Thursday, May 2, 2024

တောင်ကြီး Covid-19 လူနာ ဆေးရုံက ဆင်းခွင့်ရ

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်း ဆေးရုံမှာ ဆေးကုသ ခံယူနေသည့် Covid-19 လူနာ အမှတ် (၂၉) ဆေးရုံ ဆင့်ခွင့်ရကြောင်း  စုံစမ်းသိရသည်။


အဆိုပါ လူနာ အမှတ်(၂၉)၏ ဓါတ်ခွဲနမူနာ ၃ ကြိမ် စစ်ဆေးရာ Negative ဖြစ်ကြောင်း ယနေ့ ဧပြီ ၂၇ ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုမည် ဖြစ်ကြောင်း ပြည်နယ်အထူးရောဂါ နိမ်နင်းရေးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“Case -29 ကိုယ်တိုင်ကတော့ ၃ ကြိမ်ပြည့်မှာ Negative ထွက်တယ်။ သူ့ကို ဒီနေ့ ဆေးရုံက ဆင်းခွင့်ပေးတော့မယ်။ ဆေးရုံက ဆင်းပြီးတော့ facility quarantine ဟိုတယ် တခုမှာ တပတ်ထပ်ထားမယ်။” ဟု ဒေါက်တာနှင်းအိဖြူ ကပြောသည်။

ဧပြီ ၂၇ ရက်နေ့တွင် လူနာအမှတ် ၂၉ ၏ မိသားစု ဝင်များကို ဓါတ်ခွဲနမူနာ ထပ်မံ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

“Case 29 ရဲ့ မိသားစုက ဒီနေ့ ၂၇ ရက်နေ့မှာ ဓါတ်ခွဲ နမူနာ ထပ်ယူပြီးတော့ စစ်မယ်”ဟု ဒေါက်တာနှင်းအိဖြူ ကပြောသည်။

လူနာ အမှတ် (၂၉) သည် အသက် (၂၆) နှစ် အမျိုးသားဖြစ်ပြီး အင်္ဂလန်ပြန် ဆရာဝန် တစ်ဦးဖြစ်ကာ အင်္ဂလန် နိုင်ငံ မှ မြန်မာနိုင်ငံ သို့ မတ်လ ၂၈ ရက်နေ့က ရောက်ရှိလာပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် မင်္ဂလာဒုံမြို့နယ်ရှိ သတ်မှတ်ထားသော Facility Quarantine ပြုလုပ်ခဲ့သူ ဖြစ်သည်။

၎င်း လူနာသည် ဧပြီ ၁၁ ရက်နေ့ က တောင်ကြီး စဝ်စံထွန်း ဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူခဲ့သည်။

မြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူ ၁၄၆ ဦး ရှိပြီး သျှမ်းပြည်တွင်းရှိ ပိုးတွေ့လူနာ ၇ ဦး အနက် လူနာ အမှတ် ၂၉ သည် ပထမဆုံး ဆေးရုံမှ ဆင်းတော့မည့် ရောဂါပိုး ကင်းစင် သူဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article