လေကြောင်းဗုံးကြဲ
သီပေါမြို့ စစ်ကောင်စီ လေကြောင်း အပြင်းအထန် ဗုံးကြဲတိုက်ခိုက်၊ ပိတ်မိပြည်သူများ ဗုံးဆံထိမှန်သေဆုံး
သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်အတွင်း ပိတ်မိနေသည့် အရပ်သားပြည်သူများ ဗုံးဆံထိမှန် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၁၅ ရက်)တွင် သီပေါမြို့ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-(၂၃) ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
စစ်ကောင်စီတပ်မှ TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်ကို ထပ်မံဗုံးကြဲတိုက်ခိုက်
SHAN -
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ်သို့ စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (ဩဂုတ်လ ၁၆)ရက် နံနက် ၁နာရီဝန်းကျင်တွင် စစ်ကောင်စီမှ နမ့်ဆန်မြို့နယ်အတွင်းသို့ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ လက်ဖက်စက်ရုံဘက်သို့ ဗုံးကြဲသွားကာ လူထိခိုက်မှုမရှိကြောင်း နမ့်ဆန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ‘’မနေ့ည ၁နာရီဝန်းကျင်အချိန်မှာ စစ်တပ်က ဗုံးလာကြဲသွားတယ်...
နောင်ချို စစ်ကောင်စီ အင်အားမဖြည့်နိုင်ရန် TNLA ပူးပေါင်းတပ် လမ်းဖြတ်တောက်၊ ယာယီဈေး လေကြောင်းဗုံးကြဲခံရ
သျှမ်းပြည် နောင်ချိုမြို့နယ် အင်းဝိုင်းရှိ ဆင်းရွှေလီသကြားစက် အဝင်လမ်းကို စစ်ကောင်စီတပ် အင်အားမဖြည့်နိုင်ရန် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဖြတ်တောက်လိုက်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက် ညအချိန်တွင် နောင်ချိုမြို့နယ် အင်းဝိုင်းရှိ ဆင်းရွှေလီသကြားစက် အဝင်လမ်း နမ့်ဆိုင်ချောင်းကူးတံတား...
နောင်ချိုမြို့နယ် နောင်လင်ကျေးရွာဘက် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ၊ အရပ်သား (၃) ဦး ဒဏ်ရာရ
SHAN -
သျှမ်းပြည် နောင်ချိုမြို့နယ် နောင်လင်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၃)ဦး ဗုံးဆံထိမှန်ပြီး ဒဏ်ရာရခဲ့သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ် ၁၃ ရက်) နံနက် ၂ နာရီခန့်မှ စတင်၍ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF...
သီပေါတိုက်ပွဲ ၃ ရက်တွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ အရပ်သား ၂၀ ဦးနီးပါး သေဆုံး
သျှမ်းပြည် သီပေါမြို့အခြေစိုက် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဘက်တိုက်ပွဲအတွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၂၀ ကျော် ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၁၀ ရက်မှ စတင်ပြီး သီပေါမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၂၃)၊...
၈ လေးလုံးနေ့ စစ်ကောင်စီ လေကြောင်း ပစ်မည်ဆိုသည့် သတင်းကြောင့် သိန္နီပြည်သူထပ်မံရှောင်နေရ
SHAN -
၈ လေးလုံးနေ့ တွင် စစ်ကောင်စီ က လေကြောင်းဖြင့် တိုက်ခိုက်မည်ဆိုသည့် သတင်းကြောင့် သိန္နီမြို့နယ် အတွင်းနေထိုင်သည့် ပြည်သူများကို ကိုးကန့်တပ်ဖွဲ့ (MNDAA)က ရှောင်ခိုင်းထားကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီက တိုက်ပွဲ မဖြစ်ပွားသည့် နေရာများတွင်လည်း အကြောင်းမဲ့ လေကြောင်းတိုက်ခိုက် လုပ်ဆောင်ခဲ့ခြင်းကြောင့် ၈ လေးလုံးနေ့ မတိုင်မီ...
“စစ်ကောင်စီ လေကြောင်းဗုံးကြဲ ရပ်တန့်ရေး တရုတ် က တားမြစ်နိုင်မှာလား”
သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းပစ်ခတ် တိုက်ခိုက်နေခြင်းအပေါ် တရုတ်နိုင်ငံမှ တားဆီးဟန့်တားပေးရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့ (ဩဂုတ်လ ၆ ရက်) တွင် တောင်းဆိုလိုက်သည်။ တိုင်းရင်းသား မိဘပြည်သူများကို သတ်ဖြတ်နေသော စစ်ကောင်စီတပ်၏ စစ်ရာဇဝတ် ကျူးလွန်နေမှုများကို...
ကွတ်ခိုင်မြို့ကို စစ်ကောင်စီ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ထပ်မံကြဲ
SHAN -
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်တွင် ယနေ့ (ဩဂုတ် ၇) ရက် ညနေပိုင်း ၂နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ ပေါင် ၅၀၀ ဗုံး၂ လုံးထပ်မံလာကြဲသွားပြီး လူထိခိုက်မှုမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (သြဂုတ် ၇)ရက် နေ့လည် ၂နာရီဝန်းကျင်တွင် စစ်ကောင်စီလေကြောင်းဖြင့် ပေါင် ၅၀၀ဗုံး ၂လုံးကို...
သီပေါမြို့နယ် စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲ ၂ ဦးသေ ၁ ဦးဒဏ်ရာရ
သျှမ်းပြည် သီပေါမြို့နယ်တွင် စစ်ကောင်စီမှ လေကြောင့်ဖြင့် ဗုံးကြဲချပြီး နှစ်ဦး သေဆုံးကာ၊ တစ်ဦး ဒဏ်ရာ ပြင်းထန်းခဲ့ကြောင်း သိရသည်။ ယမန်နေ့ (သြဂုတ်လ ၆ ရက်)တွင် ညနေ ၄ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာရှိ ရေလယ်ဘုရားကျောင်းကို စစ်ကောင်စီမှ လေကြောင်း ဗုံးကြဲချခဲ့ပြီး၊ ဦးဇင်းတစ်ပါး...
လေကြောင်းတိုက်ခိုက်မှုကြား ကျောက်မဲရှိ တပ်စခန်းများကို TNLA အလုံးစုံ သိမ်းပိုက်
သျှမ်းပြည် ကျောက်မဲမြို့ရှိ တပ်စခန်းများ မကျဆုံးရှုံးရေး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ခုခံတိုက်ခိုက်နေသည့်ကြားထဲ ထိုတပ်စခန်းများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA )နှင့် ပူးပေါင်းတပ်တို့ အလုံးစုံ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ အမှတ် (၁) စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် စကခ-၁နှင့် ခြေမြန်တပ်ရင်း ခမရ...





