ကွတ်ခိုင်မြို့နယ် ပန်လော့စစ်ရှောင် (၁၂) ဦး MNDAA စစ်သားလုပ်ရန်ဖမ်းဆီးသွား

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်လော့ကျေးရွာရှိ စစ်ရှောင် (၁၂) ဦးကို ကိုးကန့်တပ်မတော် (MNDAA) က စစ်သားလုပ်ရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။

ကွတ်ခိုင်

ယမန်နေ့ (မေလ ၁၅) ရက် ည ၉ နာရီခွဲဝန်းကျင်တွင် MNDAA စစ်သားများသည် ကွတ်ခိုင်မြို့နယ် ပန်လော့ စစ်ရှောင်စခန်းသို့ ရောက်ရှိလာပြီး စစ်ရှောင် အမျိုးသား (၁၂) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ည ၁၁ နာရီဝန်းကျင်တွင် ( ၇) ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ပန်လော့စစ်ရှောင်စခန်းတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့ည က MNDAA တပ်သား (၁၀) ယောက် ရောက်လာပြီး စစ်ရှောင် (၁၂) ဦးကို ဖမ်းသွားတာ။ ည ၁၁ နာရီရောက်တော့ ၇ ယောက်ကို ပြန်လွှတ်ပေးခဲ့တယ်။ သူတို့ ဖမ်းသွားတာက စစ်သားလုပ်ဖို့ ဖမ်းသွားတာ။ မလုပ်မနေရဘူးတဲ့။ အတင်းဖမ်းခေါ်သွားတာ။ မလုပ်ရင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်သေးတယ်” ဟု ၎င်း အမျိုးသမီးက ပြောသည်။

အဆိုပါ ပြန်လွှတ်ပေးသည့် (၇) ဦးထဲတွင် အသက်ကြီးသည့် အမျိုးသားတစ်ဦးအား ၎င်း၏ သားကို ၅ ရက်အတွင်း လာပို့ပေးရန်၊ မပို့ပေးနိုင်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုသွားသေးကြောင်းသိရသည်။

“ (၇) ယောက်ပြန်လွှတ်လာတာ။ တစ်ယောက်က သူသားရှိတယ်ပြောမိသွားလို့လေ။ သူ့သားကို ၅ ရက်အတွင်း လာပို့ခိုင်းတာ။ မပို့ပေးနိုင်ရင် သတ်ပစ်မယ်တဲ့။ သူ့ကို အဲ့လို ခြိမ်းခြောက်လာသေးတယ်။ အခု သူ့သားကတော့ တစ်ခြားနေရာမှာ အလုပ်သွားလုပ်နေတာ” ဟု စစ်ရှောင်တွင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုပြန်လွှတ်လာပေးသည့် သူထဲမှ အမျိုးသားတစ်ဦး က “မနေ့က လာခေါ်တဲ့အချိန်တုန်းက အရမ်းကြောက်တယ်။ တံခါးမဖွင့်ပေးတာတောင် တံခါးကိုခြေထောက်နဲ့ ကန်ပြီးအော်တယ်။ ဒီနေ့လည်း သတိနဲ့နေနေရတယ်။ ဘယ်ချိန်လာခေါ်မှာလည်းမသိဘူး။ ကြောက်နေရတယ်” ဟု သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ MNDAA မှ စစ်ရှောင်များကို စစ်သားလုပ်ရန် ဖမ်းဆီးခေါ်ဆောင်သွားသည့်အပေါ်တွင် ကျန်ရှိနေသည့် စစ်ရှောင်များက စိုးရိမ်စိတ်ဖြင့် နေထိုင်ကြရပြီး ဖမ်းသွားသည့် သူများကို ပြန်လွှတ်ပေးရန်အတွက် တောင်းဆိုနေကြသည်။

ထိုအပြင် ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်ရှောင်များကိုလည်း ဖုန်းခဏသာပြောခွင့်ပေးပြီး မိဘများ၏ သဘော တူညီချက် မရသော်လည်း စစ်သားအဓ္ဓမ ပြုလုပ်ခိုင်းကြောင်းသိရသည်။

“ အဆက်သွယ်တော့ရတယ်။ ဖုန်းလည်းခဏပဲပေးပြောတာ။ စစ်သားလုပ်ဖို့ မိဘတွေက သဘောမတူဘူးလို့ပြောရင်တော့ သူတို့က အတင်းလုပ်ခိုင်းတယ်။ ကျမတို့ဖမ်းခံသွားရတဲ့သူကိုလည်း ပြန်လွှတ်လာအောင် ကူညီပေးကြပါ။ ကျမတို့လည်း အခုမှ စိုးရိမ်စိတ်တွေနဲ့ နေထိုင်နေရတာ” ဟုစစ်ရှောင်စခန်းတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ပန်လော့စစ်ရှောင်စခန်းသည် လီဆူတိုင်းရင်းသား စစ်ရှောင်များ နေထိုင်သည့် စစ်ရှောင်စခန်း တစ်ခုဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...