စစ်ကောင်စီ
နမ့်ခမ်းဈေးအတွင်း စစ်ကောင်စီ ရောက်လာ ပြည်သူများ ထိတ်လန့်နေ
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း ဈေးအတွင်းသို့ ယနေ့ (ဇန်နဝါရီ ၅)ရက် မနက် ၈ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်သား ထပ်မံရောက်လာသဖြင့် ပြည်သူများက စိုးရိမ်ထိတ်လန့်နေကြကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၄)ရက် မနက်ပိုင်းတွင်လည်း တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်သား အများအပြားရောက်လာခဲ့ပြီး ယနေ့ မနက်ပိုင်းတွင်...
သျှမ်း – မန္တလေးစပ်ကြား စစ်ကောင်စီ ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
SHAN -
သျှမ်း နှင့် မန္တလေးစပ်ကြား ရွာငံ - ဟန်မြင့်မိုရ်လမ်းပိုင်း၊ သံရွာနှင့် ဟန်မြင့်မိုရ်ကြားတွင် စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သတင်းသိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၄ ရက် မနက် ၉ နာရီဝန်းကျင်တွင် သျှမ်းပြည်တောင်ပိုင်းမှ တောင်တော်စစ်တပ်ဆီ ဦးတည်သွားနေသည့် စစ်ယာဥ်တန်းကို ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)နှင့် Black...
ကျိုင်းတုံ တပ်ကျောင်းများ ဗုံးဖေါက်ခွဲမည့် သတင်းထွက်ပေါပြီး လုံခြုံရေးတင်းကြပ်
SHAN -
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့မှ အခြေခံပညာအထက်တန်းကျောင်း (တပ်ကျောင်း) တို့တွင် ဗုံးဖောက်ခွဲမည့် သတင်း ထွက်ပေါ်ပြီးနောက် မြို့တွင်းလုံခြုံရေးတင်းကြပ်လာကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၃ )ရက်နေ့တွင် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့မှ အခြေခံပညာအထက်တန်းကျောင်း အမှတ် ၁၊ အမှတ် ၄၊ အမှတ် ၅ (တပ်ကျောင်း)တို့ကို...
ပင်လောင်း နောင်တရားရောက်စစ်ရှောင်တချို့ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်
SHAN -
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားမြို့သို့ ရောက်ရှိခိုလှုံနေသည့် ကရင်နီပြည်မှ စစ်ရှောင်တချို့ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်သွားခဲ့ကြောင်း သတင်းသိရသည်။ ကရင်နီပြည်(ကယားပြည်)တွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့် ဒေသခံပြည်သူများ သျှမ်းပြည်တောင်ပိုင်းအတွင်းရှိ မြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုရက်ပိုင်းတွင် နေရပ်ပြန်သွားကြကြောင်း သိရသည်။ “ဒီ တစ်ရက် နှစ်ရက်မှာပဲ...
၃ တန်ထက် အလေးချိန်ရှိသည့် ယာဥ်များ မြို့ထဲဝင်ခွင့်မပေး
SHAN -
သျှမ်းပြည် မြို့တော် တောင်ကြီးမြို့တွင် ၃ တန်ထက် ပိုသည့် အလေးချိန်ရှိသော ယာဥ်များ မြို့ထဲဝင်ခွင့် ရပ်နားခွင့် မရှိသည့် အတွက် ကားကြီးမောင်းသူများ အဆင်မပြေနိုင်ကြောင်း သတင်းသိရသည်။ “ကားငယ်တွေပဲ မြို့ထဲသွားလာရမယ် ဆိုတဲ့ သဘောပေါ့၊ သူတို့ပဲ ကုန်တင်ကုန်ချနဲ့ ခရီးသည်တွေဆီက ပိုက်ဆံရမယ်၊ ဒါပေမဲ့ မြို့ဝင်ကြေးတွေ၊...
ပြည်သူများ တနေ့ စက်သုံးဆီ တလီတာ ချွေတာရန် စစ်ကောင်စီ ညွှန်ကြား
ပြည်သူများကို တနေ့လျှင် စက်သုံးဆီ တလီတာချွေတာရန် စစ်ကောင်စီထုတ် သတင်းစာ ယမန်နေ့ (ဖေဖော်ဝါရီ ၁၂)ရက်တွင် ထည့်သွင်းဖော်ပြထားသည်။ စက်သုံးဆီဈေးနှုန်းများသည် စစ်တပ်အာဏာမသိမ်းခင်က တစ်လီတာကျပ် ၆၀၀ ဝန်းကျင်သာ ရှိခဲ့ရာမှ လက်ရှိတွင် တစ်လီတာကို ကျပ် ၁၈၀၀ နီးပါးအထိ ဈေးနှုန်း မြင့်တက်လာကြောင်း လားရှိုးမြို့နယ်မှ စက်သုံးဆီရောင်းဝယ်ရေး...
စစ်မှုမထမ်းမနေရ ဥပဒေကို မဖြစ်မနေလုပ်ရမည်ဟု အာဏာသိမ်းခေါင်းဆောင်ပြော
SHAN -
နိုင်ငံသားအားလုံး စစ်မှုထမ်းရမည့် အမျိုးသားစစ်မှုထမ်းဥပဒေကို မဖြစ်မနေလုပ်ဆောင်သွားမည် ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါသည်။ “ကျနော်တို့ဆီမှာ အမျိုးသားစစ်မှုထမ်း ဥပဒေ မကျင့်သုံးရသေးဘူး။ နိုင်ငံသားတိုင်းဟာ စစ်မှုထမ်းဖို့ တာဝန်ရှိတယ်။ အမျိုးသားစစ်မှုထမ်းဥပဒေကို ကျွန်တော်တို့ မကျင့်သုံးရတာဟာ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေရှိနေလို့ ကျွန်တော်တို့ လုပ်လို့မရဘူး။ စီးပွားရေးအားမကောင်းရင်လည်း...
ကိုဗစ် စည်းမျဉ်း၊စည်းကမ်း ချိုးဖောက်သည့် သိန္နီမြို့ အားကစားပွဲ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ကိုဗစ် ၁၉ ကူးစက်မှုများရှိနေသည့် ကြားက ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြင့် အားကစားပွဲကို အကြီးအကျယ် ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ သီန္နီမြို့တွင် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ပြီး ပြည်ထောင်စုနေ့ဖြစ်တဲ့ ၁၂ ရက်နေ့အထိ အားကစားပွဲ အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ “စလုပ်နေတာတော့ ၁...
စစ်ကောင်စီ ပြုလုပ်မည့် သျှမ်းပြည် အမျိုးသားနေ့ မပါဝင်ကြရန် TSU ပန်ကြား
SHAN -
စစ်ကောင်စီ ပြုလုပ်မည့် သျှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို ပူးပေါင်းပါ၀င်ခြင်း မပြုကြရန် သျှမ်းကျောင်းသားများသမဂ္ဂ တို့က ပန်ကြားချက် ထုတ်ဝေခဲ့ပါသည်။ လာမည့် ဖေဖော်ဝါရီလ ၇ ရက်တွင် ကျရောက်မည့် ၇၅ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ကို မူလအမည်နာမ သျှမ်းပြည်အမျိုးသားနေ့မှ စစ်အာဏာရှင်တို့က "သျှမ်းပြည်နယ်နေ့" အမည်ဖြင့် အခမ်းအနားတွေကို...
တာချီလိတ် စစ်တပ်ထောက်ခံပွဲ ဗုံးပေါက်ကွဲပြီးနောက် စစ်ဆေးဖမ်းဆီးမှုများရှိနေ
SHAN -
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယမန်နေ့က စစ်တပ်ထောက်ခံပွဲပြုလုပ်နေစဉ် အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဒေသခံများအား စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၁ရက်) စစ်ကောင်စီအာဏာသိမ်း တစ်နှစ်ပြည့်သည့်နေ့တွင် တာချီလိတ်မြို့၌ စစ်တပ်ထောက်ခံပွဲ ပြုလုပ်နေစဉ်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ယမန်နေ့ ညပိုင်းနှင့်...





