ပါတီသဘောထားမပါဘဲ SNLD အမည်အသုံးပြုသည့် တာချီလိတ်လူထုထောက်ခံပွဲ တာဝန်ရှိများတောင်းပန်ရန် SNLD ဗဟိုတောင်းဆို

လူမျိုးသုဉ်းသတ်ဖြတ်မှု ဖြင့် တရားစွဲဆိုခံရသော မြန်မာနိုင်ငံကိုယ်စား နယ်သာလန်နိုင်ငံ တဟိတ်မြို့ရှိ နိုင်ငံတကာတရားရေးခုံရုံးသို့ တက် ရောက်နေသော ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံအားပေးသည့် တာချီလိတ်လူထု ထောက်ခံပွဲတွင် ပါတီဆန္ဒသဘောထားမပါဘဲ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD (ခေါ်) ကျားခေါင်းပါတီအမည်ပါ ဆိုင်းဘုတ်ကို အသုံးပြုမှုအတွက် သက်ဆိုင်သူများမှ ၀န်ချတောင်းပန်ရန် ရန်ကုန် SNLD ဗဟိုရုံးက တောင်းဆို လိုက်သည်။

Photo Credit to Tachileik News Agency

“ဒါလိမ်လည်မှုတခုဖြစ်တယ်။ကျနော်တို့ပါတီရဲ့ပုံရိပ်ကိုထိခိုက်စေတယ်။ ကျနော်တို့ပါတီဝင် မဟုတ်တဲ့ လူကို ကျနော်တို့ပါတီအမည်ပါ ဆိုင်းဘုတ်ကိုင်ခိုင်းတာဟာ အလွဲသုံးစားလုပ်သွားတာဘဲဖြစ်တယ်။ ဒီကိစ္စအပေါ် ကျနော်တို့ပြင်းထန်စွာဘဲ ရှုပ်ချတယ်။ ပြင်းထန်စွာကန့်ကွက်တယ်။ဒီအပေါ်မှာ သက်ဆိုင်တဲ့လူ လုပ်ဆောင်သွားတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းအနေနဲ့ ကျနော်တို့ပါတီကိုအတည့်အလင်း တောင်းပန်ဖို့လိုအပ်တယ်။ လိုအပ်တဲ့အနေအထားအထိ မတောင်းပန်ဘူးဆိုရင်တော့ နာမည်အလွဲသုံးစားမှုနဲ့ ဖော်ထုတ်ပြီးတော့မှအရေးယူဆောင်ရွက်သွားဖို့ကျနော်တို့စီစဉ်ရပါလိမ့်မယ်။ အဲတာကြောင့်မို့လို့ သက်ဆိုင်တဲ့ပုဂ္ဂိုလ်များအနေနဲ့ ကျနော်တို့ပါတီကိုအမြန်ဆုံးတောင်းပန်ဖို့ကျနော်တို့တောင်းဆိုလိုက်ပါတယ် ”- ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်က သျှမ်းသံတော်ဆင့်အား ပြောသည်။

Photo Credit to Tachileik News Agency

တရားရင်ဆိုင်ရန်သွားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တာဝန်ရှိသူများအား ထောက်ခံဝန်းရံသည့် လူထုချီတက်ခြင်းလှုပ်ရှားမှုကို ဒီဇင်ဘာလ ၁၀ ရက်နေ့ ယနေ့မနက်ပိုင်းက ရှမ်းရိုးမကွင်းအတွင်း ပြုလုပ်ကြသည် ။
မနက် ရ နာရီခွဲအချိန် တာချီလိတ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ယဉ်ကျေးမှုအဖွဲ့အစည်းများ စုစုပေါင်းလူအင်အား ၄၀၀ ၀န်းကျင်က ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ် ၁ တံတားထိပ်မှ စတင်ကာ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးအတိုင်း ရှမ်းရိုးမ ကွင်းအထိ လမ်းလျှောက်ခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပြုရန် ထိုင်းတောင်းဆို၊ မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကူညီရန် ကမ်းလှမ်း

0
ထိန်းသိမ်းခံထားရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကို အာဆီယံအထူးသံတမန် လူကိုယ်တိုင်သွားရောက်စစ်ဆေးရန် တောင်းဆိုလိုက်ပြီး၊ မြန်မာ့ပဋိပက္ခကို ဖြေရှင်းရန် ဖြစ်လာနိုင်ခြေရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန်နှင့် ကူညီဆောင်ရွက်ရန် ကမ်းလှမ်းလိုက်သည်။ အဆိုပါ ကမ်းလှမ်းချက်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် နှင့် အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...