Tuesday, January 27, 2026

မိုးနဲ

ဆုတောင်းမပြည့်တော့တဲ့ မိုးနဲ လယ်သမားဘ၀များ

ရောင်နီစပြိုချိန် လူမမြင်တမြင်အချိန်မှာ ဆွမ်းတော်ခွက်ကိုယ်စီကိုင်ဆောင်ထားပြီး ရေထွက်ရှိရာ နတ်စင်ကို ဆွမ်းတော်ကပ် ဆုတောင်းဖို့အတွက် ကိုယ်စီ အိမ်ကနေ ထွက်ခွာကြပါတယ်။ ဆွမ်းတော်ခွက်တွေကိုယ်စီ ကိုင်ဆောင်ပြီး နတ်စင်သွားရာ သွားလမ်းတစ်လျောက်မှာတော့ နောင်နှစ်တွေအတွက် လယ်ယာစိုက်ပျိုးရေးအကြောင်းကို အစီစဉ်တွေ ချပြပြောဆိုကြပြီး လမ်းကို ခပ်သွက်သွက် လျှောက်နေကြပါတယ်။ အဲ့ဒီနတ်စင်ကတော့ မိုးနဲမြို့ထဲမှာရှိပြီး နှစ်စဥ်နှစ်တိုင်း ကဆုန်လပြည့်နေ့ရောက်ပါက ရေထွက်ရှိရာ...

အာဏာသိမ်းတပ် နှင့် သျှမ်းပြည်တပ်မတော် RCSS တို့ ယနေ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်

အာဏာသိမ်းတပ် နှင့် သျှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ သျှမ်းပြည်တောင်ပိုင်းအတွင်း ယနေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့သည်ဟုသိရသည်။ ၂၀၂၁ ခု ဧပြီလ ၂၂ ရက် နံနက်ပိုင်း တွင် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်း တွင်လည်းကောင်း၊ လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် အတွင်းနှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲ...

နှစ်ပေါင်း ရာချီသက်တမ်းရှိ မိုးနဲမြို့သမိုင်းဝင် နမ့်ဟူးပိတ်းရေကန်မှ ဘဲဟင်္သာရုပ်အား ကားတိုက်မိ ကြေမွပျက်စီး

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်၏ အထင်ကရ သမိုင်းဝင် အထိမ်းအမှတ် တခု ဖြစ်သည့် ဘဲဟင်္သာရုပ်ကြီး ယာဉ်မတော်တဆ တိုက်မှုကြောင့် ပျက်စီးသွားကြောင်း သိရသည်။ နမ့်ဟူးပိတ်ဟု အများသိကြသော အဆိုပါ သမိုင်းဝင် ဘဲဟင်္သာရုပ်တုကြီးသည် မိုးနဲမြို့ တောင်ဘက် (လင်းခေးအထွက်လမ်း)  အမြောက်တပ် ၃၆၃ အနီးတွင်တည်ရှိပြီး မေလ ၁၁...

မြို့ရဲ့ချည်တိုင်ဝိညာဉ်လား ၊ ပြည်ရွာစိတ်ဝိညာဉ်လား သျှမ်းပြည်က မာလိန်တိုင် မိုးနဲမြို့ ၊ သျှမ်းပြည်တောင်ပိုင်း (ရှေးဟောင်းသမိုင်းရေးရာ)

မာလိန်တိုင်အကြောင်းမပြောခင် မိုးနဲရဲ့နောက်ခံသမိုင်းအကျဉ်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။ မိုးနဲမြို့က သျှမ်းပြည်တောင်ပိုင်းမှာ တည်ရှိပြီး သျှမ်းပြည်ရဲ့မြို့တော် တောင်ကြီးကနေ အရှေ့တောင်ဘက် မိုင် ၁၀၀ အကွာမှာတည်ရှိပါတယ်။ မိုးနဲကို BC 441 (သျှမ်းသမိုင်း ၊ ခူးခေးသျှန်) မှာ တည်ထောင်တယ်လို့ပြောသလို ၊ BC 519 (သျှမ်းလူမျိုးများသမိုင်း) မှာ တည်ထောင်တယ်လို့လည်းဆိုပါတယ်။...

ရှေးလက်ရာတွေအများကြီးကျန်သေးတဲ့ သမိုင်းဝင် မိုးနဲမှာ ပျောက်ကွယ်လုနီးပါး စေတီဘုရားဟောင်းတွေကို အမွေအနှစ်မြတ်နိုးသူလူငယ်အဖွဲ့က ဆက်လက်ရှာဖွေဖော်ထုတ်နေ (တွေ့ဆုံမေးမြန်းခန်း)

သမိုင်းဝင် ရှေးဟောင်းအမွေ အနှစ်တွေ လက်ရှိမှာအများအပြားကျန်ရှိနေသေးတဲ့ သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့ နယ်မှာ ပျောက်ကွယ်လုနီးပါးရှိနေတဲ့ ရှေးဟောင်းစေတီပုထိုးတွေကို ကျားဖြူပါတီပြည်နယ်လွတ်တော် ကိုယ်စား လှယ်ဟောင်း ရှေးဟောင်းအမွေအနှစ်မြတ်နိုးတန်ဖိုးထားတဲ့ မိုးနဲဒေသခံ စိုင်းမောင်ကြီးတို့အဖွဲ့ဟာ လက်ရှိမှာ ရှေးဟောင်းအမွေအနှစ်တွေကို ကိုယ်ထူကိုယ်ထ ပြန်လည်ရှာဖွေဖော်ထုတ် နေကြတယ်လို့သိရပါတယ်။လွန်ခဲ့တဲ့ ၂၀၁၉ ဖေဖော်ဝါရီ လ တွင်...

ထမ်ဖီမျဲန်းရှာပုံတော် ဒုတိယအကြိမ်

(ကိုယ်တိုင်ကိုယ်ကျကွင်းဆင်းလေ့လာပြီး ပြုစုရေးသားထားတဲ့ ဆောင်းပါးရှင် – စိုင်းမျိုး မိန်းနိုင်း (phimenologist)) ထမ်ဖီမျဲန်းလော ၊ လွယ်ဖီမျဲန်းလော ထမ်ဖီမျဲန်းရှာဖွေရေးမုဆိုးများဖြစ်ကြသည့် ကျွနု်ပ်တို့သည် နံနက်စောစီးစွာအိပ်ယာထကာ မိမိတို့၏ စွမ်းအင်လိုအပ်ချက်ရိက္ခာများထုပ်ပိုးပြီးနောက် ထမ်ဖီမျဲန်းရှိသည်ဟု သတင်းအချက်အလက်ရထားသော နေရာဆီသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။ ကျွနု်ပ်တို့သွားလေ့လာကြမည့် ထမ်ဖီမျဲန်းနေရာသစ်နှင့် ကျွနု်ပ်တို့ရောက်ခဲ့ဖူးသော ထမ်ဖီမျဲန်းရှိသည့်နေရာသည် များစွာဝေးကွာခြင်းမရှိပါ ။ ရောက်ခဲ့ဖူးသောနေရာ နှင့်ထပ်မံရှာဖွေသောနေရာသည်...

လယ်မြေဧကတသောင်းကျော်အားရေပေးဝေသည့်နမ့်ဟူးရေထွက်ကို သဘာဝစိမ့်စမ်း ရေထွက်ဧရိယာဖြစ်စေရေး လယ်သမားများ ကွင်းဆင်းတိုင်းတာ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်တွင် နမ့်ဟူး သဘာဝရေထွက် အား သဘာဝ စိမ့်စမ်းရေထွက်ဧရိယာ အဖြစ်ကာကွယ်ထိန်းသိမ်းရန်အတွက် ဒေသခံလယ်သမားများ ကွင်းဆင်းတိုင်းတာမှုပြုနေကြောင်းသိရသည်။ မြို့နယ်ထွေအုပ်၏ မိုးနဲမြို့နယ်အတွင်း အင်း ၃ အင်းနှင့်မောင်ခိုင် မောင်နိုင်ရေထွက်ဧရိယာနယ်နိမိတ် ပြန် လည် စီစစ်တိုင်းတာသတ်မှတ်ရေးလုပ်ငန်းစီမံချက် ကျလာပြီးနောက် နမ့်ဟူးသဘာဝရေထွက်ဧရိယာအား ဒေသခံတောင်သူလယ်သမားများက ကွင်းဆင်းတိုင်းတာခဲ့ကြသည်။ ဇန်နဝါရီလ ၁ ရက်နေ့က...

Latest news