လားရှိုး ကုတင် ၁၀၀ စစ်ဆေးရုံ တိုက်ခိုက်ခံရ စစ်ကောင်စီ တပ်သားအများစု သေဆုံး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် (၉) စစ်ကောင်စီ၏ ကုတင်၁၀၀ စစ်ဆေးရုံ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဆေးကုသနေသည့် စစ်ကောင်စီ ၏ စစ်သားအများစု သေဆုံးကြောင်း သတင်းရရှိသည်။

ယမန်နေ့ ( သြဂုတ်လ ၁ရက်) တွင်စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့(MNDAA) တို့ကြား နှစ်ဘက်တိုက်ပွဲကြောင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အနီးရှိ တပ်မတော် ကုတင် ၁၀၀ စစ်ဆေးရုံ တိုက်ခိုက်ခံရပြီး၊ ထိခိုက်သေဆုံးမှုများရှိနေကြောင်း လားရှိုးမြို့ လူမှုကယ်ဆယ်ရေး လုပ်ဆောင်နေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ လားရှိုးဆေးရုံ တိုက်ခိုက်ခံရတာတော့ ကြားတယ်။ ဒေသခံတွေက အကုန်နီးပါးက စစ်ရှောင်ကုန်ပြီလေ။ အဲဘက်က ဖုန်းလိုင်းလဲ မရ ဆက်သွယ်လို့လဲ မရနေဘူး။ ဘယ်ဘက်က သေတာလဲ မသိရဘူး။” ဟု လားရှိုး လူမှုကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့တွင် MNDAA မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် ပစ်ခတ်မှုများရှိနေပြီး ဖုန်းလိုင်းများ ဖြတ်တောက်ထားမှုကြောင့် ကျန်ရှိသော ဒေသခံအနည်းငယ်နှင့် အဆက်သွယ်ရရန် ခက်ခဲဖြစ်နေကြောင်း ၎င်းကဆိုသည်။

လားရှိုးမြို့ ရှိ အမှတ် (၉) တပ်မတော် ဆေးရုံ ကုတင် (၁၀၀)ကို ပြီးခဲ့သည့် နှစ်ရက် တွင် MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့ များက စတင်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများတွင် ရေးသားထားသည်။

ထို့ကြောင့် ယမန်နေ့ (သြဂုတ် ၁)ရက် တွင် MNDDA ဘက်က တိုက်ခိုက်ခဲ့ရာ ယနေ့ (သြဂုတ် ၂)ရက်နံနက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ကြောင်း စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

“ အဲ့စစ်ဆေးရုံမှာတော့ အရပ်သားတော့မရှိတော့ဘူး။ ဆေးရုံကို ကိုးကန့်က မနေ့ကတည်း ကတိုက်နေတာ။ ဒီမနက် အစောပိုင်းသိမ်းနိုင်ခဲ့တယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ထိုစစ်ဆေးရုံသို့ ဆေးကုနေသည့် လူနာများကို လွန်ခဲ့သည့် ရက်ပိုင်းတွင် ရပခ ထဲသို့ ရွှေ့ပြောင်းခဲ့ပြီးဖြစ်ကြောင်း၊ ထိုစစ်ဆေးရုံတွင် တက်နေသူသည် တိုက်ပွဲအတွင်း ဒဏ်ရာရရှိသည့်စစ်ကောင်စီတပ်သားများဖြစ်ပြီး၊ စစ်သားများအများစု အသတ်ခံရကြောင်း စစ်ရေးသတင်းရင်းမြစ်က ထပ်လောင်းပြောသည်။

လက်ရှိအချိန်ထိ လားရှိုးမြို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး မီးလောင်ကျွမ်းမှုများ ရှိနေကြောင်း၊ ရမခ စစ်ဌာနချုပ် အတွင်း ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်တွင် လားရှိုးရှိ ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၇၀၀၅) သံချပ်ကာ တပ်ရင်း၊ အမှတ် (၂၄၂) စစ်လက်နက်တပ်ခွဲ၊ လားရှိုးဘူတာ၊ တပ်မတော် ဂေါက်ကွင်း တို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ကိုးကန့် ပူးပေါင်းတပ်က ထုတ်ပြန်ထားသည်။

ယနေ့ (သြဂုတ် ၂)ရက် နံနက်ပိုင်းတွင်လည်း စစ်ကောင်စီသည် MNDAA ထိန်းချုပ်သည့် လောက်ကိုင်မြို့ ရှိ ပြည်သူ့ဆေးရုံ ကို လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...