Friday, January 30, 2026

တိုက်ပွဲ

လားရှိုး မန်ဆူဘုန်းကြီးကျောင်း ဗုံးကြဲခံရ စစ်ဘေးရှောင် အမျိုးသမီး ၃ ဦးအပါအဝင် ၅ ဦး သေဆုံး

သျှမ်းပြည် လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် သီရိမင်္ဂလာ မန်ဆူသျှမ်းကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် အမျိုးသမီး ၃ ဦးအပါအဝင် (၅) ဦး ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) နံနက်ပိုင်းတွင် လားရှိုးမြို့ရှိ သီရီမင်္ဂလာ မန်ဆူဘုန်းကြီးကျောင်း အနီးသို့...

သျှမ်းမြောက်တိုက်ပွဲ ရပ်စဲနိုင်ရန် သက်ဆိုင်သူများ ဆွေးနွေးရန် RCSS က တိုက်တွန်း

သျှမ်းပြည်မြောက်ပိုင်းတိုက်ပွဲ အပစ်ရပ်စဲနိုင်ရန်အတွက် RCSS က သက်ဆိုင်သူများ တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းလိုက်သည်။ အဆိုပါ တိုက်တွန်းချက်ကို ဇူလိုင် ၂၆ မှ ၂၈ ရက်နေ့အထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ ၆ လပတ်အစည်းဝေးကို လွိုင်တိုင်းလျန်တွင် ပြုလုပ်ခဲ့ပြီးနောက် ထုတ်ပြန်လာခြင်းဖြစ်သည်။ ထို ထုတ်ပြန်ချက်ထဲတွင် သျှမ်းပြည်မြောက်ပိုင်းတိုက်ပွဲအတွင်း ပြည်သူများ...

နေဝန်းနီတို့၏ နောက်ဆုံးနေ့ရက်များ

ရဲတောက်နေသည့် အနီရောင်ပေါ်တွင် ရွှေဝါရောင် ကြယ်တပွင့် ဆင်မြန်းထားသည့် အလံသည် မြို့တွင်းနေရာ အများအပြားတွင် နေရာယူ လွှင့်ထူထားသည်။ လူသူကင်းမဲ့နေသည့် လမ်းမများတွင် ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်နေလေ့ရှိပြီး လက်နက်ကြီးနှင့် လေကြောင်းမှ ဗုံးကြဲသံများလည်း ဆူညံနေသည်။ လမ်းဘေးတွင် မည်သူမည်ဝါဟု ခန့်မှန်းရန် ခက်ခဲသည့် အသက်မဲ့ ခန္ဓာကိုယ် အချို့က...

လားရှိုးထောင်ပွင့်၊ အကျဉ်းကျခံသူအားလုံး လွတ်မြောက်

သျှမ်းမြောက်၊ လားရှိုးမြို့၊ ရပ်ကွက်ကြီး (၁၂) အနီးတွင် တည်ရှိသည့် လားရှိုးအကျဥ်းထောင်ကို ယနေ့ (ဇူလိုင်လ ၂၈ ရက်) နံနက်ပိုင်းက ဖွင့်ပေးလိုက် သဖြင့် အကျဉ်းကျခံနေသူ အားလုံး လွတ်မြောက်သွားပြီဖြစ်ကြောင်း ထောင်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က အတည်ပြုပြောသည်။ ယနေ့ နံနက်ပိုင်းက အကျဉ်းထောင်အနီး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး...

လားရှိုးမြို့”ဝ” ပြင်ပဆက်ဆံရေးရုံးနှင့်ပိုင်ဆိုင်မှုများကို ကာကွယ်ရန် UWSA လုံခြုံရေးတပ်စွဲ

သျှမ်းပြည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ အခြေစိုက်ရာ လားရှိုးမြို့ပေါ်ရှိ ‘ဝ’ ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုကို ကာကွယ်ရန် အတွက် UWSA မှ ဝင်ရောက်နေရာယူ တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲပြင်းထန်နေသည့် လားရှိုးမြို့ပေါ်သို့ ယမန်နေ့ (ဇူလိုင်လ ၂၇...

ပင်လောင်းမြို့နယ် စစ်ကောင်စီဂိတ် စစ်ဆေးမှုကြမ်း ငွေညှစ်တောင်းခံ

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုကြမ်းပြီး ငွေကြေးတောင်းခံမှုများ ရှိနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စ၍ ပင်လောင်းမြို့နယ်တွင်းရှိ ထန်ငူဂိတ်နှင့် နောင်တီးဂိတ်တို့တွင် ရှိသော စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုများ ကြမ်းတမ်းကာ ကားတစ်စီးလျှင် ငွေကျပ် ၄ သောင်းမှ...

မိုးကုတ် လက်နက်ကြီးကြောင့် တစ်ရက်တည်း အမျိုးသမီး ၃ ဦးနှင့် ကလေး ၁ ဦး အပါအဝင် အရပ်သား (၇) ဦး သေဆုံး

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ တစ်ဖက်သက် အပစ်ရပ်ထားသည့် နောက်ဆုံးရက်တွင် မိုးကုတ်မြို့နယ် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသမီး ၃ ဦးနှင့် ကလေး ၁ ဦးအပါအဝင် အရပ်သား (၇) ဦးထက်မနည်း သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၈...

ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းလူငယ်များ ဥပဒေမဲ့ ရှေ့တန်းသို့ တိုက်ရိုက်ပို့ဆောင်ခံရ၍ သေဆုံးမှုများနေ

ပြည်သူ့စစ်မှုထမ်း ဥပဒေ ပြဌာန်းပြီး လူငယ်များအား စစ်ထဲဆွဲသွင်းနေသည့် စစ်ကောင်စီက သင်တန်းဆင်း လူငယ်များအား တပ်ရင်း၊ တပ်ဖွဲ့များသို့ ပို့ဆောင်ခြင်း မပြုဘဲ ဥပဒေမဲ့ ရှေ့တန်းစစ်မျက်နှာများသို့ တိုက်ရိုက် ပို့ဆောင်နေသဖြင့် သေဆုံးမှု များပြားနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင်လ ၁၉ ရက်) တွင်...

သိန္နီမြို့ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးထပ်ကြဲ၊ လူ ၃ ဦးထက်မနည်းသေဆုံး

သျှမ်းပြည် သိန္နီမြို့ကို စစ်ကောင်စီတပ်က ယမန်နေ့ ( ဇူလိုင် ၁၈) ရက် ညနေပိုင်းတွင် လေယာဉ်ဖြင့် ထပ်မံဗုံးကြဲသောကြောင့် လူ ၃ ဦးထက်မနည်းသေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယမန်နေ့ ညနေပိုင်းတွင် သိန္နီမြို့မဈေးထဲကို စစ်ကောင်စီတပ်က ဗုံးတစ်လုံး ကြဲချသွားသည့်အပြင် ဈေးအရှေ့ လမ်းမဘေးနှင့်ကပ်လျပ် ဆိုင်ခန်းများကို...

ပင်လောင်းမြို့နယ် တိုက်ပွဲအတွင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ သေဆုံး

သျှမ်းပြည် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ သေဆုံးခဲ့သည်ဟု PNDF-KK က ယမန်နေ့ (ဇူလိုင် ၁၇ )ရက်တွင် ဓာတ်ပုံနှင့်အတူထုတ်ပြန်ထားသည်။ ဇွန်လ ဒုတိယအပတ်မှစပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တို့သည် ဖယ်ခုံမြို့ရှိ စစ်ကောင်စီတပ်များကို စစ်ကူပေးရန်...

Latest news