Friday, May 3, 2024

နမ့်လန်

သက်တမ်း ၂၉ နှစ်ရှိ နမ့်လန် ဘုန်းကြီးကျောင်းမီးလောင်

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်ကျေးရွာ ၌ သက်တမ်း ၂၉ နှစ်ရှိ မြို့ဦး ဘုန်းကြီးကျောင်း မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ဧပြီလ ၈ ရက် ယနေ့မနက်ကဖြစ်ပွါးသော အဆိုပါ မီးလောင်မှုကြောင့် သက်တမ်း ၂၉ နှစ်ရှိ မြို့ဦး ပရိယတ္တိ ဘုန်းကြီးကျောင်း၊ ကျောင်းဆောင်...

နမ့်လန်မြို့တွင် သျှမ်းစာဖြင့်ရေးသားထားသော လမ်းအမည်ဆိုင်းဘုတ်များ စုပေါင်းစိုက်ထူ

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့တွင် မြို့သူ မြို့သားများစုပေါင်းကာ မိခင်ဘာသာစာပေဖြစ်သော သျှမ်းစာ ပါ၀င်သည့် လမ်းမကြီးနှင့် လမ်းသွယ်များဆိုင်းဘုတ် စုပေါင်းစိုက်ထူခြင်းလှုပ်ရှားမှုတရပ်ပြုလုပ်ခဲ့ကြသည်။ ဇူလိုင်လ ၃၀ နှင့် ၃၁ ရက်နေ့တို့တွင် နမ့်လန်မြို့အတွင်းရှိ လူမှုအခြေပြုအဖွဲ့အစည်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ အစိုးရဌာနဆိုင်ရာတို့ ပူးပေါင်းလက်တွဲကာ မြို့တွင်း ရပ်ကွက်တွင်းရှိ လမ်းမကြီး လမ်းသွယ်များ၏အမည်များကို...

သီပေါမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်မတပ်နှင့် RCSS တိုက်ပွဲဖြစ် ရွာသားရာချီ စစ်ဘေးတိမ်းရှောင်နေ

သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ် နားမခေါ်အုပ်စုအနီး တိုက်ပွဲဖြစ်ပွါးရာ ဒေသခံရွာသား ၆၀၀ ကျော် နားမခေါ်အုပ်စုဘုန်းကြီးကျောင်းသို့ရောက်ရှိစစ်ဘေးခိုလှုံနေ ကြောင်း သိရသည်။ သီပေါနှင့်နမ့်လန်ကြား နားမခေါ်အုပ်စုအတွင်း နို၀င်ဘာလ ၂ ရက်နေ့မနက်ပိုင်းကစပြီး နေ့ခင်းပိုင်းအထိ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS တို့အကြား ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း သီပေါ မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းခမ်းအောင်က အတည်ပြုပြောဆိုသည်။ နားမခေါ်ရွာဘုန်းကြီးကျောင်းသို့ရောက်ရှိကာ...

အစိုးရတပ် ချောင်းမြောင်းပစ်ခတ်ခံရမှုကြောင့် ဖျက်ဆီးခံရသည့် ပြောင်းခြံများ၏ ပိုင်ရှင်များအား ကျေနပ်ကြောင်းလက်မှတ်ထိုးခိုင်း

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်အုပ်စုဝင် မန်လီရွာတွင် ယမန်နေ့က အဆိုပါရွာစခန်းချ အစိုးတပ်အား အမည်မသိအဖွဲ့မှ ၀င်ရောက်ပစ်ခတ်ပြီးနောက်ပိုင်း တပ်စခန်းအနီးရှိ ပြောင်းခြံများအား တပ်မှထွန်ယက်ဖျက်ဆီးခဲ့ပြီးနောက် ပြောင်းခြံပိုင်ရှင်များအား ကျေနပ်ကြောင်း လက်မှတ် ရေးထိုး ခိုင်းသည်ဟုသိရသည်။ "မနေ့က သေနတ်သံထွက်ပြီးတာနဲ့ တပ်နဲ့ကပ်လျက် ပြောင်းခြံ ၅ ခြံထက်မနည်းကို သူတို့ ထွန်စက်ကြီးနဲ့...

သီပေါမြို့နယ်တွင် သျှမ်းဗိန္ဒောဆရာ တဦးအား အမည်မသိလက်နက်ကိုင်လူတယောက်ဝင်ရောက်ပစ်ခတ်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်ဒေသခံ သျှမ်းဗိန္ဒောဆရာ တဦးအား အမည်မသိ လက်နက်ကိုင် ၂ ဦး က ဝင်ရောက် ပစ်ခတ် ခဲ့ကြောင်း သတင်းရရှိသည်။ သြဂုတ် ၂၈ ရက်နေ့ ည ရ နာရီ က နမ့်လန် ကျူတော ရပ်ကွက်နေ ဆရာ...

နမ့်လန်တွင် ပြောင်းရောင်းပြီးရွာအပြန်လင်မယားအား သေနတ်သမားက စောင့်ကြပ်ပစ်ခတ်

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်အုပ်စုတွင် ပြောင်းများရောင်းချပြီးအပြန် ရွာသား ၂ ဦးအား အမည်မသိဆိုင်ကယ်သမားကလိုက်လံပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။ နမ့်လန်သို့ပြောင်းသွားရောင်းချပြီးအပြန် နောင်ဝိုးရွာသား ဆိုင်ကယ်စီးလင်မယား ၂ ယောက်အား နမ့်လန်နှင့်မန်လီကြားတွင် ဆိုင်ကယ်နှင့်သေနတ်သမား ၂ ဦးက စောင့်ကြပ်ပစ်ခတ်ခြင်းဖြစ်ကြောင်း နမ့်လန်ဒေသခံ ကုန်သည်တဦးက ပြောသည်။ “အပစ်ခံရသူက လုံးစန်းသြ အသက် ၄၂ နှစ်၊ သူ့မိန်းမက...

သျှမ်းပြည်တွင်း မူးယစ်ဆေးသုံးသူများပြား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်အုပ်စုတွင် မူးယစ်ဆေးဝါး သုံးစွဲသူများက ညအချိန်တွင် ရပ်ရွာ အတွင်းနှင့်ဘုန်းကြီးကျောင်းများပါမကျန် ၀င်ရောက်ရမ်းကားသောကြောင့် ဒေခံများ စုပေါင်းဖမ်းကြရ သည်ဟု သိရသည်။ "ရပ်ရွာထဲမှာ လူတွေကိုလိုက်နှောင့်ယှက်နေတယ်။ အဖွဲ့လိုက်လည်းရှိတယ်။ တယောက်ချင်းလည်းရှိတယ်။ ရွာသားတွေကို လောက်လေးဂွတွေနဲ့ပစ်တယ်။ သူများတွေနေအိမ်တွေထဲကို၀င်ပြီး ခိုးတယ်။ ဘုန်းကြီးကျောင်း တွေထဲဝင်ပြီး ဦးဇင်းတွေကိုပါမကျန် ဓါးပြ...

သီပေါမြို့နယ် နမ့်လန်တွင် မိုးသည်းမှုကြောင့် စံချိန်တင်ရေကြီး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် နမ့်လန်အုပ်စုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများမြို့တွင်းဝင်ကာ နေအိမ်၊ ခြံစည်းရိုးများပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်းသိရသည်။ ဇွန်လ ၅ ရက်ညနှင့် ၆ ရက်နေ့မနက်ပိုင်းတို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် လူနေအိမ်များအတွင်း ရေများ စီးဝင်ကုန်ကြောင်း၊ အုတ်နံရံများ၊ အုတ်ခြံစည်းရိုးများ ပြိုလဲကြောင်း နမ့်လန်ဒေသခံလည်းဖြစ်၊ သျှမ်းလူငယ် ကွန်ယက် TYN ပြောရေးဆိုခွင့်လည်းဖြစ်သည့်...

Latest news