နမ့်လန်မြို့တွင်း တစ်ရက်တည်း သူခိုး (၃၄) ဦး ဖမ်းဆီးရမိ

သျှမ်းပြည် မြောက်ပိုင်း နမ့်လန်မြို့တွင်း သူခိုးများ သောင်းကျန်းနေသဖြင့် ဒေသခံများ ဝိုင်းဝန်း ဖမ်းဆီးရာ တစ်ရက်တည်း သူခိုး (၃၄)ဦး ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။

ယမန့်နေ့ (ဇူလိုင် ၃၁)ရက်ညနေပိုင်း တွင် နမ့်လန်မြို့တွင်း တစ်အိမ်လျှင် အမျိုးသားတစ်ဦးစုကာ မြို့တွင်း သောင်းကျန်း နေသည့် သူခိုးများကို ဝိုင်းဝန်းဖမ်းဆီးရာ (၃၄)ဦး ဖမ်းဆီးရမိကြောင်း နမ့်လန်ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

‘’မနေ့ညက အေးချမ်းသာရပ်ကွက်က ယောကျာ်းလေးတွေ တစ်အိမ်တစ်ယောက်စုပြီး သျှမ်းအဖွဲ့အစည်းတွေနဲ့ သူခိုးသွားရောက် ဝိုင်းဖမ်းကြတာ ဒီမနက်မှ မိတာ စုစုပေါင်း ၃၄ ယောက်ရှိတယ် ‘’ဟု ၎င်းအမျိုးသားက ပြောသည်။

အဆိုပါ သူခိုးများကို ဖမ်းဆီးရာသူ ဒေသခံ အမျိုးသားများအပြင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်သားများ ပါဝင်ကူညီကြောင်း သိရသည်။

လက်ရှိကာလအတွင်း နမ့်လန်မြို့နယ် အတွင်း စစ်ရေး ပဋိပက္ခ ရှုပ်ထွေးနေချိန် လားရှိုးမြို့ဘက်မှ ရောက်လာသည့် စစ်ဘေးရှောင်များလည်း များပြားလာသည်ကို အခွင့်ကောင်းယူကာ သူခိုးများ သောင်းကျန်းနေကြောင်း၊ နမ့်လန်မြို့တွင်း နေ့စဥ်နှင့်အမျှ နေအိမ် ဖောက်ထွင်းကာ နေအိမ်အတွင်းရှိ ပစ္စည်းများ၊ ဆိုင်ကယ်များ၊ ရွှေများကို ခိုးယူမှုရှိလာကြောင်း ၎င်း အမျိုးသားက ပြောသည်။

‘’သူခိုးတွေဝင်လာတာ ကြာပြီး၊ အရမ်းသောင်းကျန်လာတယ်။ အခုက အရမ်းဆိုးတယ်။ သူများအိမ်တွေဖောက်ပြီး ရွှေတွေ ခိုးယူတယ် ။ ဆိုင်ကယ်တွေခိုးတယ် ။ ပျောက်ဆုံးမှုတွေ အရမ်းများလာတယ် ။ ပြည်သူတွေ သတိထားဖို့ လိုအပ်တယ် ‘’ဟု အသက် ၄၀ အရွယ်ရှိ အမျိုးသားက ဆိုပြန်သည်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း သျှမ်းပြည်တွင်း ဓားပြတိုက်၊ ခိုးယူလုယက်မှုတွေ များပြားလာခဲ့သည့် အတွက်ကြောင့် ပြည်သူများအတွက် လုံခြုံမှု လုံးဝမရှိတော့ကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...