Saturday, January 31, 2026

တိုက်ပွဲ

တိုက်ပွဲကြား မိုးဗြဲ ဒေသခံ တစ်သောင်း နီးပါး ပိတ်မိနေ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ဖြစ်ပွားသည့် တိုက်ပွဲကြား မိုးဗြဲမြို့ ဒေသခံ တစ်သောင်း နီးပါး မြို့တွင်းတွင် ပိတ်မိနေကြောင်း စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး...

မိုင်းယော်စစ်ရှောင်များ နေရပ်ပြန်ချိန် ရှော့တိုက်မိုင်းနင်းမိ ကလေး အပါအဝင် (၃)ဦး သေဆုံး၊ (၅)ဦး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်း စစ်ဘေးရှောင်များ နေရပ်သို့ ပြန်ချိန် ရှော့တိုက်မိုင်း နင်းမိပြီး အသက် (၅)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် သေဆုံးသူ (၃)ဦး၊ ဒဏ်ရာရရှိသူ (၅) ဦး ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ (၁၇)ရက် နေ့လည်ပိုင်း မိုင်းယော်တိုက်နယ် ဝမ်လုံတတ်နှင့် ပန်နန်းကျေးရွာ...

မိုးဗြဲမြို့တိုက်ပွဲ PDF တပ်သား ၁၀ ဦးခန့် ကျဆုံး၊ ဒဏ်ရာရရှိသူများပြား

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၁၇) ရက်တွင် စစ်ကောင်စီ နှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဦးနှစ်ဘက်က ကျဆုံးမှု များစွာရှိပြီး အရပ်သား ၇ ဦး ကျည်ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ မနက်ပိုင်းမှ စတင်ပြီး ည...

NCA ထိုးထားသည့် RCSSနှင့် PNLO ပဋိပက္ခကြား ငြိမ်းချမ်းစွာ ဖြေရှင်းမည်ဟုဆို

NCA လက်မှတ်ထိုးထားသည့် RCSS/SSA နှင့် PNLO/PNLA တိုက်ပွဲဖြစ်ပွားမှုအပေါ် ငြိမ်းချမ်းရေးကို ဦးတည်ပြီး ဖြေရှင်းမည်ဟု သတင်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၆) ရက် သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်းတွင် NCA ထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်...

မိုင်းယော်စစ်ရှောင် (၆၀၀)နီးပါး နေရပ်ပြန်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များ (၆၀၀) နီးပါး နေရပ်သို့ ပြန်သွားပြီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ မိုင်းယော်တိုက်နယ် အတွင်း မြောက်ပိုင်းမဟာမိတ် နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်မှုကြောင့် ပန်သပြေကျေးရွာ ဒေသခံများ လွယ်စက်ကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်လာပြီး မိုင်းယော်စျေးထဲသို့ လာရောက်နေထိုင်ကြကြောင်း စုံစမ်းသိရှိရသည်။ “မိုင်းယော်စျေးထဲ ရောက်လာတဲ့ စစ်ရှောင်တွေ...

ကျောက်မဲစစ်ရှောင်များ တောင်ကြီးသို့ နှစ်ထပ်ကွမ်း ပြေးလာ

သျှမ်းပြည် မြောက်ပိုင်းအတွင်း မြောက်ပိုင်းမဟာမိတ် နှင့် RCSS တို့ တိုက်ပွဲကြောင့် ကျောက်မဲမြို့အတွင်းရှိ စစ်ဘေးရှောင်များ တောင်ကြီးမြို့အထိ စစ်ဘေး ထပ်မံရှောင်လာရကြောင်း စုံစမ်းသိရှိရသည်။ တောင်ကြီးမြို့သို့ စစ်ဘေးရှောင်လာသည့် ပြည်သူများသည် ကျောက်မဲမြို့နယ် ဟူးဆွန်နှင့် ပုံးလုံကျေးရွာအုပ်စုတို့က ဒေသခံများဖြစ်ပြီး ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က တောင်ကြီးမြို့ထဲသို့...

မိုးဗြဲမြို့ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ် အမျိုးသမီးတစ်ဦးထိမှန် ခြေထောက်ဖြတ်ရ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး ထိမှန်ခဲ့ပြီး ခြေထောက်ဖြတ်လိုက်ရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက တင့်ကားဖြင့် ပစ်ခတ်ခဲ့ရာမှ အမျိုးသမီးတစ်ဦး ခြေထောက်ထိမှန်ခဲ့ကြောင်း သိရသည်။ “တိုက်ပွဲက အခုလည်း...

ကျောက်မဲ လူငယ်တစ်ဦး မိုင်းနင်းမိ ဒဏ်ရာပြင်းထန်

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းက အသက် (၁၅)ဝန်းကျင် ရှိ လူငယ်တစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက် မနက် ၉ နာရီဝန်းကျင်က မန်ခေါက်ကျေးရွာမှ ကျောက်မဲမြို့တွင်းသို့ လာစဉ်...

စစ်ကောင်စီ ကျူးလွန်သည့် အကြမ်းဖက် အနီးကပ်စောင်ကြည့်အရေးယူရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

စစ်ကောင်စီက ကျုးလွန်ထားသည့် အကြမ်းဖက်မှုများကို အနီးကပ် စောင့်ကြည့်အရေးယူပေးရန်အတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီ အစည်းအဝေးတွင် တိုက်တွန်းပြောဆိုခဲ့ကြောင်းသတင်းရရှိသည်။ ဖေဖော်ဝါရီ (၁၄) ရက်က ပြုလုပ်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မတီ အစည်းအဝေးမှာ ဦးကျော်မိုးထွန်း...

ရုန်းထခက်ခဲနေတဲ့ သျှမ်းရိုးရာလက်မှုသည်

ပြီးခဲ့တဲ့ နှစ်နှစ်ဝန်းကျင် ကမ္ဘာတဝှမ်းနည်းတူ မြန်မာနိုင်ငံလည်း ကိုဗစ်-၁၉ ကူးစက်ရောဂါဒဏ်ကို အလူးအလိမ့်ခံနေရပြီး အနယ်နယ် အရပ်ရပ်က ပြည်သူတွေရဲ့ စီးပွားရေး ရုတ်တရက် ထိုးချခံခဲ့ရပြီး၊ ထိခိုက်ဆုံးရှုံးမှုတွေ များစွာ စတင်ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီထဲမှာ ဘိုးဘွားတွေလက်ထက်ကတည်းက လုပ်ကိုင်လာတဲ့ ရိုးရာလက်မှုလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ လူမှုစီးပွားဘဝတွေဟာလည်း ထိခိုက်ယိမ်းယိုင်ခဲ့ရပါတယ်။ ကိုဗစ်ရောဂါကြောင့် အခက်ခဲမျိုးစုံ ကြုံတွေ့နေရတဲ့အပြင် စစ်ကောင်စီက...

Latest news