တာချီလိတ်
တာချီလိတ် မှ သယ်ဆောင်လာသည့် မူးယစ်ဆေး ထိုင်းနိုင်ငံ မယ်ဆိုင် တံတား ဂိတ်တွင် ဖမ်းဆီးရ
သျှမ်းပြည် အရှေ့ပိုင်း ထိုင်းနယ်စပ် ချစ်ကြည်ရေး တံတား (၁) မယ်ဆိုင်တံတား စစ်ဆေးရေး ဂိတ် တွင် စိတ်ကြွဆေးပြား ၁သောင်းကျော် နှင့် အိုက်စ် (၄၀၀) ဂရမ် ကိုထိုင်းရဲများဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ၁၇ ရက် ယနေ့မနက် ၉ နာရီ ဝန်းကျင်က...
ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ အခက်အခဲကို ကူညီရန် MRC ရုံးဖွင့်
ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကြုံတွေရသည့် အခက်အခဲကို ကူညီနိုင်ရန် အတွက် ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ် စင်တာ (Migrant Worker Resource Centre ) ရုံးကို မြန်မာ ထိုင်းနယ်စပ် တာချီလိတ်တွင် ဖွင့်လှစ်လိုက်သည်။ အဆိုပါ ရုံးခန်းကို တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်တွင် အပြည်ပြည်ဆိုင်ရာ...
တာချီလိတ်တွင် အမျိုးသားတဦး သေနတ်ပစ်ခံရ
ထိုင်း - မြန်မာ နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတဦး သေနတ်ပစ်ခံရကြောင်း သတင်းရရှိသည်။ မေလ ၁၃ ရက် ယနေ့မွန်းလွဲ ၃ နာရီခန့်က တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် ရွှေမြေသာယာစျေးအနီးတွင် ဆိုင်ကယ်စီးနင်းလာသည့် လူငယ် ၂ ဦးကို တခြား ဆိုင်ကယ် တစီး က...
မိုင်းဆတ်-တာချီလိတ်ကြား ဂိတ်တခုမှ ပိုက်ဆံကောက်ခံမှုရုပ်သိမ်းသဖြင့်ကားမားများကျေနပ်နေ
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်နှင့် တာချီလိတ်ကားလမ်းတွင် နှစ်ရှည်လများထောင်ထားသော ဂိတ်တခုမှ ဂိတ်ဖြတ်သန်းခ ကောက်ခံမှုရုပ်သိမ်းလိုက်ပြီဖြစ်ဖြင့် ကားသမားများ ကျေနပ်နေကြကြောင်း သိရသည်။ ဖြတ်သန်းသွားလာသော ကားနှင့်ဆိုင်ကယ်များထံမှ နှစ်ရှည်လများ ငွေကြေးကောက်ခံလာသော မိုင်းကန်းရွာရှိ အဆိုပါဂိတ်ကို မေလ ၁ ရက်နေ့မှစပြီး ငွေကြေးကောက်ခံမှုရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်းသိရသည်။ မိုင်းဆတ်-တာချီလိတ်ကားသမား စိုင်းလုံက - အမှတ် ၁၇၁ စစ်ဒေသလက်အောက်ခံတပ်ကနေ...
သျှမ်းပြည်တွင် မိုးသီးကျမှုကြောင့် နေအိမ် ၊ သီးနှံစိုက်ခင်း ပျက်စီးမှု များ
SHAN -
သျှမ်းပြည်နယ် တွင် ယမန်နေ့ မိုးသည်းထန်စွာ ရွာသွန်းကာ မိုးသီးများ ကျသဖြင့် နေအိမ်များ၊ သီးနှံစိုက်ခင်းများစွာ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ညနေပိုင်းတွင် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် နှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ မြို့ တွင် မိုးသီးများကျကာ နေအိမ်ခေါင်မိုးများ နှင့်...
တာချီလိတ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား တရားခံ ထွက်ပြေးနေ
သျှမ်းပြည်နယ် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ် တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသားတဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ဇန်နဝါရီလ ၂၁ ရက် မနက် ၁ နာရီအချိန်တွင် မယ်ခေါင်ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်ရှိ ၉ ၉ ၉ အကင်ဆိုင်တွင် သောက်စားမူးယစ်ကြပြီးနောက် ပခုံးချင်းတိုက်မိရာမှ အချေအတင်စကားများကြပြီး...
တာချီလိတ်စျေးသည်တဦး သေနတ်ထောက်ဖမ်းဆီးခံရ
သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် ခရိုင် မိုင်းဖုန်းကျေးရွာ အုပ်ရွာ ဝှေလေလန် ကျေးရွာတွင် အောက်တိုဘာ ၃ ရက်နေ့ မနက် ၈နာရီခွဲတွင် အမျိုးသမီး တဦးကို အမည်မသိ အမျိုးသား ၅ ဦးမှ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ...
နမ့်ဆိုင်ချောင်းရေကြီး ထိုင်းနယ်စပ် တာချီလိတ်မြို့ အနိမ့်ပိုင်းရပ်ကွက် ရေနစ်မြုပ်
သျှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း - မြန်မာ နယ်စပ် တာချီလိတ်မြို့ တွင် ယမန်နေ့( စက်တင်ဘာ ၁၇) ရက် ညပိုင်းက မိုးသည်ထန်ရွာသွန်းမှုကြောင့် တာချီလိတ် အနိမ့်ပိုင်း ရပ်ကွက်များ ရေဝင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ တာချီလိတ်မြို့ အနိမ့်ပိုင်း ရပ်ကွက်ဖြစ်သည့် ဆန်ဆိုင်း (က) ရပ်ကွက်နှင့်...





