Saturday, July 13, 2024

ထမ်ဖီမျဲန်းရှာပုံတော် ဒုတိယအကြိမ်

Must read

(ကိုယ်တိုင်ကိုယ်ကျကွင်းဆင်းလေ့လာပြီး ပြုစုရေးသားထားတဲ့ ဆောင်းပါးရှင် – စိုင်းမျိုး မိန်းနိုင်း (phimenologist))

ထမ်ဖီမျဲန်းလော ၊ လွယ်ဖီမျဲန်းလော

ထမ်ဖီမျဲန်းရှာဖွေရေးမုဆိုးများဖြစ်ကြသည့် ကျွနု်ပ်တို့သည် နံနက်စောစီးစွာအိပ်ယာထကာ မိမိတို့၏ စွမ်းအင်လိုအပ်ချက်ရိက္ခာများထုပ်ပိုးပြီးနောက် ထမ်ဖီမျဲန်းရှိသည်ဟု သတင်းအချက်အလက်ရထားသော နေရာဆီသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။

ကျွနု်ပ်တို့သွားလေ့လာကြမည့် ထမ်ဖီမျဲန်းနေရာသစ်နှင့် ကျွနု်ပ်တို့ရောက်ခဲ့ဖူးသော ထမ်ဖီမျဲန်းရှိသည့်နေရာသည် များစွာဝေးကွာခြင်းမရှိပါ ။ ရောက်ခဲ့ဖူးသောနေရာ နှင့်ထပ်မံရှာဖွေသောနေရာသည် တောင်စဉ်တောင်တန်းတခုတည်းပေါ်တွင်သာ တည်ရှိနေသည် ။ တောင်စဉ်တောင်တန်းသည် လွန်စွာမတ်စောက်လျက် တောင်တန်းထိပ်ပိုင်းသည် နတ်ဒေဝါများတမင်ဖန်ဆင်းထားသကဲ့သို့ ဧရာမကျောက်ဖျာကြီးများကို ၉၀ ဒီဂရီမတ်မတ်ဖြင့် အတန်းလိုက်တဆက်တည်းဖြစ်နေသည်။ ဝေးကွာသည့်နေရာမှ လှမ်းမြင်နေရသော ကျောက်ဖျာမျက်နှာပြင်များပေါ်ရှိ ဂူပေါက်များသည် ဖီမျဲန်း (ကြတ်) များနေထိုင်သည့် ဂူများဖြစ်ကြသည်ဟု ကျွနု်ပ်တို့၏ ဒေသခံလမ်းပြက ရှင်းလင်းပါသောကြောင့် ၄င်းဂူများထဲတွင် ထမ်ဖီမျဲန်းခေါင်းတလားများ ဧကန်ရှိရမည်ဟု တွေးထင်ခဲ့ကြသည် ။

အကြီးဆုံးဂူဖြစ်သည့် တောင်ကြော၏မြောက်ဘက်အစွန်ဆုံးကျသော လွယ်တင်စန့်ဂူဆီသို့ ဦးတည်ခဲ့ကြသည်။ ဂူဟုအမည်ပေးထားသော်ငြားလည်း ဂူဝင်ပေါက်ရှိခြင်းမဟုတ်ဘဲ တောင်ကမ်းပါးယံကြီးမှာ လွန်စွာကြီးမားသောအမိုးခုံးကဲ့သို့ဖြစ်နေသည်။ ကျောက်အမိုးခုံးအောက်၌ ကျယ်ပြန့်သောမြေကွက်လပ်တည်ရှိလျက် တောင်နှင့်ကပ်လျက်ကျောက်တိုင်များသည် သဘာဝတရား၏ဖန်ဆင်းမှုကြောင့်လည်းကောင်း ဆင်တစ်ကောင်၏ပုံသဏ္ဌာန်ကဲ့သို့ လှပစွာဖြစ်ပေါ်နေသည်။ ကျောက်တုံးကျောက်တိုင်၏ အထင်ရှားဆုံးမှာဆင်ခြေထောက် ကဲ့သို့ဖြစ်နေသော ကျောက်တိုင်ဖြစ်သည်။ ဤသို့အားဖြင့် လွယ်တင်စန့် (ဆင်ခြေ ထောက်တောင်) ဟု အမည်မှည့်ခဲ့ကြပေသည်။ ကျွနု်ပ်တို့အား သဘာဝတရားက ပေးအပ်သော လှပသည့်အမွေအနှစ်တခုဖြစ်သည် ။ စူးစမ်းလေ့လာသင့်သည်များ ပြုလုပ် ပြီးသည့်နောက် တောင်ကြော၏မြောက်ဘက်ခြမ်းမှ အခြားဂူပေါက်ရှိရာ တောင်ကြော၏တောင်ဘက်အရပ်သို့ ရွှေ့ကြပြန်သည် ။

တဘက်၌ထောင်မတ်နေသောကျောက်ဖျာကြီးများတည်ရှိလျက် အခြားတဘက်၌မတ်စောက်သောတောင်စောင်းသာဖြစ်သည်။ မီးကျွမ်းလောင်ထားသည့်အပင်များကို ဆုပ်ကိုင်၍သော်လည်းကောင်း၊ ကျောက်ချွန်များကိုကိုင်တွယ်အားယူ၍သော်လည်းကောင်း တခါတရံ၌ ခြေလက်လေးဘက်အသုံးပြုလျှက်ကုန်းကုန်းကွကွလှမ်းသွားရသည့် အနေအထားမျိုးတွင်လည်းကောင်း ခရီးဆက်ခဲ့ရပေသည်။

ထပ်မံရောက်ရှိခဲ့ကြသည့် ထမ်ဟူးတော်ဟုခေါ်သော ပဒူပေါက်ဂူမှာ လွန်စွာလှပလွန်းသည်ကိုတွေ့ရသည်။ ဂူပေါက်သည် အတော်အတန်ကျယ်ဝန်းလျက် ဂူအမိုးပေါက်မှ ဂူအတွင်းသို့ ဖြာဆင်းကျလာသောအလင်းရောင်ဖြင့် အလွန့်အလွန်ကဗျာဆန်နေခြင်းမှာ စျာန်ရပုဂ္ဂိုလ်ဖြစ်ငြားစျာန်လျောပေမည် ။ ရည်းစားနှင့်ဝေးကွာသူဖြစ်ငြား အလွမ်းမီးမျာတမဟုတ်ချင်းကူးစက်လောင်ကျွမ်းသွားပေလိမ့်မည်။ ဤနေရာ၌မပြီးသေး ရှေ့ဆက်ရပေဦးမည်။

တွေ့ချင်မြင်ချင်သော ဖီမျဲန်းခေါင်းတလားများမတွေ့ရပါ။နောက်တနေရာသို့ရောက်သော် ဒေါင်လိုက်ကျောက်ဖျာနံရံ၌ ဂူပေါက်တစ်ပေါက်ထပ်မံတွေ့ရှိပြန်သည်။ ၄င်းမှာ ကျောက်နံရံ၏ လွန်စွာမြင့်မားသောနေရာတွင်တည်ရှိလျက် ကျွနု်ပ်တို့မှာ မည်သို့မျှ ကုတ်ကပ်တွယ်တက်နိုင်စရာအကြောင်းမရှိ။ သို့သော်လည်း မတွေ့မနေ သန္နိန်ဌာန်ချထားမှုကြောင့် သက်စွန့်ဆံဖျားတက်ရောက်ကြည့်ရှုခဲ့ပေသည်။ ကျွနု်ပ်မှာကား ရခဲ့ပြီးကြောက်စိတ်ကြောင့် စိတ်တွင်း၌အမြစ်တည်သောနတ်ဆိုးကို ဟန်ဆောင်ချိုးနှိမ်လျှက် ၄င်းကျောက်ဖျာပေါ်သို့ တက်ရောက်နေသော အဖွဲ့သားများကိုသာ အရိပ်တကြည့်ကြည့်လုပ်နေခဲ့ရသည် ။ မှတ်တမ်းဓာတ်ပုံဗွီဒီယိုရိုက်ကူးရင်း အလုပ်များချင်ယောင်ဆောင်နေခဲ့သည် ။

တွေ့ချင်မြင်ချင်သော ဂူအောင်းလူသားဖီမျဲန်းများ၏ ခေါင်းတလားများတွေ့ရှိခြင်းမရှိပါ ။ စိတ်ပျက်အားလျော့စွာဖြင့် ကျွနု်ပ်တို့၏စီးတော်ယာဉ်ရပ်နားရာသို့ အောင်မြင်စွာဆုတ်ခွာခဲ့ကြသည် ။

အဆင်ပြေသလိုနေ့လည်စာများစားသုံးကြပြီးသည့်နောက် ကျွနု်ပ်တို့၏လမ်းပြကြီးအား သေချာစွာထပ်မံမေးမိကြပြန်သည်။ ၄င်းမှဖြေကြားသည်မှာ မိမိတို့ရောက်ပြန်ခဲ့သည့်ဂူများမှာ ဖီမျဲန်းများနေထိုင်သည်ဟုယူဆကြောင်း ၊ ဖီမျဲန်းများက၄င်းတို့၏ခေါင်းတလားထားရှိသည့်နေရာမဟုတ်ကြောင်း၊ အမှန်တကယ်ခေါင်းတလားရှိသည့်ဂူသည် လွယ်တင်စန့်၏ မြောက်ဘက်ခြမ်းတောင်ကမ်းပါးယံတွင်သာတည်ရှိကြောင်း ဖွင့်ပြောသည့်သကာလ ကျွနု်ပ်တို့မှာ နှစ်မိုင်ခရီးမျှ နေ့တဝက်နီးပါးပင်ပန်းကြီးစွာဖြစ်ခဲ့သည့် ခံစားမှုကြောင့် ရောလျက် ဖလက်ပြသွားခဲ့ရပေသည်။ မည်သို့ဆိုစေ တွေ့မှဖြစ်မည် ရောက်မှဖြစ်မည် ရှေ့တိုးကြစို့ရယ်။

ဤခါတွင်လည်း လွယ်တင်စန့်ရှိရာဘက်သို့ ခရီးကြော့ရပြန်သည် ။ လွယ်တင်စန့်တောင်တက်ရာတောအုပ်အား ကျော်လွန်ပြီးသည့်နောက် တနေရာတည်းသာဖုန်းလိုင်းမိသည့် တောင်ကတုံးဖြစ်နေသော သဲတောင်သို့ရောက်ရှိခဲ့ကြသည်။ လေတိုက်ခတ်လာမှုနှင့်အတူ သဲဆန်မြေတောင်ကတုံးထိပ်မှာ လေးဘက်လေးတန်သို့ မျှော်ကြည့်သော် တောင်စဉ်တောင်တန်းများလှပညီစွာအစီအရီချထားသကဲ့သို့ မေ့မရနိုင်လောက်သည့် ရှုခင်းကြီးကို တွေ့မြင်ရသည်။ လွင်ပြင်ကျယ်ရှုခင်းများကို လှမ်းမြင်ရသည့် တောင်ကတုံးထိပ်မှ မိမိတို့၏ အရှေ့အရပ်ကိုမျှော်ကြည့်သော် တောင်ထိပ်ရှိဒေါင်လိုက်ကျောက်ဖျာမျက်နှာပြင်၌ ဂူပေါက်ဝတခုအားလှမ်းမြင်နေရသည်။ အဝေးမှာလှမ်းမျှော်မြင်နေရသော ဂူပေါက်သဏ္ဌာန်မှာ အိမ်ပြတင်းပေါက်ကဲ့သို့ဖြစ်နေသည်။ မေးမြန်းသိရှိခဲ့သော အချက်အလက်များအရ ဤနေရာသည် အမှန်အကန်ထမ်ဖီမျဲန်းဖြစ်ရမည် ။ သို့သော်ရောက်မှ ဧကန်သိရမည်။ မတ်စောက်သောတောင်ထိပ်ရောက်သည်ထိ လေးဘက်ထောက်လှမ်းတက်ရပေဦးမည်။ မတတ်နိုင်ပါ။ အရောက်လှမ်းရမည်။ လာလေရော့ တောင်ကြီးဖဝါးအောက်၊ ဂူတွင်းသို့ဝင်ရောက်ရန်မဖြစ်နိုင်ကြောင်း ကျွနု်ပ်တို့၏ချစ်လှစွာသောလမ်းပြကြီးများက ခေါင်းခါလျက် နောက်ကျန်နေရစ်ခဲ့ကြပေသည်။

တောင်ထိပ်ရောက်ရှိသည်ထိ အရောက်လှမ်းသည့် ခရီးကြမ်းအကြောင်းကို အကျယ်တဝင့်မပြောတော့ပါ။ ကျွနု်ပ်တို့တွေ့ချင်မြင်ချင်လွန်းသည့်ဂူသို့ ရောက်ရှိပေပြီ။ ဂူဝင်ပေါက်နှစ်ပေါက်ရှိလျှက် အောက်ဘက်ခြမ်းဂူပေါက်သာလျှင် အထဲသို့ဝင်ရောက်နိုင်၍ အပေါ်ဘက်ခြမ်းဂူပေါက်သို့ရောက်ရှိရန် မည်သည့်လမ်းကြောင်းကို မတွေ့ပါ။ ကျွနု်ပ်တို့ယူဆောင်ခဲ့သည့် ကြိုးများ ပစ္စည်းများဖြင့်လည်း မတတ်နိုင်စွမ်းပါ။ ကျောက်နံရံသည်ဒေါင်လိုက်မတ်လျက် အပေါ်ဘက်ခြမ်းတွင် အမိုးခုံးကဲ့သို့ ဖြစ်ပေါ်နေသည်။ ကျွနု်ပ်တို့မှာ အပေါ်သို့မော့ကြည့်လျက် သက်ပြင်းတချချဖြစ်လျက်သာ တင်းတိမ်ရောင့်ရဲတပ်ခေါက်ပြန်ခဲ့ရသည်။

ထမ်ဖီမျဲန်းခေါင်းတလားများအားမတွေ့မမြင်ခဲ့ကြရသောငြားလည်း လွယ်ဖီမျဲန်းကဲ့သို့ ကျောက်စီအုတ်ဂူသဏ္ဌာန်များကို တောင်ခြေ၌ တွေ့မြင်ခဲ့ကြရသည့်အခိုက် အပြန်လမ်းတလျောက်တွင် သောင်းခြောက်ထောင်သောအတွေးများ ပါရှိလာခဲ့ပေသည် ။

(တောင်ကမ်းယံကျောက်ဖျာများ ၊ လှပသောသဘာဝလှိုဏ်ပုံများ ၊ ရှုခင်းပုံနှင့်ဤနေရာ၌ထပ်မံတွေ့ရှိသည့် ကျောက်စီအုတ်ဂူများအကြောင်းကို အောက်ဖော်ပြပါဓာတ်ပုံများအား တစ်ပုံချင်းစီဖတ်ရှုနိုင်ပါသည်)

Photo by Sai Myo Mong Nai -သဲဆန်သောတောင်ကတုံးထိပ်တွင် တွေ့ရသည့် အဝိုင်းသဏ္ဌာန်အလယ်ချိုင့်ကျောက်စီစက်ဝိုင်း
Photo by Sai Myo Mong Nai -သဲဆန်သောတောင်ကတုံးထိပ်တွင် တွေ့ရသည့် အဝိုင်းသဏ္ဌာန်အလယ်ချိုင့်ကျောက်စီစက်ဝိုင်း

သဲဆန်သောတောင်ကတုံးထိပ်တွင် တွေ့ရသည့် အဝိုင်းသဏ္ဌာန်အလယ်ချိုင့်ကျောက်စီစက်ဝိုင်းဖြစ်ပါသည်။ ဤကျောက်စီစက်ဝိုင်းသည် ဟိုင်းဖတ်ကျေးရွာအရှေ့ဘက် တောင်ကုန်းတောင်စွယ်တွင်တွေ့ရသော အလယ်ချိုင့်ခွက်ပါကျောက်စီသင်္ချိုင်းနှင့် ထပ်တူညီနေသည်ကို တွေ့ရသည်။ ဒီတောင်ကတုံးသည် ထမ်ဖီမျန်းဧကန်အမှန်ရှိသည်ဟု ကျွန်ပ်တို့ယူဆတက်ရောက်ခဲ့သော နောက်ဆုံးတောင်ထိပ်၏ အနောက်ဘက်ခြမ်းတွင်တည်ရှိသည်။ အင်္ဂလိပ်အစိုးရအုပ်စိုးသည့်ခေတ်ကာလတွင် ဤလမ်းကြောင်း၌ အင်္ဂလိပ်တို့ ရထားလမ်း ကားလမ်းဖောက်လုပ်ခဲ့သည်ဟု သိရသည်။ ထို့ကြောင့် ဤဒေသဝန်းကျင်တွေ အင်္ဂလိပ်များအစွဲပြုအမည်ပေးထားသည့် နေရာများရှိနေသည် ။ စက်ဝိုင်းပုံကျောက်စီထားသည့်နေရာသည် အင်္ဂလိပ်များတည်ထားသည်ဟု ယူဆကြည့်ကြပါစို့ ။ အကယ်၍ အင်္ဂလိပ်လူမျိုးများက တည်ဆောက်ထားခဲ့ သည့်အရာဖြစ်လျှင် အုတ်ချပ်များဖြင့် အဘယ်ကြောင့်မတည်ဆောက်ခဲ့ကြပါသနည်း။ အင်္ဂလိပ်ခေတ်သည် စက်ယန္တယားများထွန်းကားပြီးဖြစ်သည့်ခေတ်ဖြစ်သည်။ ကင်းတဲများ နေအိမ်တည်ဆောက်ခဲ့လျှင် လုံးပတ်တစ်ပေခန့်ရှိသော ဤ သဘာဝကျောက်တုံးများဖြင့် ၄င်းအင်္ဂလိပ်လူမျိုးများက အဘယ်ကြောင့် တည်ဆောက်ခဲ့ကြပါသနည်း။ ခေတ်မီအင်ဂျင်နီယာနည်းပညာဖြင့်ဖြစ်စေ ခေတ်မီအဆောက်အဦး ပစ္စည်းများဖြင့်ဖြစ်စေ သယ်ယူဆောက်လုပ်ခဲ့ကြပေမည်။ ဒေသခံများက အပျော်တမ်းလုပ်ဆောင်ထား သည်ဟု၍ တွေးထင်လျှင် ယုတ္တိမတန်ပါ အဘယ်ကြောင့်ဆိုတော် ဤကျောက်တုံးများကို အဝေးမှာ သယ်ယူလာရပေမည်။ ရည်ရွယ်ချက်တစုံတရာခိုင်ခိုင်မာမာမရှိလျှင် မဖြစ်နိုင်ပါ။ တွေးခေါ်စဉ်းစား သုတေသနပြုအဖြေရှာရမည့်ကိစ္စဖြစ်သည်။

Photo by Sai Myo Mong Nai-တောင်ခြေတွင်တွေ့ရသော ကျောက်တုံးများ စီတန်းထား သည့်နေရာ
Photo by Sai Myo Mong Nai-တောင်ခြေတွင်တွေ့ရသော ကျောက်တုံးများ စီတန်းထား သည့်နေရာ

ကျွနု်ပ်တို့နောက်ဆုံးရောက်ရှိခဲ့သော တောင်၏တောင်ခြေတွင်တွေ့ရသော ကျောက်တုံးများ စီတန်းထား သည့်နေရာဖြစ်သည်။ ဤနေရာသည် တောင်ယာခြံမဟုတ်ပါ ။ သဘာဝတရားကြောင့်လည်း ဤကဲ့သို့ မဖြစ်နိုင်ပါ။ အနီးအနားတွင် ပုံစံတူသုံးနေရာခန့်တွေ့ရသည်။ တွေ့မြင်ခဲ့ရသည့် လွယ်ဖီမျဲန်းအုတ်ဂူပုံစံများနှင့် ကွာခြားသည့်အချက်မှာ အနားတဘက်တည်းတွင်သာ အတန်းလိုက်ကျောက်တုံးစီထားခြင်းဖြစ်သည်။

 

Photo by Sai Myo Mong Nai-ထမ်တင်စန့် (ဆင်ခြေထောက်ဂူ)
Photo by Sai Myo Mong Nai-ထမ်တင်စန့် (ဆင်ခြေထောက်ဂူ)

ထမ်တင်စန့် (ဆင်ခြေထောက်ဂူ)

Photo by Sai Myo Mong Nai-ထမ်တင်စန့်အတွင်းမှနေ၍ ဂူအပြင်ဘက်သို့လှမ်းမြင်ရသည့်ပုံ
Photo by Sai Myo Mong Nai-ထမ်တင်စန့်အတွင်းမှနေ၍ ဂူအပြင်ဘက်သို့လှမ်းမြင်ရသည့်ပုံ

ထမ်တင်စန့်အတွင်းမှနေ၍ ဂူအပြင်ဘက်သို့လှမ်းမြင်ရသည့်ပုံဖြစ်သည်

 

Photo by Sai Myo Mong Nai-ထမ်ဟူးတော် (ပဒူပေါက်ဂူ)
Photo by Sai Myo Mong Nai-ထမ်ဟူးတော် (ပဒူပေါက်ဂူ)

ထမ်ဟူးတော် (ပဒူပေါက်ဂူ)

 

Photo by Sai Myo Mong Nai-ထမ်ဟူးတော် (ပဒူပေါက်ဂူ)
Photo by Sai Myo Mong Nai-ထမ်ဟူးတော် (ပဒူပေါက်ဂူ)

ထမ်ဟူးတော် (ပဒူပေါက်ဂူ)

 

Photo by Sai Myo Mong Nai-တောင်ထိပ်ပိုင်း မတ်စောက်သောကျောက်ဖျာများ
Photo by Sai Myo Mong Nai-တောင်ထိပ်ပိုင်း မတ်စောက်သောကျောက်ဖျာများ

တောင်ထိပ်ပိုင်း မတ်စောက်သောကျောက်ဖျာများ

 

Photo by Sai Myo Mong Nai-သက်စွန့်ဆံဖျားတက်ရောက်သည့်နေရာ
Photo by Sai Myo Mong Nai-သက်စွန့်ဆံဖျားတက်ရောက်သည့်နေရာ

သက်စွန့်ဆံဖျားတက်ရောက်သည့်နေရာ

 

Photo by Sai Myo Mong Nai-ကျောက်ဖျာမျက်နှာပြင်ပေါ်ရှိ ဂူပေါက်သို့ သက်စွန့်ဆံဖျားတက်ရောက်နေသော ကျွန်ပ်တို့၏အဖွဲ့သား
Photo by Sai Myo Mong Nai-ကျောက်ဖျာမျက်နှာပြင်ပေါ်ရှိ ဂူပေါက်သို့ သက်စွန့်ဆံဖျားတက်ရောက်နေသော ကျွန်ပ်တို့၏အဖွဲ့သား

ကျောက်ဖျာမျက်နှာပြင်ပေါ်ရှိ ဂူပေါက်သို့ သက်စွန့်ဆံဖျားတက်ရောက်နေသော ကျွန်ပ်တို့၏အဖွဲ့သား

 

Photo by Sai Myo Mong Nai-ကျွနု်ပ်တို့အဖွဲ့သားများရောက်ရှိခဲ့သည့် ထမ်ဖီမျဲန်းခေါင်းတလားများရှိသည်ဟုယူဆသော ကျောက်ဂူ
Photo by Sai Myo Mong Nai-ကျွနု်ပ်တို့အဖွဲ့သားများရောက်ရှိခဲ့သည့် ထမ်ဖီမျဲန်းခေါင်းတလားများရှိသည်ဟုယူဆသော ကျောက်ဂူ

ကျွနု်ပ်တို့အဖွဲ့သားများရောက်ရှိခဲ့သည့် ထမ်ဖီမျဲန်းခေါင်းတလားများရှိသည်ဟုယူဆသော ကျောက်ဂူ

 

Photo by Sai Myo Mong Nai-သဲဆန်သောတောင်ကတုံးထိပ်မှ အဝေးသို့မြင်ရသည့် လှပသောရှုခင်း
Photo by Sai Myo Mong Nai-သဲဆန်သောတောင်ကတုံးထိပ်မှ အဝေးသို့မြင်ရသည့် လှပသောရှုခင်း

သဲဆန်သောတောင်ကတုံးထိပ်မှ အဝေးသို့မြင်ရသည့် လှပသောရှုခင်း

 

Photo by Sai Myo Mong Nai-ထမ်ဖီမျဲန်းမုဆိုးများ (phimenologists)
Photo by Sai Myo Mong Nai-ထမ်ဖီမျဲန်းမုဆိုးများ (phimenologists)

ထမ်ဖီမျဲန်းမုဆိုးများ (phimenologists)

 

လေးစားစွာဖြင့် –
စိုင်းမျိုး မိန်းနိုင်း (phimenologist)

Leave a Comments

- Advertisement -spot_img

Latest article