အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးပျက် ပြည်သူများ ဒုက္ခရောက်နေ

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် သျှမ်းပြည် အပါအဝင် နိုင်ငံတဝှမ်းလုံး၌ လျှပ်စစ်မီး ပုံမှန်ပျက်နေသည့်အတွက် ပြည်သူများက ဒုက္ခများကြုံနေကြရကြောင်း သတင်းသိရသည်။

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှောင်းပိုင်းမှစတင်ကာ လက်ရှိအထိ သုံးလတာ ကာလအတွင်းတွင် လျှပ်စစ်မီးသည် တစ်နေ့လျှင် အနည်းဆုံး ၃ ကြိမ်မှ ၄ ကြိမ်အထိ ပုံမှန်ပျက်နေလေ့ရှိသည့် အတွက် များစွာ အခက်အခဲကြုံတွေ့နေရကြောင်း တောင်ကြီးမြို့မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လျှပ်စစ်မီးကို အသုံးပြုပြီး လုပ်ရတဲ့အလုပ်တွေ ဘာတစ်ခုမှ အဆင်မပြေဘူး၊ ဘာဖြစ်လို့လဲဆိုရင် အဲ့မီးက တစ်နေ့ကို အနည်းဆုံး ၃ ကြိမ်ကနေ ၄ ကြိမ်လောက် ပုံမှန်ပျက်နေတာ နေ့တိုင်းပဲ၊ တခါတလေ ထမင်းအိုး ဟင်းအိုးတည်နေရင်းတန်းလန်းနဲ့ မီးက ဖြတ်ချသွားတာ၊ ပြည်သူတွေကို တမင်သက်သက် ဒုက္ခပေးနေသလားပဲ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မြန်မာပြည်မှ လျှပ်စစ်မီးရရှိမှု အခြေအနေသည် နေ့လည်ခင်းနှင့် ညသန်းခေါင်ကဲ့သို့ ပြည်သူများ အိပ်ချိန်နှင့် အလုပ်ပါးသော အချိန်များတွင်ဖြစ်နေပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်ရုံးမှ တာဝန်ရှိသူ များအနေဖြင့်လည်း လျှပ်စစ်မီးဖြတ်တောက်ခြင်းများနှင့် ပတ်သက်ပြီး ကြိုတင် အသိပေးမှုများ မရှိကြောင်း သိရသည်။

“အရင်တုန်းကဆို မီးက ၂၄ နာရီလုံး လာတယ်လေ၊ ဆိုတော့ ဘာအခက်အခဲမှ မရှိဘူး၊ အခုက ထမင်းဟင်းချက်ဖို့ မိုးမလင်းခင် ၃ နာရီ ၄ နာရီကတည်းက ထရတယ်၊ ညဆိုလည်း ထင်းမွေးပြီး ချက်ရတယ်၊ အရင်ခေတ်ကို ပြန်ရောက်သွားသလိုပေ့ါ” ဟု ကျောက်မဲမြို့မှ အမျိုးသမီး တစ်ဦးက ၎င်းအခက်အခဲကို ပြောပြထားသည်။

ထို့အပြင် မီးပျက်တောက်မည့်အကြောင်းကို ကြိုတင်အကြောင်းကြားချက် မရှိသည့်အတွက် ကြိုတင်ပြင်ဆင်မှု မရှိဘဲ မီးပျက်သွားသည့်အခါတွင် ထမင်းအိုး တစ်ခုလုံး သွန်ပြစ်လိုက်ရသည့် အခါများလည်း ရှိနေကြောင်း ၄င်းအမျိုးသမီးက ပြောပြထားသည်။

နေ့စဉ် လျှပ်စစ်မီးပုံမှန် မလာသောကြောင့် ဒေသခံတချို့က စားဝတ်နေရေး အတွက် ယခင်ထက် ပိုခက်ခဲလာကြောင်း လဲချားမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“မီးက ပုံမှန်မလာတော့ အလုပ်လုပ်ရတာ အဆင်မပြေဘူး။ ကိုယ်တွေအလုပ်ကလည်း မီးကို အဓိကထားသုံးပြီးတော့ အလုပ်လုပ်ရတယ်ဆိုတော့ သိပ်အဆင်မပြေဘူး။ မီးမလာတော့ စားဝတ်နေရေးအတွက်လည်း အများကြီး ထိခိုက်လာတာ ရှိတယ်” ဟု လဲချားမြို့ မုန့်လုပ်ငန်းဆိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အနေဖြင့် လျှပ်စစ် မီတာခ ပေးဆောင်ရန် ငြင်းဆိုကြသော်လည်း စစ်ကောင်စီမှ လျှပ်စစ်မီတာခ မဆောင်သည့် ပြည်သူများကို ဖမ်းဆီးခြင်းများ ပြုလုပ်လာသည့်အတွက် အများစုက ပြန်လည်ပေးဆောင်ကြသော်လည်း လျှပ်စစ်မီးက အရင်လို ပုံမှန်ရရှိခြင်းမရှိကြောင်း လားရှိုးမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်အာဏာသိမ်းပြီးတဲ့နောက် မီတာခမဆောင်တဲ့သူများလို့ မီးဖြတ်တာ လက်ခံတယ်၊ ဒါပေမဲ့ မီတာခကို အပြည့်အဝနဲ့ လတိုင်းပေးဆောင်နေလည်း မီးက ပုံမှန်မရနိုင်တာတော့ ဆောင်တဲ့သူတွေ နစ်နာတာပေါ့” ဟု လားရှိုးမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လျှပ်စစ်မီးပုံမှန်ပျက်နေခြင်းနှင့် လိုအပ်သည့် အချိန်များတွင် လျှပ်စစ်မီး မရရှိခြင်းတို့ကြောင့် လျှပ်စစ်သုံးစွဲသည့် လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေး များစွာထိခိုက်ရကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည် ၁၅ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံတိုးမြှင့်

0
သျှမ်းပြည် မြို့နယ်ပေါင်း ၁၅ ခုအပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့နယ် ၅၈ ခုတွင် အရေးပေါ်အခြေအနေကို နောက်ထပ် ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးရန် ယနေ့ (ဇူလိုင် ၂၁ ရက်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ သက်တမ်းတိုးရန်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီနှင့် ကွတ်ခိုင်တွင် မီးပြန်ရသော်လည်း မီတာတစ်ယူနစ် ၄၀၀ ကျပ် ပေးရမည်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များတွင် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း အိမ်သုံးမီတာခ တစ်ယူနစ်လျှင် ၄၀၀ ကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းမှစတင်ကာ သုံးနှစ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် အဆိုပါဒေသများတွင် ယခုအခါ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

သျှမ်းပြည် အတွင်း အသက်မပြည့်သေးသည့် လူငယ်များကြား ဘိန်းစာရွက်ရည်ခေတ်စားနေ

0
သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည် သုံးစွဲသူများပြားပြီး၊ ပေါ်ပေါ်ထင်ထင် ရောင်းချမှုများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။  စစ်အာဏာသိမ်းပြီးစ ၂၀၂၁ခုနစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် ဘိန်းစာရွက်ရည်သုံးစွဲမှုသည်  သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်။ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်များတွင်သာ တွေ့ရသော်လည်း လက်ရှိတွင် သျှမ်းပြည် တဝှမ်းသို့ ပျံ့နှံ့လာပြီး အသက်မပြည့်သေးသည့်သူများလည်း သုံးစွဲနေသည်။  လက်ရှိ...