Saturday, April 20, 2024

တောင်ကြီး Quarantine ဝင်သူ အမျိုးသားတဦး နေမကောင်းဖြစ်

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ မိုးကုတ်ရိပ်သာမှာ Quarantine ဝင်နေသော အမျိုးသားတစ်ဦး ဖျားနေသဖြင့် စဝ်စံထွန်း ဆေးရုံ သို့ ပို့ဆောင်ကာ အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။

Photo by NRC

အဆိုပါ အမျိုးသားသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ပြန်လာသူဖြစ်ပြီး လက်ရှိမှာ တောင်ကြီး စဝ်စံထွန်း ဆေးရုံမှာ Hospital Quarantine တင်ထားကြောင်း သိရသည်။

“လူနာ ရဲ့ ပြောပြချက်အရ ဖျားလိုက် ပျောက်လိုက် ၂ လ လောက်ရှိပြီတဲ့။ မနေ့ည ၈ နာရီ လောက်က ဆေးရုံကို ရောက်လာတယ်” ဟု စဝ်စံထွန်းဆေးရုံမှ ဒေါက်တာ ဝေဝေမွန် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိဖျားနေသည့် လူနာသည် ထိုင်းနိုင်ငံ မှ မြန်မာနိုင်ငံ မြဝတီဘက်မှ ပြန်ဝင်လာသည့် သူဖြစ်ပြီး တောင်ကြီး မိုးကုတ် ရိပ်သာမှာ မေလ ၂၇ ရက်နေ့ ကရောက်ရှိလာကာ Quarantine ၂၁ ရက် ဝင်ထားသည့် ပြည်တော်ပြန် ဖြစ်သည်။

“လူနာကတော့ ကောင်းတယ် အဖျားရှိတာ တစ်ခုပဲ။ လောလောဆယ်တော့ ဆရာမ တို့ဘက်က သက်ဆိုင်တဲ့ ဆရာဝန်တွေ ကြည့်ပြီးတော့မှ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ထားတယ်ပေါ့နော်။ ဓါတ်ခွဲနမူနာ ၃ ရက်နေ့ ယူမယ်။” ဟု ဒေါက်တာ ဝေဝေမွန် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုင်းနိုင်ငံမှ ပြန်လာမည့် ပြည်တော်ပြန် ထဲတွင် သျှမ်းပြည် ဒေသခံ၂၀၀၀ကျော်ပါရှိပြီး လက်ရှိ တောင်ကြီးမြို့ မိုးကုတ်ရိပ်သာတွင် ရောက်ရှိပြီး Quarantine ဝင်သည့် ပြည်တော်ပြန် ၁၀၀ကျော် ရှိကြောင်းသိရသည်။

ထို လူနာ အမျိုးသားကို Covid-19 သံသယ လူနာ အဖြစ် သတ်မှတ်ထားခြင်း မရှိဘဲ ဆေးရုံမှာ အသွားအလာ ကန့်သတ်ထားခြင်း သာ ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article