တာချီလိတ် RCSS လှုပ်ရှားနယ်မြေအတွင်း သစ်ခိုးထုတ်သူ ၁ဦး သေနတ်ပစ်ခံရပြီး သေဆုံး

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် RCSS/SSA လှုပ်ရှားနယ်မြေ အတွင်း သစ်ခိုးထုတ်ရန် ကြိုးစားသည့် ချစ်ထူ ရွာသား ၂ဦးကို RCSS/SSA အဖွဲ့ဝင်က သေနတ်ပစ်ခတ်ခဲ့ကြောင်း စုံးစမ်းသိရှိရသည်။

 

Photo by တာချီလိတ် နာရေးလူမှုကူညီရေး အသင်း

ဧပြီ ၂၇ ရက် တွင် RCSS/SSA လှုပ်ရှားသည့် နယ်မြေ လွိုင်ပန်ကော် တောင်ပေါ် တွင် ချစ်ထူ ကျေးရွာ မှ ရွာသား ၂ဦး သစ်လာရောက်ခိုးထုတ်မှုကြောင့် RCSS/SSAတပ်သားများမှ ခေါ်ယူစစ်ဆေးနေချိန် တဦးက ထွက်ပြေးရန် ကြိုးစာနေသဖြင့် သေနတ်ဖြင့် ပစ်လိုက်ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူး စဝ်အုမ်ခေး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

အဆိုပါ ရွာသား ၂ဦးသည် RCSS/SSA လှုပ်ရှားသည့် နယ်မြေ အတွင်းရှိ သစ်များခိုးထုတ်ရန် ကြိုးစားနေကြပြီး၊ ၎င်း နှင့် အတူ သစ်ဖြတ်စက် ၃လုံး နှင့် ဖြစ်ထားသည့် သစ်များ တွေ့ရှိကြောင်း ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြောသည်။

“ရွာသားတွေ သစ်ခိုးထုတ်နေတာတွေ့ရတယ်။ သစ်ခိုးထုတ်တဲ့နေရာမှာ ဖြတ်ထားပြီးသား သစ်တွေရယ် သစ်ဖြတ်စက် ၃ လုံးတွေ့ရှိတာ တပ်ဖွဲ့ကနေပြီး ရွာသားတွေကို ခေါ်စစ်တယ်။ တယောက်က ရဲဘော်ရဲ့ သေနတ်ကို ဝင်လုတယ်။ ဒါကြောင့် ပစ်ခတ်မှုတွေ ဖြစ်သွားတယ်။ ဝင်လုတဲ့တယောက်က သေသွားတယ်” ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး ကဆိုသည်။

သစ်ခိုးထုတ်သည့် ရွာသား ၂ဦးသည် RCSS/SSA ခေါ်ယူစစ်ဆေးချိန် ၎င်း ၂ဦးထဲမှ တယောက်သည်တပ်သား၏ လက်နက်ကို ဝင်လုရာမှ ပစ်ခတ်မှုဖြစ်ပြီး တဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို ရွာသား ၂ဦးကို RCSS/SSA သေနတ်ပစ်ခတ်မှု ဖြစ်ပွားသည့် ကိစ္စနှင့် ပတ်သက်ပြီး ကျေးရွာ ရှိ ရွာသားများ၊ ရွာသူကြိးများကို တွေ့ဆုံပြီး ဖြေရှင်းခဲ့ပြီး၊ ပြေလည်မှု ရရှိခဲ့ကြောင်းလည်း ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ရှင်းပြသည်။

ချစ်ထူရွာ က ရွာသား သေဆုံးမှု သည် RCSS/SSA တပ်ဖွဲ့ဝင် ပစ်ခတ်ခြင်း နှင့် ပတ်သက်ပြီး ကျေးရွာရှိ ရွာသား နှင့် ရွာသူကြီးတို့ အားလုံး ပြေလည်သွားပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် RCSS/SSA တပ်သားဝတ်စုံဝတ်ဆင်ကာ ရွာသားများကို ငွေတောင်းခြင်း၊ အခွန်ကောက်ခြင်း ဆိုသည့် ကိစ္စရပ်မှာ လုံးဝ မဟုတ်မှန်ကြောင်း လည်း RCSS/SSA က ပြောဆိုလိုက်သည်။

“ ငွေမပေးနိုင်လို့ ပစ်သတ်လိုက်တယ်ဆိုတာ အဲ့ဒါ မဟုတ်ဘူးပေါ့နော်” ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး ကပြောသည်။

သေဆုံးသွားသူသည် ချစ်ထူကျေးရွာသား တဦးဖြစ်ပြီး ညာဘက် နောက်ကျော မှ ဘယ်ဘက် ရင်ဘတ်ဖောက်ဝင်သည့် ကျည်ဒဏ်ရာရရှိကြောင်း၊ လက်ရှိမှာ အလောင်းကို တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ သို့ပို့ထားပြီး၊ အသတ်ခံရမှုနှင့် ပတ်သက်ပြီး တာချီလိတ်မြို့မ ရဲစခန်းက (ပ) ၂၁၄/၂၀၂၀၊ရာဇာသတ်ကြီး ပုဒ်မ ၃၀၂/၁၁၄ ဖြင့် ဧပြီ (၂၈)ရက် တွင် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

RCSS/SSA သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခတ်ရေး သဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...

ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS ပြော

0
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ခြိမ်းခြောက်ပျံသန်းခဲ့ကြောင်း RCSS ဘက်မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီကျော်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့၊...

“၆၈ နှစ်” သျှမ်းတော်လှန်ရေး ခရီးရှည်ကို ပြန်သုံးသပ်ရန် RCSS ဥက္ကဋ္ဌ တိုက်တွန်း

0
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ကိုယ်တိုင် သုံးသပ်ထားသည့် သဝဏ်လွှာကို ယနေ့ (မေလ ၂၁ ရက်)တွင် ထုတ်ပြန်လာသည်။ သျှမ်းတော်လှန်ရေးသည် ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် သျှမ်းလူငယ်ခေါင်းဆောင် စဝ်ဆောယန္တ...

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...

တာချီလိတ်မြို့ မိုးရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) မနက်ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် အမှတ် (၁) တံတားအနီးရှိ ပုန်းထွန်ရပ်ကွက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ "တာချီလိတ်ကတော့ မိုးခဏရွာတာနဲ့တင် ရေလျှံတာပဲ။...