စစ်ရှောင်
ဆီဆိုင် စစ်ရှောင် (၅၀၀၀) ခန့် စားနပ်ရိက္ခာလိုအပ်
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရောက်ရှိနေသည့် စစ်ရှောင် (၅၀၀၀) ခန့် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ထို စစ်ရှောင်များသည် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း ပြီးခဲ့သည့် မေလဆန်းပိုင်းတွင် စစ်ကောင်စီ နှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ တိုက်ပွဲပြင်းထန်သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်လာ ခဲ့ရကြောင်း သိရသည်။ “ဒီပတ်ထဲပဲ ဖယ်ခုံ၊ မိုးဗြဲဘက်က ဒေသခံတွေ ဆီဆိုင်ထဲရောက်လာတာ...
ပင်းတယစစ်ရှောင်များ စား၀တ်နေရေး ခက်ခဲနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် မိုးရာသီရောက်ရှိလာသဖြင့် စား၀တ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း သတင်းသိရသည်။ စစ်ကောင်စီတို့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ပင်းတယမြို့ပေါ်ရောက်ရှိနေသည့် စစ်ဘေးရှောင် ၂၅၀ ကျော်သည် မိုးရာသီကာလအတွင်း ဆေး၀ါး၊ ရေလှဲ၀တ် နှင့် အမျိုးသမီး လစဥ်သုံးများ အရေးပေါ် လိုအပ်နေသည် ဟု...
ကွတ်ခိုင်မြို့နယ် ပန်လော့စစ်ရှောင် (၁၂) ဦး MNDAA စစ်သားလုပ်ရန်ဖမ်းဆီးသွား
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်လော့ကျေးရွာရှိ စစ်ရှောင် (၁၂) ဦးကို ကိုးကန့်တပ်မတော် (MNDAA) က စစ်သားလုပ်ရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (မေလ ၁၅) ရက် ည ၉ နာရီခွဲဝန်းကျင်တွင် MNDAA စစ်သားများသည် ကွတ်ခိုင်မြို့နယ် ပန်လော့ စစ်ရှောင်စခန်းသို့...
စစ်ရှောင်ပြည်သူများကို PNA နှင့် စစ်ကောင်စီ က တားမြစ်ပိတ်ပင်
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံဘက်မှ စစ်ရှောင်ပြည်သူများကို စစ်ဆေးရေးဂိတ်စောင့် PNA နှင့် စစ်ကောင်စီ တပ်သားများက စစ်ရှောင်ခွင့် မပေးဘဲ တားမြစ်ပိတ်ပင်နေကြောင်း စုံစမ်းသိရသည်။သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် လွယ်လုံကျေးရွာရှိ လွယ်တုံတောင်ခြေအနီး စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီ စစ်သားနှင့် PNA တပ်သားများသည် စစ်ရှောင်ပြည်သူများကို တားမြစ်ခြင်းဖြစ်ကြောင်း သတင်း သိရသည်။ ...
စစ်ကောင်စီမှတိုက်လေယာဥ်ဖြင့် ဖယ်ခုံမြို့နယ်အတွင်း ဗုံးများပစ်ချ၊ဒေသခံများထွက်ပြေး
အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့သည် ယနေ့ (မေ ၁၂)ရက် နံနက် အစောပိုင်းတွင် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း တိုက်လေယာဥ်ဖြင့် ဗုံးများပစ်ချနေသဖြင့် ဒေသခံများထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ထီရီကျေးရွာအနီး အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဖယ်ခုံ PDF နှင့် ပူးပေါင်းတပ်ဖွဲ့တို့သည် ယနေ့ (မေ ၁၂)ရက်...
မုံးကိုးမြို့နယ် တိုက်ပွဲများငြိမ်သက် စစ်ရှောင်များနေရပ်မပြန်နိုင်သေး
SHAN -
သျှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်တွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာ ၃ ရွာမှ ဒေသခံများသည် နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ မုံးကိုးမြို့နယ်ရှိ နမ့်ဟကျေးရွာ၊ နမ့်ယန်းကျေးရွာ နှင့် ကောင်းလုံကျေးရွာတို့မှ ပြည်သူများသည် တိုက်ပွဲများ ပြင်းထန်စဥ် ကာလတွင် ရွာတွင်းမှရှောင်တိမ်းရန် ကိုးကန့်တပ်မတော် MNDAA မှ ညွှန်ကြားခြင်း...
ရွာငံ နဘန်းကြီးဒေသခံများ စစ်ကောင်စီဖမ်းဆီးပြီး ငွေကြေးအဆမတန်တောင်း
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နဘန်းကြီးကျေးရွာတွင် စစ်ကောင်စီက ဒေသခံများကို ဖမ်းဆီးပြီး ငွေကြေးအဆမတန်တောင်းခံနေလျက်ရှိကြောင်းစုံစမ်းသိရှိရသည်။ စစ်ကောင်စီ မှ အပြစ်မဲ့ပြည်သူများဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာငံမြို့နယ် ရဲစခန်းသို့ ချုပ်နှောင်ကာ ငွေကြေးအဆမတန်တောင်းယူနေကြောင်း ငွေကြေးချမ်းသာသည့် မိသားစုဝင်ကို စစ်ကောင်စီက ပစ်မှတ်ထားပြီး ဖမ်းဆီးလျက်ရှိကြောင်းသိရသည်။ “ နဘန်းကြီးရွာဘက်မှ ငွေကြေးချမ်းသာတဲ့မိသားစုတွေကို အဓိကပစ်မှတ်ထားပြီး ဖမ်းနေကြတာပါ။ ရွာငံမြို့မရဲစခန်းမှာ အပြစ်မရှိတဲ့ ရွာသားတွေကို ဖမ်းပြီး ငွေကြေးအဆမတန်တောင်းခံနေတာတွေရှိတယ်။ ဆိုင်ကယ်ဝပ်ရှော့က အကိုတစ်ယောက်...
ရွာငံစစ်ရှောင် ကူညီရန်သွားသူများ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ တားဆီးပိတ်ပင်
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ပြည်သူများနှင့် စစ်ဘေးသင့်ပြည်သူ များထံ စားနပ်ရိက္ခာတချို့ ကူညီထောက်ပံ့ရန်သွားသည့် လူမှုကူညီရေးအသင်းများကို စစ်ကောင်စီ စစ်ဆေးရေးဂိတ် အရောက်တွင် နောက်ပြန်လှည့်လာခဲ့ရကြောင်း သတင်းသိရသည်။အောင်ပန်း - ရွာငံလမ်းမပေါ်မှ ကျုံးကျေးရွာလမ်းခွဲရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမေးမြန်းခြင်း ခံရပြီး ရိက္ခာနှင့်ဆေးဝါးတချို့သယ်ဆောင်လာကြောင်းပြောဆိုသော်လည်း လက်မခံသဖြင့် နောက်ကြောင်း...
စစ်ရှောင်များကို ကူညီသည့် တောင်ကြီးလူငယ် တစ်ဦး ထောင်ဒဏ် (၁၀)နှစ်ချခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် နေထိုင်ပြီး စစ်ရှောင်များကို ကူညီထောက်ပံ့ပေးနေသည့် လူငယ်တစ်ဦးကို စစ်ကောင်စီမှ ယနေ့ (ဧပြီ ၂၂)ရက်တွင် ထောင်ဒဏ် (၁၀) နှစ်ချလိုက်ကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့တွင်နေထိုင်သည့် အသက် ၃၂ နှစ်အရွယ်ရှိ အောင်မင်းသူကို ယနေ့ (ဧပြီ ၂၂)ရက်တွင် တောင်ကြီးခရိုင် တရားရုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ...
မိုးမောက်မြို့နယ် စစ်ရှောင် သျှမ်းပြည်သူတချို့ နေရပ်ပြန်ရန် ခက်ခဲနေ
မိုးမောက်မြို့နယ်မှ စစ်ဘေးတိမ်းရှောင်နေရသည့် ပြည်သူများ၏ ကျေးရွာအတွင်း စစ်ကောင်စီ တပ်ဖွဲ့တို့၏ စခန်းချ နေထိုင်မှုများကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်ရန် ခက်ခဲနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လကတည်းက မိုးမောက်မြို့နယ်တွင် KIA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ စစ်ရေး ပြင်းထန်လာခဲ့ပြီး သျှမ်းလူထုနေထိုင်သည့် ကျေးရွာပေါင်း (၅၀)နီးပါးက...






