PNLO/PNLA မှ ကရင်နီစစ်ဘေးရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေ

သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးကျေးရွာအတွင်း ရောက်ရှိလာသည့် ကရင်နီပြည်ဘက်မှ စစ်ဘေးရှောင်များကို PNLO/PNLA က ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ပြီး ကရင်နီပြည်ဘက်မှ ကဒူးကြီးကျေးရွာဘက်သို့ စစ်ရှောင်ရောက်ရှိ လာသည့် စစ်ဘေးရှောင်များကို PNLO မှ ကျန်းမာရေးဝန်ထမ်းများ ကွင်းဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေကြောင်း ဗိုလ်မှူး မြင့်အောင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ကနေ ဒီမောက်မယ်နယ်နဲ့ ကဒူးကြီးရွာဘက်ကို စစ်ရှောင်ရောက်လာတဲ့ ပြည်သူအားလုံးကို ကိုဗစ် ရှိ/မရှိ စစ်ဆေးပေးပါတယ်၊ အပူချိန်တွေ တိုင်းပေးတယ်၊ ပြီးတော့ တခြား ဖျားနှာတာနဲ့ တုတ်ကွေးဖြစ်တဲ့ သူတွေကိုလည်း ဆေးဝါးနဲ့ ကုသမှုတွေ ပြုလုပ်ပေးနေပါတယ်” ဟု PNLA မှ ဗဟိုကျန်းမာရေး တာဝန်ခံ ဗိုလ်မှူး မြင့်အောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် လက်ရှိ ကဒူးကြီးကျေးရွာနှင့် အနီးပတ်ဝန်းကျင်အတွင်း ရောက်ရှိလာသည့် မွေးကင်းစ ကလေးငယ်များ အပါအဝင် တစ်နေ့လျှင် စစ်ရှောင်ဦးရေ ၂၀ မှ ၅၀ ကြား နေ့စဥ်ဝင်ရောက်လာသည့်အတွက် စစ်ရှောင်များကို ရေရှည်ထောက်ပံ့ပေးနိုင်ရန် အလှူရှင်များ ပါဝင်လာရန်လည်း ဖိတ်ခေါ်ကြောင်း ဗိုလ်မှူးမြင့်အောင် က ဆက်လက်ပြောဆိုထားသည်။

“တုပ်ကွေးနဲ့ တခြား ကျန်းမာရေးဆိုင်ရာကုသမှုတွေအတွက် ဆေးဝါးအထောက်အကူတွေ လိုအပ်ပါတယ်၊ ပြီးတော့ ကလေးတွေအတွက် အနွေးထည်တွေ လိုအပ်နေပါတယ်၊ အလှူရှင်များ ကျနော်တို့ PNLO နဲ့ ချိတ်ဆက်ပြီးဖြစ်စေ၊ တစ်ဦးတစ်ယောက် အနေနဲ့ဖြစ်စေ ပါဝင်လှူဒါန်းပေးကြပါလို့ ပြောချင်ပါတယ်” ဟု ဗိုလ်မှူး မြင့်အောင်က ပြောသည်။

ကဒူးကြီးကျေးရွာအတွင်း ရောက်ရှိလာသည့် ကရင်နီစစ်ရှောင်များကို PNLO ရဲ့ ဆက်ဆံရေးရုံးသို့ ဆက်သွယ်ပြီး ကူညီနိုင်သည့်အပြင် PNLO မှ ဗဟိုကျန်းမာရေးအဖွဲ့ဝင် ဆရာမ နန်းငယ် ဖုန်းနံပါတ် ၀၉ – ၈၉၉ ၄၉၀ ၃၂၂ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း ပြောဆိုထားသည်။

PNLO တပ်ဖွဲ့သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တခြားသော တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့် ပအိုဝ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

PNLA တပ်ဖွဲ့ဝင် ၆၁ ဦး အလင်းဝင်လာဟု PNO ဆို

0
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ (၂၅)ရက်နေ့ ညနေအချိန်တွင် ဗန်းမတ်ဒေသတွင် ခွန်တန်(ခ)ဇာတ်လိုက် ဦးဆောင်သော PNLAတပ်ရင်း (၃၅၉)မှ တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNO)ထံတွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း...