သီပေါမြို့နယ်တွင် သျှမ်းဗိန္ဒောဆရာ တဦးအား အမည်မသိလက်နက်ကိုင်လူတယောက်ဝင်ရောက်ပစ်ခတ်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်ဒေသခံ သျှမ်းဗိန္ဒောဆရာ တဦးအား အမည်မသိ လက်နက်ကိုင် ၂ ဦး က ဝင်ရောက် ပစ်ခတ် ခဲ့ကြောင်း သတင်းရရှိသည်။

ပစ်ခတ်ခံရသည့် ဆရာလုံးဆန်စိုင်း (Photo :Htay Toom Facebook)

သြဂုတ် ၂၈ ရက်နေ့ ည ရ နာရီ က နမ့်လန် ကျူတော ရပ်ကွက်နေ ဆရာ လုံးဆန်စိုင်းသည် မိမိနေအိမ်အတွင်း ဘုရားရှိခိုးနေချိန် အမည်မသိ လက်နက်ကိုင် ၂ ဦး က ဆိုင်ကယ်မောင်းလာကာ နေအိမ်အတွင်းဝင်ရောက် ပစ်ခတ်မှု ပြုခဲ့သည်ဟု နမ့်လန် ဒေသခံ စိုင်းလူ က ပြောပြသည်။

“လူ ၂ ယောက် ဆိုင်ကယ်နဲ့လာတယ်။ တယောက်က ဆိုင်ကယ်ပေါ်ကနေ စောင့်တယ်။ နောက်တယောက်က တော့ အိမ်ထဲဝင်လာပြီး ဆရာလုံးဆန်စိုင်းလား လို့မေးတယ်။ ဆရာက ဟုတ်တယ် လို့ပြောတာနဲ့ ၃ ချက်ဆင့် ပစ်သွားတယ်။ နံရိုး နားမှာ ၂ ချက် နဲ့ ပေါင် ၁ ချက် ထိမှန်သွားတယ်” ဟု စိုင်းလူ က ပြောသည်။

သေနတ်ပစ်ခံရသည့် လုံးဆန်စိုင်းကို နမ့်လန်ဆေးရုံ သို့ ပို့ဆောင် ကုသနေကြောင်း စိုင်းလူ က ပြောသည်။

အဆိုပါ လုံးဆန်စိုင်း သေနတ်ပစ်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး နမ့်လန်မြို့ ရဲစခန်းသို့ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားခြင်း မရှိပေ။

ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့ကလည်း မနက် ၁၀ နာရီ ကျော်အချိန်က စျေးသည် အသက် ၄၀ ကျော် အမျိုးသားနှင့် အမျိုးသမီး ၂ ဦးကို အမည်မသိ လက်နက်ကိုင် ၂ ဦးက ဆိုင်ကယ်ဖြင့် လိုက်လံ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကျင်လည်သည့် နေရာတခုဖြစ်ပြီး၊ ယခုနှစ်အတွင်း သီပေါမြို့နယ် တွင် အရပ်သားများ မကြာခဏ သေနတ်ပစ်ခတ်ရမှုဖြစ်ပွားကာ၊ လာရောက်ပစ်ခတ်သည့် တရားခံများကို တကြိမ်တခါမျှ ဖမ်းဆီးရခြင်းမရှိခဲ့ကြောင်း သီပေါမြို့နယ် ဒေသခံများက ပြောဆိုကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်း မူလတန်းကျောင်းတခုတွင် ရဲအရာရှိမှ သေနတ်ဖြင့်ဝင်ပစ်၊ အမျိုးသမီးတဉီးသေဆုံး

0
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် စည်ပင်သာရေးဌာန၏ ကလေးထိန်းကျောင်းတခုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဉီးသေဆုံးကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာ ၉ ရက်) မနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်အတွင်းရှိ၊ နောင်ပလာလိုင် (Nong Pla Lai) ကလေးထိန်းကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဉီး သေဆုံးခဲ့ပြီး...

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...

ညောင်ရွှေ PNO တပ်သားမှ အရက်မူးပြီး သေနတ်ပစ်ဖောက်ရာ အိမ်ရှင်အမျိုးသားတစ်ဉီး ကျည်ထိမှန်ဒဏ်ရာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားအင်း အနောက်ဘက်ကမ်းရှိ ကျောက်တန်းကျေးရွာတွင် PNO ပြည်သူ့စစ်မှ အရက်မူးပြီး သေနတ်ပစ်ဖောက်ရာ အိမ်ရှင်အမျိုးသားတစ်ဉီး သေနတ်ထိမှန်သွားခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ (၂၂) ရက်တွင် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ရင်း (၇) မှ တပ်သားများသည် ကျောက်တန်းကျေးရွာရှိ...