Monday, May 6, 2024

တောင်ကြီးမြို့

သီတင်းကျွတ်လပြည့်နေ့  အဝေရာကွင်းတွင် မီးပုံးပျံ ပြုတ်ကျ ကားမီးလောင်မှု ဖြစ်ပွား

သျှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ တွင် သီတင်းကျွတ်လပြည့်ည အပျော်လွှတ် မီးပုံးပျံတလုံး ပြုတ်ကျရာ ကားတစီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၁၃ ရက်  ည ၁၁ နာရီခွဲ က သီတင်းကျွတ်လပြည့်နေ့  အပျော်လွှတ်သည့် မီးပုံးပျံ လေတိုက်ရာမှ ပြုတ်ကျကာ ကားမီးလောင်မှုဖြစ်ပွားခဲ့သည် ဟု...

ရေကာတာနှင့် ဆက်စပ်သည့် IFC အဖွဲ့အစည်းအဝေးတွင် ဒေသခံများ ဆန့်ကျင်ကန့်ကွက်

IFC (International Finance) မှ ဦးဆောင်ကျင်းပသည့် “ မြစ်ငယ်မြစ်ဝှမ်း ဒေသပြည့်ဖြိုးမြဲ စွမ်းအင် ဖွံ့ဖြိုးမှုဆိုင်ရာ စုပေါင်းထပ်ဆင့် ထိခိုက်မှု အကဲဖြတ် ဆန်းစစ်ခြင်းနှင့် စီမံခန့်ခွဲခြင်း အစည်းအဝေး” ကို ယနေ့ တောင်ကြီးမြို့ တွင်ကျင်းပစဉ် ယင်းအစည်း အဝေးကို ဒေသခံပြည်သူလုထုများ နှင့်...

တောင်ကြီးမြို့တွင် မိုးကြောင့် မြေပြို နေအိမ်များပြောင်းရွှေ့ရ

သျှမ်းပြည် တောင်ပိုင်း မြို့တော် တောင်ကြီးတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် မြေပြိုမှု ဖြစ်ပွားကာ လူနေအိမ်များ ပြောင်းရွှေ့လိုက်ရကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ ၈ ရက်က မြို့မရပ်ကွက်တွင် မြေပြိုမှုကြောင့် အိမ်ထောင်စု ၉ စု၊ လူဦးရေ ၅၀ ကျော်ကို ဘုန်းကြီးကျောင်းနှင့်သက်ဆိုင်ရာ ဆွေမျိုးများ နေအိမ်သို့ရွှေ့ပြောင်းပေးရကြောင်း တောင်ကြီးမြို့...

တောင်ကြီးတွင်မိုးသည်း ရေကြီး အမျိုးသားတဦး မြောင်းထဲ ကျွံကျသေဆုံး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် ရေကြီး ကာ အသက် ၁၇ နှစ်အရွယ် အမျိုးသား တဦး မြောင်းထဲပြုတ်ကျသေဆုံးကြောင်း သိရသည်။ စက်တင်ဘာလ ၄ ရက်နေ့က တောင်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးကာ လမ်းမတော် ရပ်ကွက် ရေမြောင်းတခုအတွင်း အသက် ၁၇ နှစ်...

သျှမ်းပြည်နယ်သည် ဓါတုမူးယစ်ဆေးဝါး များထုတ်လုပ်နိုင်ရန် အတွက် အခွင့်အရေး တစ်ရပ်ဖြစ်နေသည် ဟုဆို

သျှမ်းပြည်နယ်သည် အိမ်နီးချင်းနိုင်ငံများနှင့်ဆက်စပ် တည်ရှိနေသည့်အတွက် ဓါတုမူးယစ်ဆေးဝါး များထုတ်လုပ်နိုင်ရန် အတွက် အခွင့်အရေး တစ်ရပ်ဖြစ်နေကြောင်း သျှမ်းပြည်နယ် မူးယစ်ဆေး ၀ါးများနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေး အဖွဲ့က ပြောသည်။ ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် သျှမ်း+ကယား ပြည်နယ်ရှိ ဖမ်းဆိးရမိသော မူးယစ်ဆေးဝါးများ...

သျှမ်းပြည်နယ် JMC-S နှင့် JMC-L ကိုယ်စားလှယ်များအား ဗြိတိသျှသံရုံးမှ ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံ

သျှမ်းပြည်နယ်အဆင့်နှင့်ခရိုင်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစောင့်ကြည့်ရေးအဖွဲ့များအား ဗြိတိသျှသံအမတ်များက တွေ့ဆုံမှုပြုပြီး ဒေသတွင်းဖြစ်ပေါ်နေသည့်အခြေအနေများ ကိုမေးမြန်းခဲ့ကြောင်းသိရသည်။ သျှမ်းပြည်နယ် JMC-S နှင့် JMC-L လူထုကိုယ်စားလှယ်များအား ဇွန်လ ၆ ရက် နံနက် ၁၁ နာရီမှ ၁၂ နာရီအထိ တောင်ကြီးမြို့ကောင်းလွန်းဟိုတယ်တွင် ဗြိတိသျှသံရုံးမှ ကိုယ်စားလှယ်နှင့်အဖွဲ့ကတွေ့ဆုံခဲ့ကြောင်း တွေ့ဆုံမှုတွင်ပါ၀င်ခဲ့သည့် JMC-L မှ...

တောင်ကြီးသင်္ကြန်ကာလ အကြိုလုံခြုံရေးဆောင်ရွက်ရာတစ်ပတ်အတွင်း (၁၄) မှု အရေးယူနိုင်ခဲ့ဟုဆို

တောင်ကြီးမြို့ပေါ်သင်္ကြန်ကာလ အကြိုလုံခြုံရေးအတွက်ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ရာ တစ်ပတ်အတွင်း လက်နက်မှု (၃) မှုနှင့် မူးယစ်ဆေးဝါး မှု (၁၁) မှုစုစုပေါင်း(၁၄) မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်းတောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်နိုင်ထံမှသိရ သည်။ " သင်္ကြန်ကာလမှာ ခိုက်ရန်ဖြစ် ပွားမှုတွေ ၊ သင်္ကြန်နဲ့ ပတ်သက်တဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ၊...

တောင်ကြီး ဗိုလ်ချုပ်ပန်းခြံ တွင် လူ့အခွင့်အရေးနေ့ ကျင်းပခွင့်မရ  

သျှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ဗိုလ်ချုပ် ပန်းခြံ တွင် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျင်းပမည် နိုင်ငံတကာ လူ့အခွင့်အရေး အခမ်းအနားကို မြို့နယ် စည်ပင်သာယာရေး ဌာန က ခွင့်မပြုကြောင်း သိရသည်။ တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံ တွင် လူ့အခွင့်အရေး နေ့ ကျင်းပရန်...

လူထုနှင့်အဖွဲ့အစည်းများကန့်ကွက်သည့်ကြားက တပ်မတော်ထောက်ခံပွဲ တန်ဆောင်တိုင်ဖွင့်ပွဲရက်တွင် ပြုလုပ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် တန်ဆောင်တိုင်ပွဲတော်ကျင်းပသည့်ဖွင့်ပွဲရက်တွင်တိုက်ဆိုင်စွာ တပ်မတော်ထောက်ခံပွဲတရပ်ကျင်းပခဲ့သည်။ ၂၀၁၈ နို၀င်ဘာလ ၁၄ ရက် မွန်းတည့်ချိန်တွင် တောင်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်များမှ လူထုအင်အား ၅ ထောင်ခန့်သည် တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မင်းကွန်းပရိယတ္တိစာသင်တိုက်ရှေ့ တွင်စုဆုံကာ ဗိုလ်ချုပ်လမ်း ထိုမှတဆင့် ဘုရင့်နောင်လမ်းအတိုင်းလမ်းလျှောက်ကာ သစ်တောရပ်ကွက်ကျောက်တိုင်ကွင်း မိုးလုံလေလုံ ပြည်နယ်...

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲတွင်ပြုလုပ်မည့် တပ်မတော်ထောက်ခံပွဲကို တောင်ကြီးလူထု ကန့်ကွက်

သျှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲရက်တွင် ပြုလုပ်မည့် “ တပ်မတော် ထောက်ခံပွဲ” ကို ကန့်ကွက်သည့် စာကို သျှမ်းပြည်နယ် အစိုးရထံ နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။ “ တပ်မတော် ထောက်ခံပွဲ” ကို ပါဝင်ကန့်ကွက်သည့် အဖွဲ့အစည်းများမှာ...

Latest news