Tuesday, January 27, 2026

“ကျားမင်း စီမံချက်” ကာလ အတွင်း အမျိုးသား တဦး သေနတ်ပစ်ခံရ

ထိုင်း- မြန်မာ နယ်စပ် တာချီလိတ် တွင် ရက် ၉၀ “ ကျားမင်း စီမံချက်” ကာလ အတွင်း အမျိုးသားတဦး သေနတ်ပစ်ခံရကြောင်း သတင်းရရှိသည်။

 

Photo by SHAN/ထိုင်း-မြန်မာ နယ်စပ်ဂိတ်

ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီ ၁၃) ရက် နေ့လည်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက် ထွန်းလင်းအောင် လမ်း ၌ အမျိုးသားတဦး ကို အမည်မသိ သူ က သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း တာချီလိတ်မြို့က ဒေသခံများ ပြောပြချက် အရသိရသည်။

“ ကားပေါ်တက်ဖို့ လမ်းလျှောက်လာတဲ့သူ တဦးကို အမည်မသိ သူ က ကားတစီးနဲ့ လာပြီး သေနတ် ၅ချက် ပစ်သွားတယ်။ ပြီးတော့ ပြေးသွားတယ်” ဟု တာချီလိတ်မြို့ နေမျက်မြင် ဒေသခံ အမျိုးသားတဦးကပြောသည်။

အဆိုပါ သေနတ်ပစ်ခံရသူကို လက်ရှိမှာ တာချီလိတ်မြို့ပြည်သူ့ဆေးရုံ တွင် ပို့ဆောင်ထားကြောင်းသိရသည်။

“ လူတဦး သေနတ်ပစ်ခံရတာတော့ ဟုတ်တယ်။ အသေးစိတ်ကို ကျနော်တို့ စိစစ်နေတာပါ” ဟု တာချီလိတ်မြို့ ရဲမှူး ညီညီထွေး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိ မှာ တာချီလိတ်မြို့ အတွင်း မှုခင်း ကျဆင်းရေး နှင့် တရားဥပေဒ စိုးမိုးရေး ရှိစေရန် အတွက် ရက် ၉၀ “ ကျားမင်း စီမံချက်” လှုပ်ရှားနေသည့် အချိန်ကာလဖြစ်သည်။

ထို ရက် ၉၀ “ ကျားမင်း စီမံချက်” အတွက် ရပ်ကင်း ၁၅ကင်း ပြုလုပ်ပြီး၊ တကင်းတွင် ရဲတပ်သား ၂ဦး တာဝန်ချသွားမည်ဖြစ်ကြောင်း၊ မြို့ပေါ် ရပ်ကွက် (၄) ခုမှာလည်းနယ်မြေရဲကင်းများ ချထားပြီး၊ မြို့ ပေါ်တွင် အမှုများဖြစ်လာပါက အချိန်မီသိရအောင် ရပ်ကင်းမှပိတ်ဆို့တားဆီးနိုင်အောင်လည်း ဆောင်ရွက်သွားမည် ဟုလည်း ယမန်နေ့ (ဖေဖော်ဝါရီ ၁၂) ရက်တွင် ရဲမှူး ညီညီထွေး က သျှမ်းသံတော်ဆင့် အား ပြောသည်။

ထို့ပြင် ဖေဖော်ဝါရီ ၁၂ရက်နေ့ မနက် (၇)နာရီ ကလည်း တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက် 1G1 ဟိုတယ် အတွင်းရှိ နတ်စင်ကို အမျိုးသားတဦး က သေနတ်ပစ်ဖောက်ပြီး ထွက်ပြေးတိမ်းရှောင်နေဆဲ ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

မိုးဆက်တိုက်ရွာသွန်းသည့်အတွက် တာချီလိတ်မြို့တွင် ရေကြီး လျှပ်စစ်မီးပြတ် အင်တာနက်မမှန်

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့် တက်လာပြီး မြို့ပေါ်ရပ်ကွက်အချို့တွင် ရေဝင်နေသည့်အပြင် လျှပ်စစ်မီးနှင့် အင်တာနက်လည်း မှန်မှန်မရ ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦး နေအိမ်ရှေ့ သေနတ်ပစ်ခံရပြီး ဒဏ်ရာဖြင့်သေဆုံး

0
သျှမ်းပြည် မိုင်းရယ်မြို့နေ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက နေအိမ်ရှေ့တွင် သေနတ်ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၉) ရက် ည ၁၁ နာရီခွဲခန့်တွင် မိုင်းရယ်မြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် အသက်(၄၅) နှစ်အရွယ် ဦးစိုင်းစိုင်း၏ အိမ်ရှေ့သို့ အမည်မသိ လက်နက်ကိုင်လူတစ်စုက ကားတစ်စီးဖြင့် ရောက်လာကာ...

တာချီလိတ်မြို့ အမျိုးသာတစ်ဦး သေနတ်ခံရပြီး သေဆုံး

0
ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ်...