သီပေါမြို့နယ် နမ့်လန်တွင် မိုးသည်းမှုကြောင့် စံချိန်တင်ရေကြီး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် နမ့်လန်အုပ်စုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများမြို့တွင်းဝင်ကာ နေအိမ်၊ ခြံစည်းရိုးများပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်းသိရသည်။

နမ့်လန်တွင် မိုးသည်းရေကြီးမှုကြောင့် တောင်ကျရေများ ရပ်ရွာအတွင်းစီးဝင် Photo: NSJ

ဇွန်လ ၅ ရက်ညနှင့် ၆ ရက်နေ့မနက်ပိုင်းတို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် လူနေအိမ်များအတွင်း ရေများ စီးဝင်ကုန်ကြောင်း၊ အုတ်နံရံများ၊ အုတ်ခြံစည်းရိုးများ ပြိုလဲကြောင်း နမ့်လန်ဒေသခံလည်းဖြစ်၊ သျှမ်းလူငယ် ကွန်ယက် TYN ပြောရေးဆိုခွင့်လည်းဖြစ်သည့် စိုင်းနော်ဆိုင် ကပြောသည်။

“နမ့်လန်အုပ်စုမှာရှိတဲ့ ရွာတိုင်းနီးပါး ရေကြီးမှုဒဏ်ခံရတယ်။ နမ့်လန်မြောက်ဘက် ၄-၅ မိုင်အကွာက တောင် ပေါ် ကနေ တောင်ကျရေတွေ ရွာတွေထဲဝင်လာတာဖြစ်တယ်။ အိမ်ခြေ ၃၀ လောက် ခြံစည်းရိုးတွေ ပြိုလဲ တယ်။ အိမ်မွေးကြက်ဝက်တွေ ရေနဲ့မျောပါတာတွေရှိခဲ့တယ်။ ခုထိတော့လမ်းတွေမှာ အိုင်ထွန်းနေတုန်းဘဲ။ သွားရေးလာရေးခက်ခဲတာပေါ့” – ဟုစိုင်းနော်ဆိုင်က သျှမ်းသံတော်ဆင့်အားပြောသည်။

နမ့်လန်တွင် မိုးသည်းရေကြီးမှုကြောင့် တောင်ကျရေများ ရပ်ရွာအတွင်းစီးဝင်
Photo: NSJ

နမ့်လန်အုပ်စုအထက်ပိုင်းရှိ တောင်ပေါ်တွင် သစ်ပင်သစ်တောနည်းပါးလာမှုကြောင့် မိုးရွာသွန်းပါက တောင် ကျရေများမှာ နမ့်နောင်နင်းမ်ကန်အတွင်း စီးဝင်ပြီး ကန်ရေလျှံကာ ရပ်ရွာများအတွင်း ရေများစီး ၀င်ခြင်းဖြစ် ကြောင်း ဒေသခံများကပြောသည်။

“ကျနော်တို့လေ့လာကြည့်သလောက်ဆိုရင် ၂၀၀၇ ခုနှစ်ကစပြီး နမ့်လန်မှာ အကြီးမားဆုံးရေကြီးမှု စတင်ဖြစ်ပွါးခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒီမတိုင်ခင်က တောင်ပေါ်မှာ ယာခုတ်ပြီး ပြောင်းခြံ လုပ်ကြတယ်လေ။ သစ်ပင်တွေမရှိတော့ တောင်ကျရေထိန်းပေးမယ့်ဟာမရှိတော့ ရေတွေက လူနေရပ်ရွာတွေထဲဝင်လာတာ ။ အဲဒီကစပြီးနှစ်တိုင်း နမ့်လန်မှာရေကြီးပါတယ်။ ဒီနှစ်လည်း စံချိန်တင်ရေကြီးမှုကြုံရတယ်။” – ဟု စိုင်းနော်ဆိုင်က ပြောသည်။

ယမန်နှစ်က အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် နမ့်လန်တွင် ရေကြီးမှုဖြစ်ပွါးခဲ့သေးသည်။ ထိုစဉ်က စာသင်ကျောင်းများပါ ပိတ်ထားရသည်အထိဖြစ်ခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

နမ့်ခမ်းမြို့နယ် တပတ်နီးပါး ရေကြီး၊ လယ်ယာ ဧက၁ထောင်နှင့် လူနေအိမ်များရေမြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တစ်ပတ်ခန့်ကြာ ရွှေလီမြစ်ရေကြီးမှုကြုံနေရပြီး ရေမြှုပ်နေသည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှစပြီး ရွှေလီမြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံနေရသည့် နမ့်ခမ်းမြို့သည် ယနေ့( ဇူလိုင်လ ၂၃) ရက်ထိ ရေပြန်မကျသေးကြောင်း...