စစ်ကော်မရှင်
ဆီဆိုင် နောင်ထောင်ကျေးရွာ ဈေးဆိုင်ခန်းများကို PNO ဖျက်ခိုင်းနေ
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာ အုပ်စု နောင်ထောင်ကျေးရွာတွင်းရှိ ဈေးဆိုင်ခန်းများကို စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNOက ဖျက်ခိုင်းနေ ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်တွင် ဆီဆိုင်မြို့နယ် နောင်ထောင်ကျေးရွာ၌ စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ PNO တို့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်တော် PNLA...
မိခင်ရင်ခွင်ထဲကနေ ကလေးအသက်ကို ဆွဲနှုတ်သွားတဲ့ စစ်ဗုံး
“ခမ်း နင့်သမီး ဆုံးပြီ” ဟု သျှမ်းဘာသာစကားဖြင့် ပြောလာသည်။ ထို့နောက် နန်းခမ်းတစ်ယောက် တစ်ဖက်လူ၏ မျက်နှာကို စေ့စေ့ကြည့်လျက် မျက်တောင်မခတ်ဘဲ မတုန်မလှုပ် အသက်ရှူရန်ပင် မေ့သွားသည့်အတိုင်း အံ့ဩမှင်သက်နေခဲ့သည်။ နောက်ထပ် မိနစ်အနည်းငယ် အကြာတွင်မှ “ငါ့ သမီးလေး …”ဟု မျက်ရည်ပေါက်ကြီးငယ် ကျလာလေ၏။ နန်းခမ်းသည် စိတ်ကို ချုပ်တည်းမနေတော့ဘဲ...
နောင်ချို နေရပ်ပြန်စစ်ရှောင်များကို အိမ်ထောင်စုစာရင်းစစ်ဆေးပြီး စစ်မှုထမ်းအတွက် ဖမ်းဆီးနေ
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ နေရပ်ပြန်စစ်ဘေးရှောင်များ၏ နေအိမ်များကို စစ်ကော်မရှင်တပ်က ညအချိန်မတော် သန်းခေါင်စာရင်း စစ်ဆေးကာ လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ တတိယပတ်မှ စတင်ပြီး စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် တောင်ဘက်ခြမ်းရှိ ကံကြီး၊ ဉာဏ်တော်၊ နောင်တော၊ ရွှေမုဋ္ဌော၊ အင်းဖို၊ မဲပုတ်နှင့်...
မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကော်မရှင်တပ် လေကြောင်းဖြင့် ဖိအားပေးတိုက်ခိုက်နေ
လာမည့် ဒီဇင်ဘာလ ရွေးကောက်ပွဲမတိုင်မီ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးဆက်တိုက်ကြဲကာ ဖိအားပေးနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၂၅ ရက်) ည ၁၁ နာရီဝန်းကျင်တွင် မိုးကုတ်မြို့အရှေ့ပိုင်း စည်ပင်သာရပ်ကွက်ရှိ...
ကျောက်မဲမြို့ပေါ် စစ်ကော်မရှင်လေကြောင်းဗုံးကြဲမှု ကိုရင်(၃)ပါးဒဏ်ရာရ၊ နေအိမ်(၂၀)ကျော်ပျက်စီး
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုရင်(၃) ပါး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၂၀) ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) နံနက်ပိုင်း ၁၁ နာရီကျော်တွင်...
ရွာငံတွင် စစ်ကော်မရှင်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်ကော်မရှင်မှ မြေပြင်စစ်ကြောင်းထိုး၍ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ၊ ဂျက်လေယာဉ်ဖြင့် လှည့်ပတ်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဩဂုတ်လ ၂၄) ရက် တွင် စစ်ကော်မရှင်တပ်မှ ရွာငံမြို့ မြောက်ဘက် ကျေးရွာနှင့် တောတောင်ဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး ဂျက်ဖိုက်တာတစ်စီးဖြင့်လည်း လှည့်လည်စောင့်ကြည့်နေကြောင်း...
ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြိုတင်မဲပေးရန် စစ်ကော်မရှင် ထုတ်ပြန်
စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပရန် ကြေညာထားလျက်ရှိရာ ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရေး သက်ဆိုင်ရာသံရုံးသို့ ဆက်သွယ်နိုင်ကြောင်း သြဂုတ် ၂၃ ရက်တွင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လာသည်။ ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ကြိုတင်မဲပေးနိုင်ရန်အတွက် ကိုယ်ရေးအချက်အလက်များကို ဖော်ပြပြီး သက်ဆိုင်ရာသံရုံးသို့ ပေးပို့တောင်းဆိုရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်...
စစ်ကော်မရှင် ဖမ်းမိသည့် ကျပ် ၂၅၇ ဘီလီယံကျော်တန် မူးယစ်ဆေးဝါးနှင့် ပတ်သက်မှုမရှိဟု SSPP ထုတ်ပြန်
SHAN -
စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ရဲတပ်ဖွဲ့မှ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် အဖွဲ့ဝင် အရာရှိများအပေါ် မူးယစ်ဆေးဝါးများနှင့် ပတ်သက်မှုရှိကြောင်း ထုတ်ပြန်ခြင်းသည် မဟုတ်မမှန်ကြောင်း SSPP ဘက်မှ ပယ်ချလိုက်သည်။ ပြီးခဲ့သည့် သြဂုတ် ၅ ရက်မှ ၁၅ ရက်အတွင်း ရခိုင်ပြည်နယ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် မလေးရှား ရေပိုင်နက်သို့...
စစ်ကော်မရှင် NSPNC နှင့် အပစ်ရပ် ၇ ဖွဲ့တို့ NCA ၁၀ နှစ်ပြည့်ပွဲအတွက် နေပြည်တော်၌ ဆွေးနွေးနေ
NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ပူးတွဲကျင်းပရေးအတွက် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ 7 EAO Alliance မဟာမိတ်အဖွဲ့နှင့် စစ်ကော်မရှင်၏ NSPNC တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၂ ရက်) နံနက်ပိုင်းမှ...
ကျောက်မဲမြို့နယ် စစ်ဘေးရှောင်ရှိရာဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု TSU ပြင်းထန်စွာ ကန့်ကွတ်
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲ စစ်ဘေးရှောင်ရှိရာ ဘုန်းကြီးကျောင်းပေါ် စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူများ သေဆုံးထိခိုက်ခဲ့ရခြင်းကို သျှမ်းကျောင်းသားသမဂ္ဂ (TSU) မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ (သြဂုတ် ၂၁ ရက်) တွင် ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (သြဂုတ်လ ၂၀ ရက်)တွင် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ရှိ...





