနေ

0
သျှမ်းပြည် တောင်ကြီးမြို့တွင် လိုင်စင်မဲ့ မော်တော်ကားနှင့် ဆိုင်ကယ်များကို နေအိမ်၊ ဘုန်းကြီးကျောင်းထဲအထိ ဝင်ရောက်ဖမ်းဆီးနေသောကြောင့် သွားရေးလာရေးအတွက် အဆင်မပြေ ဖြစ်နေကြရသည်ဟု စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇွန်လ ၁ ရက်)တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲများက တောင်ကြီးမြို့ လမ်းဆုံ၊ ရပ်ကွက်လမ်းများတွင် လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်များကို...

လောက်ကိုင် MNDAA က ရာဇဝတ်မှုကျူးလွန်သူ ၂၁ ဦးကို လူအများရှေ့ သေဒဏ်အပါအဝင် ပြစ်ဒဏ်စီရင်ချက်ချ

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ရာဇဝတ်မှုကျူးလွန်သူ (၂၁) ဦးကို လူအများရှေ့တွင် ပြစ်ဒဏ်စီရင်ခဲ့ပြီး (၇) ဦးကို သေဒဏ်ချမှတ်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၅ ရက်) နံနက် ၈ နာရီမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့်...

လောက်ကိုင်မြို့ရှိ စေတီပုထိုးကို MNDAA တပ်ဖွဲ့မှ ဖျက်ဆီးနေသည်ဟု သတင်းပျံ့

0
သျှမ်းပြည် လောက်ကိုင်မြို့ရှိ တောင်ကုန်းပေါ်မှ စေတီပုထိုးကို ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဖွဲ့မှ ဖျက်စီးနေကြောင်း ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာ ဗီဒီယိုရုပ်သံအတူ ပျံ့နှံ့နေသည်။  ပြီးခဲ့သည့် (ဇန်နဝါရီလ ၄ ရက်)တွင် လောက်ကိုင်မြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ပြန်လည်ထိန်းချုပ် နိုင်ပြီဟု ကြေညာလိုက်ပြီးနောက် ယင်းမြို့၏မြောက်ဘက်အရပ်ရှိ ပွိုင့် ၂၂၀၂...

လောက်ကိုင်မြို့တွင်း ပိတ်မိနေသူများ မြို့ကို ဆက်လက်စွန့်ခွာ

0
ကိုးကန့်ဒေသ လောက်ကိုင်မြို့အနီး တိုက်ပွဲများကြောင့် မြို့တွင်း ပိတ်မိနေသည့် ဒေသခံများနှင့် ရွှေ့ပြောင်းလုပ်သားများကို MNDAA ဘက်မှ လမ်းဖွင့်ကာ ကယ်ထုတ်ပေးနေကြောင်း ကိုးကန့်တပ်မတော် (MNDAA) ၏ ထုတ်ပြန်ချက်အရ သိရသည်။ နိုဝင်ဘာလ ၂၆ရက် မနက် ၆နာရီကတည်းမှ စ၍ လောက်ကိုင်မြို့မှ ထွက်လာသူများကို ပါစင်ကျော်ကျေးရွာမှတစ်ဆင့် ချင်းရွှေဟော်-နမ့်တစ်လမ်းအတိုင်း...

လောက်ကိုင်မြို့တွင် လက်နက်ကြီးကြောင့် ပြည်သူနေအိမ် ၄၀ ကျော် ထိခိုက်ပျက်စီး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူနေအိမ် ၄၀ ကျော် ထိခိုက်ပျက်စီးကြောင်း စုံစမ်းသိရသည်။ လောက်ကိုင်မြို့အထွက် ပါစင်ကျော်ကျေးရွာအနီးတွင် နိုဝင်ဘာ တတိယပတ်မှစ၍ စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနေအိမ်...