Tuesday, January 27, 2026

နှစ်ပေါင်း ရာချီသက်တမ်းရှိ မိုးနဲမြို့သမိုင်းဝင် နမ့်ဟူးပိတ်းရေကန်မှ ဘဲဟင်္သာရုပ်အား ကားတိုက်မိ ကြေမွပျက်စီး

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်၏ အထင်ကရ သမိုင်းဝင် အထိမ်းအမှတ် တခု ဖြစ်သည့် ဘဲဟင်္သာရုပ်ကြီး ယာဉ်မတော်တဆ တိုက်မှုကြောင့် ပျက်စီးသွားကြောင်း သိရသည်။

Photo Credit to Saimyo Mongnai – မိုးနဲမြို့ သမိုင်း၀င် နမ့်ဟူးပိတ်းရေကန်မှ သက်တမ်းနှစ်ပေါင်းရာချီရှိဘဲရုပ်ထု မေလ ၁၁ ရက် ၂၀၂၀ ကကားတိုက်ခံရသဖြင့် ပျက်စီးကြေမွ

နမ့်ဟူးပိတ်ဟု အများသိကြသော အဆိုပါ သမိုင်းဝင် ဘဲဟင်္သာရုပ်တုကြီးသည် မိုးနဲမြို့ တောင်ဘက် (လင်းခေးအထွက်လမ်း)  အမြောက်တပ် ၃၆၃ အနီးတွင်တည်ရှိပြီး မေလ ၁၁ ရက်နေ့ က ထိခိုက်မှု ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

“သူတို့ကို ပြန်လျော်ခိုင်းမယ် နဂိုမူလအတိုင်း ပြန်ဖြစ်အောင် ပြီးရင် ပွဲတော်ပြန်တင်ပေးရမှာပေါ့ ။အဲ့လို လုပ်ပေးရင်တော့ ကျနော်တို့လည်း ကျေနပ်မှာပါ။ အဲ့လို မဟုတ်ရင်တော့ မကျေနပ်ဘူးပေါ့နော်။” မိုးနဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်အမတ် စိုင်းမွန်းလိန် ကပြောသည်။

လက်ရှိတွင် ဘဲရုပ်အားတိုက်မိသူအားရဲများက သိနေကြောင်း ရဲလုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသော်လည်း တိုက်မည်သူမှာ မည်သူဖြစ်သည်ကို တရားဝင်ကြေငြာထားခြင်းမရှိသဖြင့် မိုးနဲမြို့ခံများက မကျေမချမ်းဖြစ်နေကြသည်။

သို့သော် ယာဉ်မောင်းနှင်သူမှာ အသက်မပြည့်သေးသူဖြစ်ပြီး အဆိုပါ ဘဲရုပ်ထုနှင့် ကွက်တိပုံစံတူသော ဘဲရုပ်ကို အတတ်နိုင်ဆုံးပြန်လည်တည်ဆောက်ပေးမည်ဟုလည်း သဘောတူညီမှုရထားကြောင်း၊ ထိုအတွက် ယနေ့တရက် ၂ ရက်အတွင်းဆရာတော် သံဃာတော်နှင့်ရပ်မိရပ်ဖများနှင့်အတူ သွားရောက်ကြည့်ရှုကြမည်ဖြစ်ကြောင်းလည်း မိုးနဲဒေသခံတချို့ကပြောဆိုနေကြသည်။

Photo Credit to Sai Zom Num- မိုးနဲမြို့ သမိုင်း၀င် နမ့်ဟူးပိတ်းရေကန်မှ သက်တမ်းနှစ်ပေါင်းရာချီရှိဘဲရုပ်ထု မေလ ၁၁ ရက် ၂၀၂၀ ကကားတိုက်ခံရသဖြင့် ပျက်စီးကြေမွ

မိုးနဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ် ကမူ ယခုဖြစ်ပွါးသော သမိုင်းဝင်ဘဲရုပ် ယာဉ်တိုက်မှုတွင် ယာဉ်မဆင်မခြင်မောင်းနှင်မှု ယာဉ်မောင်း၏ပေါ့ဆမှုကြောင့်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်အား ပြောသည်။

“ ဘဲ ရုပ်ပေ့ါနော် တိုက်တဲ့သူ နဲ့ သံဃာ့နာယက ဆရာတော်တွေနဲ့ ရပ်မိရပ်ဖ တွေနဲ့ တိုင်ပင်မယ်။ ဘဲ ရုပ်ကို နဂိုမူလအတိုင်း လုပ်ပေးနိုင်ခြင်း ရှိ မရှိပေ့ါနော်။ သူတို့က လုပ်ပေးနိုင်တဲ့ အတိုင်းအတာ ရှိတယ်ဆိုလို့ရှိရင် မြို့နယ်မှာ ရှေးဟောင်းနဲ့ ပတ်သက်လို့ ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ ပြန်ပြီး နဂို အတိုင်းနေရာမှာပဲ ဆောင်ရွက်မှာပေါ့ ပြန်လည်တည်ဆောက်မယ်ပေါ့” မိုးနဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သဘာဝရေအမြဲစိမ့်ထွက်နေသော ရေကန်တွင်ရှိသော အဆိုပါ ဘဲဟင်္သာရုပ်တုသည် စော်ဘွားခေတ်ကတည်းကပင်ရှိနေသော ရုပ်ထုဖြစ်သည်ဟု မိုးနဲမြို့မှ သက်ကြီးမိဘများက ပြောဆိုကြသည်။

Photo SHAN-ကားတိုက်မခံရစဉ်က တင့်တယ်လှပနေသော နမ့်ဟူးပိတ်းက ဘဲဟင်္သာရုပ်

၄င်းနှင့်ပတ်သက်ပြီး မိုးနဲဒေသခံ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်များအား ကိုယ်ထူကိုယ်ထစနစ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်မှုပြုလုပ်နေသော လူငယ်များအဖွဲ့မှ စိုင်းမောင်ကြီး က – “ကျနော်တို့ စာအုပ်စာပေမှာဖတ်ပြီးမှတ်ဖူးတာကတော့ ဒီဘဲဟင်္သာရုပ်ကို ဒုတိယမိုးနဲကနေ တတိယမိုးနဲ (ယခုမိုးနဲတည်နေရာ) ကို စတင်တည်ထောင်ကတည်းက ရှိခဲ့တယ်လို့ ဖတ်မိပါတယ်။ တတိယမိုးနဲကို အင်းဝမြို့ စတင်တည်ထောင်တဲ့နှစ်ဆိုတော့ အေဒီ ၁၃၆၄ လောက်မှာ ကျပါမယ်။အဲလောက်ကတည်းကရှိခဲ့တယ်လို့ခန့်မှန်းလို ့ရပါတယ်။ အဲ့ကတည်းကရှိခဲ့တဲ့ ဒီဘဲရုပ်ကို
သျှမ်းပြည်နယ် မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီဥက္ကဌ ဦးထွန်းရင်လောမှ ပြန်လည် မွမ်းမံလှူဒါန်းထားသည်လို့လည်း သိရပါတယ်။ ” – ဟု သျှမ်းသံတော်ဆင့်အား ရှင်းပြသည်။

ကြေမွပျက်စီးသွားသော ဘဲဟင်္သာရုပ်အားလည်း နဂိုမူလ အတိုင်း ပြန်လည် လုပ်ပေးနိုင်မှသာ ကျေနပ် မည်ဖြစ်ကြောင်း မိုးနဲဒေသခံများကပြောကြသည်။

“မိုးနဲမြို့ရဲ့အထင်ကရအမှတ်အသားတခြုဖစ်နေတော့ ကျနော်တို့ ဒေသခံ အနေနဲ့ နှမျောမိတယ်။ ဘာလို့လဲဆိုတော့ မိုးနဲမြို့ရဲ့သမိုင်းဝင်နေရာ ဖြစ်သလို ပုံစံတူ ပြန်လုပ်ရင်လည်း ရှေးဟောင်း ပုံစံ အတိုင်းတော့ မဖြစ်နိုင်ဘူး” ဟု ဒေသခံ စိုင်းဆိုင်လှိုင်း ကပြောသည်။

Photo SHAN-ကားတိုက်မခံရစဉ်က တင့်တယ်လှပနေသော နမ့်ဟူးပိတ်းက ဘဲဟင်္သာရုပ်

မိုးနဲမြို့တွင်သမိုင်းဝင် အမွေအနှစ်ကို ယခု အပါအဝင် ၂ ကြိမ် ကားတိုက်ခြင်း ခံခဲ့ရပြီး ဖြစ်သည်။ ယမန်နှစ်က မိုးနဲမြို့အဝင် စော်ဘွားခေတ်ကတည်းက တည်ရှိထားသော မြို့ဝင် ကြာဖူးကိုလည်း နမ့်စန်မှ စစ်တပ်ကကားတစီး ၀င်တိုက်သဖြင့် ထိုကြာဖူးနဲ့ပုံစံတူ အသစ်ပြန်လည်ပြုလုပ်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Mong_Nai_Rice_Harvest

ဆန်စပါးသယ်ယူခွင့် စစ်ကော်မရှင် ကန့်သတ်ထားခြင်းကြောင့် မိုးနဲမြို့ လယ်သမားများ အခက်ကြုံ

0
စစ်ကော်မရှင်က ဆန်စပါး နယ်ကျော်သယ်ယူ ရောင်းချမှုကို ကန့်သတ်ထားခြင်းကြောင့် ယခုနှစ် စပါးပေါ်ချိန်တွင် လယ်သမားများ စပါးရောင်းမထွက်ဘဲ အရှုံးပေါ်နေပြီး မိသားစု စီးပွားရေးများ အခက်အခဲ ကြုံနေရကြောင်း လယ်သမားများက ပြောသည်။

ချစ်သူများနေ့ သွားလည်နေစဉ် အသတ်ခံရသည့် မိုးနဲ အမျိုးသမီးငယ်

0
သျှမ်းပြည် မိုးနဲမြို့ ဥယျာဉ်ရပ်ကွက်တွင် နေထိုင်သော အမျိုးသမီးငယ်တစ်ဦးသည် ချစ်သူများနေ့ (ဖေဖော်ဝါရီ ၁၄ ရက်)၌ သွားလည်နေစဉ် အသတ်ခံရလိုက်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ အဆိုပါ အမျိုးသမီးငယ်၏ ရုပ်အလောင်းကို (ဖေဖော်ဝါရီလ ၁၅ ရက်) နံနက် ၁၀ နာရီဝန်းကျင်တွင် နမ့်စန်မြို့နယ် လွိုင်ဆိုင်းရွာအဝင်ရှိ ဝက်သားဆိုင်အနီး၌...

မိုးနဲတွင် စစ်မှုထမ်းဆင့်ခေါ်ခံရသူများ မဖြစ်မနေ စစ်မှုထမ်းရမည်ဟု အမိန့်ထုတ်၊ ထွက်ပြေးပါက ထိထိရောက်ရောက် အရေးယူခံရမည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် မိုးနဲမြို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး စစ်မှုမထမ်းဘဲ ထွက်ပြေးပါက ထိထိရောက်ရောက်အရေးယူခံရမည်ဟု စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးက ဒေသခံများကိုခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။  အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများသည်...

မိုးနဲ ရေကြီ’ စပါးခင်း ဧက ၆ထောင် ထက်မနည်းပျက်စီး

0
သျှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့တွင် (ဩဂုတ်လ ၁၆ ရက်) နေ့မှ စပြီး ရေမြင့်တက်ကာ စပါးခင်း ဧက ၆ထောင) ထက်မနည်းပျက်စီးသွားကြောင်းသတင်းရရှိသည်။ မိုးနဲမြို့နယ်တွင် စပါးခင်း ဧက (၉ထောင်) စိုက်ပျိုးကြပြီး ဩဂုတ်လ ၁၄ ရက်မှ စပြီး မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် မိုးနဲမြို့ပြင်ရှိ နမ့်ဆလိုင်နှင့်...

မိုးနဲမြို့နယ် ဘုန်းကြီးကျောင်းဝန်းအတွင်း ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး လောင်းကစားများဖွင့်လှစ်နေ

0
သျှမ်းပြည် နမ့်စန်ခရိုင် မိုးနဲမြို့နယ် ဆိုင်းဖယ်ရွာအရှေ့ဘက်ရှိ လုံစံဘုန်းကြီးကျောင်းဝန်းအတွင်း ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးမှ ဦးဆောင်၍ လောင်းကစားဝိုင်းများ ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်မှစ၍ ရဲတပ်ဖွဲ့ဝင်ဟောင်း ကိုမြင့်ဇော်ဆိုသူမှ ဦးဆောင်ပြီး အာဏာပိုင်းများထံ ကျပ်ငွေ သိန်းနှင့်ချီအခွန်ဆောင်ကာ ဆိုင်းဖယ်ရွာအရှေ့ဘက်ရှိ လုံစံဘုန်းကြီးကျောင်းဝန်းအတွင်းသို့ လာရောက်လောင်းကစားဖွင့်ထားသည်မှာ ၁ လရှိလာပြီ...