တာချီလိတ်ထောက်ခံပွဲတာဝန်ရှိများ SNLD မြို့နယ်ရုံးသို့ရောက်ရှိတောင်းပန်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ကျင်းပသော နိုင်ငံတကာတရားရုံးတက် နိုင်ငံတော် အတိုင် အပင်ခံ ဒေါ်အောင်ဆန်း စုကြည်အား ၀န်းရံထောက်ခံသည့်ပွဲအား SNLD ပါတီ၏ သဘောထားမပါဘဲ ပါတီအမည်အသုံးပြုမိမှုအတွက် တောင်းပန်ကြောင်း တာချီလိတ်မြို့နယ် ပါတီရုံးသို့ ပွဲကျင်းပရေး ကော်မတီက သွားရောက်ဝန်ချခဲ့သည်။

Photo by SHAN/TCL

၂၀၁၉ ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီကျော်အချိန်က (ဒီဇင်ဘာလ ၁၀ ရက် ယမန်နေ့ ) ထောက်ခံပွဲ ကျင်းပရေးကော်မတီ ဥက္ကဌဒေါက်တာ မြင့် အောင် ၊ အလုပ်အမှုဆောင် ဒေါက်တာမြင့်ဆွေ နှင့် အတွင်း ရေး မှူး ရှေ့နေ ဦးမျိုးမင်း တို့ သုံးဦး ရောက်ရှိလာကြောင်း၊ ဒီဇင်ဘာ ၁၀ ရက်နေ့ တာချီလိတ်မြို့နယ် တွင် ကျင်းပသော ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ ၀န်းရံပွဲအား ဦးဆောင် ကျင်းပသူများအနေဖြင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တာချီလိတ်မြို့နယ်ရုံးသို့ လာရောက် တောင်းပန်ခြင်းဖြစ်ကြောင်း ပြောသည်ဟုသိရသည်။

တာချီလိတ်မြို့ကျားခေါင်းပါတီရုံးသို့ လာရောက်တောင်းပန်သည့် ထောက်ခံပွဲ ကျင်းပရေးကော်မတီ ဥက္ကဌ ဒေါက်တာ မြင့်ဆွေက – SNLD အမည်ပါ ဆိုင်းဘုတ်ပြားမှားယွင်း ကိုင်ဆောင်မှုအတွက် တောင်းပန်ကြောင်း ပြောကြားသည်။

Photo by SHAN/TCL

ထောက်ခံပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ရှေ့နေ ဦးမျိုးမင်းက -“ ကျနော်တို့က ဖိတ်စာလဲ ဖိတ်ထား တယ်။ လာလို့ရှိရင်အဆင်ပြေအောင်ပေါ့။ ဘုတ်ပြားတခု ရှမ်းတိုင်းရင်းသားများ၊ နောက်တခုက ရှမ်းတိုင်း ရင်းသားများဒီိမိုကရေစီအဖွဲ့ချုပ်ပေါ့ ။ ကလေးမလေးက ရှမ်းတိုင်းရင်းသားများ ဆိုတဲ့ ဆိုင်းဘုတ်ကို လာ ကိုင်မဲ့အစား ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဆိုင်းဘုတ်ကို မှားပြီးလာကိုင်မိတာ၊ အဲဒါ ပွဲမစခင်လေးမှာဘဲ ဖြစ်သွားတာ ” – ဟု ပြောသည်။

ထို့ပြင် ထောက်ခံပွဲ ဖြစ်မြောက်သည့် ကော်မတီ အဖွဲ့ဝင်များက တောင်းပန်စာ ကို SNLD ပါတီ ဗဟိုနှင့် တာချီလိတ်ရုံး ကို ပို့သွားမည် ဟု မဇ္ဇျိမ လူမှုကူညီရေး အသင်းထံမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ “ ကျနော်တို့ ဆန္ဒမပါဘဲ ကျနော်တို့ ပါတီ ဆိုင်းဘုတ်ကိုင်တာဟာ ပုံရိပ်ကို ထိခိုက်နစ်နာအောင် လုပ်သွားတယ်။ နောက် လာတောင်းပန်းတဲ့အတွက် ဝမ်းသာပါတယ်။ ကိုယ့်အမှား ကို သိပြီး လာတောင်းပန်တယ်” ဟု တာချီလိတ်မြို့နယ် ဥက္ကဌ စိုင်းနွံတွီ က သျှမ်းသံတော်ဆင့်အားပြောသည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၀) ရက် နံနက်ပိုင်း က တာချီလိတ်မြို့ သျှမ်းရိုးမကွင်းတွင် ကျင်းပသည့် လူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် ICJ တွင် တရားစွဲဆိုခံနေရသော မြန်မာနိုင်ငံ ကိုယ်စား နယ်သာနယ် နိုင်ငံ တဟိတ်မြို့ တွင် ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံပွဲ၌ သျှမ်းရိုးရာဝတ်ဆင်သည့် အမျိုးသမီး တဦးသည် SNLD ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...