PNO ဖိတ်ကြားချက် အရ ဒေါ်အောင်ဆန်းစုကြည် တောင်ကြီး ကျောက်တလုံးဘုရားထီးတင်ပွဲတက်ရောက်

“ အဓိက က ကျမ ဘုရားထီးတင်တဲ့ ကိစ္စနဲ့ လာတာပါ” ဟု ယမန်နေ့က ပြုလုပ်သော တောင်ကြီးမြို့ လူထု တွေ့ဆုံပွဲ တွင်နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည် က ပြောကြားခဲ့သည်။

Photo SHAN-နို၀င်ဘာလ ၁၉ ရက် ၂၀၁၉ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးမြို့လူထုနှင့်တွေ့ဆုံ

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည် သည် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် ( PNO) ဖိတ်ကြားချက် အရ ယနေ့ နို၀င်ဘာလ ၂၀ ရက် မနက် ပိုင်း က တောင်ကြီးမြို့ ကျောက်တလုံးကြီး ကျေးရွာ တွင် ဘုရား ထီးတော်တင်ပွဲ နှင့် သံဃာ ၅၂၈ ပါး ဆွမ်းလောင်း ပွဲကို တက်ရောက်ရန် ရောက်ရှိလာခြင်းသာဖြစ်ကြောင်းသိရသည်။

ယနေ့ နေ့လည်ပိုင်းတွင်လည်း PNO ဥက္ကဌ ဦးအောင်ခမ်းထီ နှင့် နေ့လည်စာ အတူ စားသုံးရန် ရှိသည် ဟု သိရသည်။

ကျောက်တလုံးကျေးရွာ ဘုရားထီးတင်သွားရန် အတွက် နေပြည်တော်မှရောက်ရှိလာသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုဝင်ဘာ ၁၉ ရက်က တောင်ကြီးမြို့တွင် ခေတ္တရပ်နားကာ  ၂ နာရီခန့်အကြာ လူထုနှင့် တွေ့ဆုံပွဲလုပ်ရခြင်းဖြစ်ကြောင်း  ပြောသည်။

တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ပြုလုပ်သော လူထု တွေ့ဆုံပွဲတွင် လာရောက်တွေ့ဆုံသည့် ရပ်မိရပ်ဖ နည်းကြောင်း၊ ပွဲတက်ရောက်မည့်သူကို သက်ဆိုင်ရာမှ ရွေးချယ်ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ယမန်နေ့က ထောက်ပြပြောဆိုလိုက်သည်။

“ ကျမ ဒေသခံတွေနဲ့ တွေ့ချင်လို့ လူထု တွေ့ဆုံပွဲလုပ်တာပါ။ ပြည်သူတွေကို ဘယ်လို ရွေးထားလဲ မေးချင်တယ်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က မေးခွန်းထုတ်လိုက်သည်။

Photo SHAN-နို၀င်ဘာလ ၁၉ ရက် ၂၀၁၉ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးမြို့လူထုနှင့်တွေ့ဆုံ

ထို တွေ့ဆုံပွဲတွင် လူထုက မိမိမေးလိုသည့် မေးခွန်းကို ကြိုတင် ပေးထားရပြီး၊ ထိုအနက်မှ (တက်ရောက်သူများအနက်မှ) လူ ၁၀ ဦးအတွက်သာ မဲနှိုက်ကာ ရရှိလာသည့် မေးခွန်း ၂၀ ခုကိုသာ သျှမ်းပြည် ဌာနဆိုင်ရာ ဝန်ကြီး အသီးသီးက ပြန်လည်ဖြေကြားပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူလူထုတွေ့ဆုံပွဲတွင် သိလိုသည့် မေးခွန်းများ မေးမြန်းရန် အတွက် ကြိုတင် မဲ ၁၀ ခုတွင် အများစုသည် တောင်ကြီးမြို့ရေမြောင်း ပိတ်ဆို့ကာ ရေကြီး ရေလျှံမှုဖြစ်ပွားခြင်း ကိစ္စ၊ မီးရရှိရေးကိစ္စတို့သာ ဖြစ်ကြောင်းတွေ့ရသည်။

တက်ရောက်လာသည့် လူထု ၏မေးခွန်းအများစုမှာ မြေယာ ကိစ္စနှင့် ဌာနဆိုင်ရာ ကိစ္စများ လည်းဖြစ်နေကြောင်း တွေ့ရသည်။

လူထုတွေ့ဆုံပွဲကို တောင်ကြီးခရိုင် အတွင်းရှိ မြို့နယ် ၅ မြို့နယ် မှ ပြည်သူလူထု ၃၅၀ ဦး၊ တက်ရောက်ခဲ့ပြီး အရပ်ဖက် လူမှု အဖွဲ့အစည်းများ တက်ရောက်ခြင်းမရှိခဲ့ပေ။

“ ဒါက သူတို့လူတွေပဲ ခေါ်တာ။လက်တို့ခေါ်တဲ့သဘောပဲ။ မေးတဲ့ မေးခွန်းတွေလည်း သူတို့ပြင်ထားတဲ့ မေးခွန်းတွေပဲ” ဟု လူထုတွေ့ဆုံပွဲ ကို တက်ရောက် နားထောင်သည့် အမျိုးသမီး တဦးက ပြောသည်။

ထူးခြားချက်မှာ ညောင်ရွှေ ဟော်နန်းရရှိရန် အတွက် ကြိုးစားနေသည့် မြန်မာနိုင်ငံတော် သမ္မတဟောင်း ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏သမီး ဖြစ်သူ စဝ်ဟေမာန်သိုက်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဆုံရန် အတွက် လူထု တွေ့ဆုံပွဲသို့ တက်ရောက်လာ ခြင်းဖြစ်သည်။

“ ကျမကို ဖိတ်ကြားတာတော့မရှိဘူး။ ကျမ ဘာသာ ကျမ တက်လာတာပါ” ဟု စဝ်ဟေမာန်သိုက် ကပြောသည်။

သို့သော် တက်ရောက်ခွင့်သာရပြီး မေးမြန်းခွင့်တော့မရခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...