ရွာငံ
ရွာငံတွင် စစ်ကော်မရှင် စစ်ကြောင်း PNO ပြည်သူ့စစ်များ ပါဝင်လာ
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် တွင် စစ်ကော်မရှင်က ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်ရာတွင် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ ပါဝင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ အစပိုင်းတွင် စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာ အနီးတောတောင်နှင့် မြစေတီကျေးရွာ၊ မြသိန်းတန်ကျေးရွာ အပါအဝင် တပင်ပျော်ကျေးရွာ အုပ်စု ဘက်သို့ အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုး...
ရွာငံတွင် ဒေသခံများကို စစ်ကော်မရှင်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်မှု ရှိနေ
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ် အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးကာ ဒေသခံများကို လမ်းပြအဖြစ် ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်တွင် ရွာငံမြို့နယ် မြောက်ဘက်ရှိ တပင်ပျော်ကျေးရွာ အုပ်စုတွင် စစ်ကော်မရှင်တပ်က အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ...
ရွာငံ စစ်ရှောင်စခန်းပေါ် တောင်ပြိုကျမှု တစ်နှစ်ခွဲ ကလေးအပါအဝင် စစ်ရှောင်(၁၀)ဦး နစ်မြုပ်သေဆုံး
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ကျောက်တောကျေးရွာတွင် စစ်ဘေးရှောင်စခန်းပေါ် တောင်ပြိုကျပြီး တစ်နှစ်ခွဲအရွယ် ကလေးအပါအဝင် စစ်ဘေးရှောင် (၁၀)ဦး နစ်မြုပ်သေဆုံး ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်တွင် ရွာငံမြို့နယ်ထဲ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် တောင်ကျရေနှင့်အတူ ရွှံ့နွံ၊ ကျောက်တုံး၊ သစ်တုံးများ မျှောပါလာပြီး ကျောက်တောရွာရှိ...
ရွာငံ စစ်ကော်မရှင်က စစ်ကြောင်းထိုးပြီး အမျိုးသမီး နှစ်ဦးအပါအဝင် ဒေသခံ ၁၀ဦး ဖမ်းဆီးသွား
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်က စစ်ကြောင်းထိုးပြီး အမျိုးသမီး နှစ်ဦးအပါဝင် ဒေသခံ ၁၀ဦး ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်တွင် စစ်ကော်မရှင်က အင်အား ၂၀၀ ကျော်သည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး အသက် ၃၀ ကျော်အမျိုးသမီး...
ရွာငံတွင် လာရောက်တပ်စွဲထားသော စစ်ကော်မရှင် တပ်သားတစ်ဦးထွက်ပြေး
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုတွင် လာရောက်တပ်စွဲထားသော စစ်ကော်မရှင် တပ်သားတစ်ဦး ထွက်ပြေးသွားသဖြင့် အပူတပြင်း ရှာဖွေမှုများလုပ်ဆောင်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုသို့ စစ်ကော်မရှင် အင်အား ၅၀ ခန့် လာရောက်တပ်စွဲထားရာမှ ထိုတပ်ဖွဲ့မှ တပ်သားတစ်ဦးသည် ဈေးဝယ်ထွက်မည်ဟုဆိုကာ ထွက်ပြေးသွားသောကြောင့် အနီးနားကျေးရွာများတွင် စစ်ကော်မရှင်တပ်ဖွဲ့မှ အပူတပြင်းရှာဖွေနေသည်ဟု သတင်းရင်းမြစ်ထံမှ...
ရွာငံတွင် စစ်ကော်မရှင်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်ကော်မရှင်မှ မြေပြင်စစ်ကြောင်းထိုး၍ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ၊ ဂျက်လေယာဉ်ဖြင့် လှည့်ပတ်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဩဂုတ်လ ၂၄) ရက် တွင် စစ်ကော်မရှင်တပ်မှ ရွာငံမြို့ မြောက်ဘက် ကျေးရွာနှင့် တောတောင်ဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး ဂျက်ဖိုက်တာတစ်စီးဖြင့်လည်း လှည့်လည်စောင့်ကြည့်နေကြောင်း...
ရွာငံ စစ်ကောင်စီတပ် စားစရိတ်အတွက် ပြည်သူများထံ ငွေကောက်ခံနေ
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကောင်စီတပ် ဆက်လက်တပ်စွဲထားပြီး ၎င်းတို့စားစရိတ်အတွက် ပြည်သူများထံ ငွေကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်တွင် ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများသို့ စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်း ရုတ်တရက် ဝင်ရောက်လာပြီး ပြည်သူများကို ခြိမ်းခြောက်ခြင်းများ ပြုလုပ်ကာ ယနေ့ (ဇူလိုင် ၂၁...
ရွာငံမြို့နယ် ကျေးရွာများထဲ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ဝင်ရောက်ပြီး ဒေသခံများကိုခြိမ်းခြောက်
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ပျူစောထီးများ ဝင်ရောက်လာပြီး ဒေသခံများကို ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၁၇ ရက်) နံနက် ၈ နာရီကျော်တွင် ရွာငံမြို့နယ် စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီးများသည် စစ်ကောင်စီတပ်သားများကို ခေါ်၍...
ပျောက်ဆုံးနေသည့် ရွာငံဘုန်းကြီးတစ်ပါး ယနေ့ထိ မတွေ့သေး
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ အုပ်စု တပင်ပျော်ကျေးရွာတွင် ကျောင်းထိုင်သည့် ဘုန်းကြီးတစ်ပါး ပျောက်ဆုံးနေပြီး ယနေ့ အချိန်ထိ အစ အန ရှာမရသေးကြောင်း သတင်းရရှိသည်။ အဆိုပါ ပျောက်ဆုံးနေသော ဘုန်းကြီးသည် အသက် (၆၀) ဝန်းကျင် ရှိ၍ စစ်သားဟောင်း တစ်ဉီးဖြစ်ပြီး တပင်ပျော်ကျေးရွာတွင် ဘုန်းကြီးဝတ်ဖြင့်...
ရွာငံသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ကျောင်းသား ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် မြောက်ဘက်နှင့် အရှေ့ဘက်ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ တပ်သားများသည် ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဇူလိုင် (၂) ရက် ည ၈ နာရီ ဝန်းကျင်တွင် ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာသို့ ဈေးဝယ်ရန် ထွက်လာသော ကျောင်းသားနှစ်ဉီးသည် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ကာ...





