စစ်ရှောင်ကိုထောက်ပံ့ပေးထားတဲ့ WFP တံဆိပ်ဆန်အိတ်များ ဈေးကွက်အတွင်း တွေ့ရှိနေ

သျှမ်းပြည် နှင့် ကရင်နီပြည်နယ်စပ် တစ်လျှောက်ရှိ စစ်ရှောင်များနှင့် ကရင်နီဘက်မှ စစ်ရှောင်များအတွက် ထောက်ပံ့ပေးထားသည့် WFP တံဆိပ်ဆန်အိတ်များ ဈေးကွက်အတွင်း တွေ့ရှိနေရကြောင်း စုံစမ်းသိရသည်။

WFP မှ စစ်ရှောင်များကို ထောက်ပံ့သည့် ဆန်အိတ်

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ဖြင့် စစ်ရှောင်များအတွက် ထောက်ပံ့ပေးထားသည့် WFP တံဆိပ် ပါ UN ဆန်အိတ်များသည် ဖယ်ခုံမြို့ပေါ် ဆန်အရောင်းဆိုင်များတွင် တစ်အိတ်နှုန်း ၃၅၀၀၀ ကျပ်ဖြင့် ရောင်းချမှုများ ရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ တစ်ဦးက ပြောသည်။

“WFP တံဆိပ်နဲ့ UN က စစ်ရှောင်တွေအတွက် လှူဒါန်းခဲ့တဲ့ ဆန်အိတ်တွေကို တစ်အိတ် ၃၅၀၀၀ ကျပ်နဲ့ ပြန် ရောင်းနေတယ်၊ ဆိုင်ပေါ်ကို ဘယ်ကနေ ဘယ်လိုရောက်လာလဲဆိုတာတော့ မပြောတော့ပါဘူး၊ ဆိုင်ရှင်တွေ အတွက်လည်း မကောင်းနိုင်ဘူးလေ” ဟု ဖယ်ခုံမြို့ပေါ်သို့ ရိက္ခာဝယ်ရန်သွားသည့် PDF တပ်သားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

WFP မှတစ်ဆင့် သျှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြို့နယ်နှင့် လွိုင်ကော်မြို့တို့မှ ပြည်သူများကို လူသားချင်း စာနာ ထောက်ထားမှု အကူအညီအနေဖြင့် နေအိမ်တအိမ်ကို ဆန်တစ်အိတ်ပေးဝေလှူဒါန်းနေလျက်ရှိကြောင်း သိရသည်။

WFP မှ စစ်ရှောင်များကို လှူဒါန်းသည့်ဆန်

ယင်းကဲ့သို့ ပေးဝေလှူဒါန်းထားသည့် ဆန်အိတ်များက ဈေးကွက်သို့ရောက်ရှိသွားပြီး ရောင်းဝယ်မှုများ ဖြစ်နေခြင်းနှင့် ပက်သက်ပြီး WFP ကို ဆက်သွယ်မေးမြန်းရာ WFP ၏ ပံ့ပိုးကူညီပေးမှုများ ပိုမိုထိရောက်မှုရှိစေဖို့အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

“WFP က လှူဒါန်းထားတဲ့ စားနပ်ရိက္ခာအချို့ အကျိုးခံစားခွင့်ရှိသူ မိသားစုဝင်တွေက သူတို့ရရှိထားတဲ့ ဆန်ရိက္ခာ အနည်းအကျဉ်းကို တခြားအိမ်သုံးပစ္စည်းတွေ၊ အစားအစာတွေနဲ့ လဲလှယ်ရောင်းချတတ်ကြပါတယ်၊ မြေပြင် မှာ ရောက်နေတဲ့ WFP ဝန်ထမ်းတွေလည်း ကူညီမှုတွေ ပိုမိုထိရောက်စေဖို့အတွက် စဥ်ဆက်မပြတ် ပြုလုပ်လျက် ရှိပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က ပြောကြားသည်။

ထို့အပြင် WFP ထောက်ပံ့မှုရရှိသည့် ပြည်သူများအနေဖြင့် ရိက္ခာများအဆင်ပြေသလို အသုံးပြုခြင်းကို အသိအမှတ်ပြုကြောင်းနှင့် WFP ၏ လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာအထောက်အပံ့ အခွင့်မရှိဘဲ လက်ကားရောင်းချပါက လက်သင့်ခံမှာ မဟုတ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

WFP သည် သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ ပင်းတယမြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့တွင် ရောက်ရှိခိုလှုံ နေသည့် ကရင်နီပြည်မှ နေရပ်စွန့်ခွာလာရသူများကို စားနပ်ရိက္ခာများဖြန့်ဖြူးပေးနေပြီး တောင်ကြီးမြို့မှာလည်း ရုံးခန်းနှင့် စားနပ်ရိက္ခာ သိုလှောင်ရုံတစ်ခု အ‌ခြေစိုက်ဖွင့်လှစ်ထားကြောင်းသိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် ဒိန်းမတ်သံရုံးမှ တာဝန်ရှိသူများသည် ပြီးခဲ့သည့် မေလ ၂၅ ရက်တွင် လည်း ၎င်းတို့မှ အရေးပေါ် စားနပ်ရိက္ခာထောက်ပံ့မှုပေးနေသည့် သျှမ်းပြည် တောင်ပိုင်းသို့ အတူသွားရောက် လေ့လာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

နေရပ်မပြန်နိုင်သေးသည့် လွိုင်ကော်စစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံနေ

0
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့သို့ နေရပ်မပြန်နိုင်သေးသည့် ဒေသခံများ စားဝတ်နေရေးအခက်ခဲကြောင့် ရေရှည်ရှောင်တိမ်းရန် အခက်ခဲကြုံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ တွင်ဖြစ်ပွားခဲ့သော “၁၁၁၁”စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြီ ၂၀၂၅ ခုနှစ်တွင် စစ်ရေးအခြေအနေ ငြိမ်သက်လာသဖြင့် မြို့ခံအချို့အပါအဝင် အစိုးရဝန်ထမ်းအချို့ နေရပ်ပြန်နေထိုင်ခဲ့ကြသည်။ သို့သော် လွိုင်ကော်မြို့ပေါ်ရှိ ငွေတောင်ရပ်ကွက်နှင့်...

“ပုစ္ဆာအဟောင်းကို နည်းဟောင်းနဲ့ ဆက်သွားနေရင်တော့ ရလဒ်အဟောင်းပဲ ထွက်မယ်။ တွက်နည်းအသစ်နဲ့တော့ ကျနော်တို့ တွက်ရလိမ့်မယ်”

0
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီး ဌာန MOD လက်အောက်မှ နုတ်ထွက်ပြီး SSRY နှင့် SSPDF တို့က သျှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU နှင့် ပူးပေါင်း၍ သျှမ်းပြည်တောင်ပိုင်း အမျိုးသားကာကွယ်ရေးတပ် SSNDF အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ယမန်နှစ် ၂၀၂၅ ဧပြီလ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သျှမ်းပြည်တောင်ပိုင်း အမျိုးသားများကာကွယ်ရေးတပ် SSNDF အနေဖြင့် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် (၉) တွင် SSNDF B-101, B-102, B-103 နှင့် Drone အဖွဲ့များအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး KNDF ၏စစ်ရေး...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...