ရောင်းမထွက်သည့် ဂေါ်ဖီထုပ်များ ပြည်သူထံ အခမဲ့လှူဒါန်းပေးမည်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့ အတွင်း ရောင်းမထွက်သည့် ဂေါ်ဖီထုပ်များကို ပြည်သူထံ အခမဲလှူဒါန်းပေးသွားမည် ဟု စုံစမ်းသိရသည်။

Photo by Win Soe Naing

ယနေ့ (ဇွန် ၁ ရက်) နေ့မှာ တောင်ကြီးမြို့ စေတနာ့ဝန်ထမ်းများ အဖွဲ့မှ အေးသာာယာမြို့ သစ်ပင်ထောင်ရွာရှိ ဂေါ်ဖီထုပ်များ ကိုယ်တိုင် ကွင်းဆင်း ခုတ်ယူပြီး တောင်ကြီးမြို့ရှိ ရပ်ကွက်များနှင့် ဈေးများတွင် လိုက်ဝေ ပေးခဲ့ကြောင်းသိရသည်။

“ကျနော်တို့ ကိုယ်တိုင် ဆင်းခုတ်ပြီး တောင်ကြီးမြို့မ ဈေး နဲ့ 212 ဈေး ကို လိုက်ဝေမယ်ဗျ။ကျနော်တို့ တတ်နိုင်သလောက် ခြံပိုင်ရှင်ကို စိုက်ပျိုး ခ ဈေးနှုန်း ပြန်ကူညီပေးတယ်ဗျ” ဟု စေတနာ့ဝန်ထမ်းများ အဖွဲ့မှ ကိုဝင်းနိုင်စိုး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ရောင်းမထွက်သည့် ဂေါ်ဖီထုပ်များကို ကိုယ်တိုင် ကွင်းဆင်း သွားရောက်ခုတ်ကာ တောင်ကြီး မြို့မဈေးတွင် အခမဲ့ ဝေပေးကြောင်း လည်း ကိုဝင်းနိုင်စိုးက ပြောသည်။

“ကျနော်တို့ ဒီနေ့ ကိုယ်တိုင် သွားခုတ်ပြီး အခု တောင်ကြီး မြို့မ ဈေးမှာ အခမဲ့ ဝေနေပါတယ်။ အလုံးရေ ၁ ထာင် ပါ။ နက်ဖန် ၃ ထောင် သွားခုတ် ပြီး ဈေးတွေမှာ အခမဲ့ ဝေပါအုံးမယ်။” တောင်ကြီး ပရဟိတ ကိုဝင်းနိုင်စိုး က ပြောသည်။

Covid-19 ကြောင့် တောင်သူများ အခက်ခဲများစွာ ရင်ဆိုင်ခဲ့ရပြီး လက်ရှိ အရှုံးပေါ်နေသည့် ဂေါ်ဖီထုပ် စိုက်ပျိုးသည့် တောင်သူများကို ကမ္ဘောဇဘဏ် မှလည်း ခြံပိုင်ရှင် များထံ ဂေါ်ဖီထုပ် ၃ သိန်းကျော် ဝယ်ယူပြီး ရန်ကုန်၊ မန္တလေး၊မြင်းခြံ ၊ မော်လမြိုင် ၊ ရမည်းသင်း စသည့် တို့ကို တင်ပို့ လှူဒါန်းခဲ့သည်။

Photo by WIn Soe Naing

သျှမ်းပြည်တောင်ပိုင်းသည် စိုက်ပျိုးရေးကိုသာ အဓိကထား အားကိုးနေရသည့် ဒေသဖြစ်သကဲ့သို့ ထွက်ရှိလာသည့် သီးနှံများကို မြန်မာပြည် တဝှမ်းသို့ တင်ပို့ ရောင်းချနေသည့် ပင်မ စိုက်ပျိုးရေး ဒေသ တစ်ခုလည်း ဖြစ်သည်။

လက်ရှိ မြန်မာတဝှမ်းတွင် ရင်ဆိုင်နေရသည့် ကိုဗစ် – ၁၉ ကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာကာ သျှမ်းပြည်တောင်ပိုင်းတွင် စိုက်ပျိုးသည့် သီးနှံများ ပြည်မကြီးသို့ ပို့ဆောင်ရန် ခက်ခဲလာပြီး တောင်သူများ အရှုံးများဖြင့် ရင်ဆိုင်နေရသည်။

တောင်သူများ အနေဖြင့် သီးနှံထွက်ကုန်များ ပြည်မကြီးသို့ အလွယ်တကူ တင်ပို့ပြီး ရောင်းချနိုင်ရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်များ စီမံပေးရန်လည်း တောင်းဆို လိုက်သည်။

Leave a Comments

SHARE