Tuesday, January 27, 2026

တာချီလိတ် ငွေလှဲဆိုင် တွင် ကျပ်သိန်း ၂၀၀ လုယက်ခံရ

မြန်မာ- ထိုင်းနယ်စပ် တာချီလိတ်မြို့ ကမ္ဘောဇဘဏ် (၂) အနီးတွင် ယနေ့ မနက် ၇နာရီကျော် ၌ အမျိုးသား ၄ဦးသည် ငွေလှဲဆိုင်တွင် ကျပ်သိန်း ၂၀၀ လုယက်သွားကြောင်း သတင်းရရှိသည်။

Photo by Tachileik News Agency/တာချီလိတ် ငွေလှဲဆိုင် လုယက်ခံရပုံ

ဖြစ်စဉ်မှာ တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ ကမ္ဘောဇဘဏ် (၂) ဘေးသို့ အမည်မသိ အမျိုးသား ၄ဦး သည် ကားဖြင့် လာကာ ငွေလှဲဆိုင်ထံ မြန်မာ ကျပ်ငွေ သိန်း ၂၀၀ လုယက်ခဲ့ကြောင်း တာချီလိတ်မြို့မ ရဲစခန်း မှ တာဝန်ရှိသူ က ပြောသည်။

“ အမျိုးသား ၄ဦးက ကားနဲ့ ရောက်လာပြီး၊ ငွေလွှဲဆိုင် ကို ဝင်သွားတယ်။ နောက် ငွေလှဲဆိုင် က အမျိုးသားတဦးကို ထိန်းချုပ်ပြီး ငွေတွေ လုယက်ပြီး ကားနဲ့ ထွက်သွားတယ်” ဟု ၎င်း တာဝန်ရှိ ရဲကပြောသည်။

အဆိုပါ လုယက်သွားသည့် အမျိုးသား ၄ဦးသည် လက်ရှိ အချိန်ထိ လွှတ်မြောက်နေကြောင်း၊ သက်ဆိုင်ရာ မှ စုံစမ်းစစ်ဆေးနေကြောင်းလည်း သိရသည်။

တာချီလိတ်မြို့ တွင် မကြာခဏ လုယက်မှု၊ ဓားမြတိုက်မှု ဖြစ်ပွားသော်လည်း သက်ဆိုင်ရာ မှ တရားခံများကို ဖမ်းဆီးမှု မရကြကြောင်း ဒေသခံများပြောပြချက် အရသိရသည်။

“ နယ်စပ်ဒေသ ဆိုတော့ တရားဥပဒေ စိုးမိုးရေး က မရှိဘူး။ ကိုယ့်လုံခြုံရေး ကိုယ်ယူပဲ။ တကယ်ဆို ဌာနဆိုင်ရာ ရဲတွေက လုံခြုံရေး ယူရမှာ။ နယ်စပ်ဒေသဆိုပြီး ဖြစ်မှာပဲ။ လွှတ်ထားတဲ့သဘောဖြစ်နေတယ်” ဟု တာချီလိတ်မြို့နေထိုင်သည့် စိုင်းဆမ် က ပြောသည်။

သက်ဆိုင်ရာ များအနေဖြင့် နယ်စပ်ဒေသ လုံခြုံရေး ကို တိုးမြှင့်ဆောင်ရွက်ပေးစေလိုကြောင်း လည်း စိုင်းဆမ်က ပြောသည်။

လွန်ခဲ့သည့် အောက်တိုဘာ လတွင်လည်း တာချီလိတ်မြို့ အာခါဈေး အနီးတွင် ဓားမြတိုက်ခံခဲ့ရပြီး တရားခံ မမိသေးကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

မိုးဆက်တိုက်ရွာသွန်းသည့်အတွက် တာချီလိတ်မြို့တွင် ရေကြီး လျှပ်စစ်မီးပြတ် အင်တာနက်မမှန်

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့် တက်လာပြီး မြို့ပေါ်ရပ်ကွက်အချို့တွင် ရေဝင်နေသည့်အပြင် လျှပ်စစ်မီးနှင့် အင်တာနက်လည်း မှန်မှန်မရ ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

တာချီလိတ်မြို့ အမျိုးသာတစ်ဦး သေနတ်ခံရပြီး သေဆုံး

0
ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ်...

တာချီလိတ်မြို့နယ် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်နှင့်အတူ အမျိုးသား ၇ ဦးကိုဖမ်းမိ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ၆ ဘီလီယံကျော်တန်ဖိုးရှိသော အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၇ ကီလိုနှင့်အတူ အမျိုးသား ၇ ဦးကို ဖမ်းမိရမိကြောင်း စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ ရဲတပ်ဖွဲ့က ယမန်နေ့ (အောက်တိုဘာ ၈) ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါမူးယစ်ဆေးဝါးများကို အောက်တိုဘာလ ၄...