စစ်ရှောင်ပြည်သူများကို PNA နှင့် စစ်ကောင်စီ က တားမြစ်ပိတ်ပင်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံဘက်မှ စစ်ရှောင်ပြည်သူများကို စစ်ဆေးရေးဂိတ်စောင့် PNA နှင့် စစ်ကောင်စီ တပ်သားများက စစ်ရှောင်ခွင့် မပေးဘဲ တားမြစ်ပိတ်ပင်နေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် လွယ်လုံကျေးရွာရှိ လွယ်တုံတောင်ခြေအနီး စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီ စစ်သားနှင့် PNA တပ်သားများသည် စစ်ရှောင်ပြည်သူများကို တားမြစ်ခြင်းဖြစ်ကြောင်း သတင်း သိရသည်။

စစ်ကောင်စီတပ် တိုက်လေယာဥ်နဲ့ဗုံးပစ်ချ ဒေသခံများထွက်ပြေးနေရ

“မေ ၁၃ ရက် မွန်းလွဲပိုင်း ၃ နာရီလောက်ကနေ စပြီးတော့ ဂိတ်စောင့်တဲ့ စစ်သားတွေက ပြည်သူတွေကို ဒီနယ်ထဲ ကနေ အပြင်ထွက်ခွင့်မပေးတော့ဘူးတဲ့၊ ဆိုလိုချင်တာတော့ တခြားဒေသကိုလည်းစစ်ရှောင်သွားလို့ မရဘူးတဲ့၊ စစ်ရှောင်မဲ့ ပြည်သူတွေက အဲ့ဂိတ်နားမှာ အကြာကြီးစောင့်ကြပေမဲ့ သူတို့က ဂိတ်ကို ပေးမဖြတ်ဘူး” ဟု အဆိုပါ ဒေသမှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ် နှင့် ညောင်ရွှေမြို့ နယ်တို့မှ ပြည်သူဦးရေ ၁၀၀ ကျော်သည် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်သွားလိုသော်လည်း စစ်ကောင်စီ တပ်သားနှင့် PNA တပ်သားတို့ တားမြစ်ပိတ်ပင်သည့် အတွက် နောက်ကြောင်း ပြန်လှည့်လာရကြောင်း သိရသည်။

အဆိုပါ လွယ်တုံတောင်ခြေမှ စစ်ဆေးရေးဂိတ်စောင့်စစ်သားများသည် စစ်ရှောင်သည့် ပြည်သူများကို နောက်ကြောင်း ပြန်လှည့်ခိုင်းသည့် အပြင် ပိုက်ဆံတောင်းယူမှုများ ရှိနေကြောင်း ကြုံတွေ့ရသည့် စစ်ရှောင်အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ကျနော်တို့ ထီရီကျေးရွာနဲ့ လွယ်ပေါင်းကျေးရွာဘက်မှာ တိုက်ပွဲဖြစ်တော့ ထွက်ပြေးကြတာပေါ့၊ ဒီလွယ်တုံ စစ်ဆေးရေး ဂိတ်ရောက်တော့ သူတို့(စစ်သားများ) စစ်ဆေးတာ ခံလိုက်ရတယ်၊ ကျနော်တို့က စစ်ရှောင်တွေပါ ပြောလည်း ဖြတ်လို့မရဘူးတဲ့၊ စစ်ရှောင်တွေ တင်လာတဲ့ကားတစ်စီးကို ၁၀၀၀၊ ၂၀၀၀ အဲ့လောက်တောင်းတာ၊ ပြီးတော့ နောက်ကြောင်းပြန်လှည့်ခိုင်းတယ်” ဟု အဆိုပါ စစ်ရှောင်အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် (မေ ၁၂)ရက် နံနက် အစောပိုင်းမှစတင်ကာ တိုက်ပွဲများ ပြန်လည်ပြင်းထန်လာသည့် ဖယ်ခုံမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့တို့မှ တိုက်လေယာဥ်ဖြင့် ဗုံးများပစ်ချနေသည့်အပြင် လက်နက်ကြီး လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်နေသည့်အတွက် ရာနှင့်ချီသော ဒေသခံများ ထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။


Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...