Monday, February 2, 2026

စစ်ကောင်စီ

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် EAOs တို့ ငြိမ်းချမ်းရေးခရီး

ဒီနေ့တော့ ဧပြီ ၂၂ရက် ၂၀၂၂ခုနစ် ကနေစ, ပြီးတပ်ချုပ်ကြီးကနေခေါ်လိုက်တဲ့ ပြည်တွင်းငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေအကြောင်းဘေးကြည့် (အနီးကြည့်လဲမဟုတ်၊ အဝေးကြည့်လဲမဟုတ်သူ) တဦးအနေနဲ့ တင်ပြပြီး စာရှုသူများကိုဝေဖန် သုံးသပ်ဆုံးဖြတ်စေချင်တယ်။ အရင်ကဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုခေါ်ရင် လူလွှတ်ပြီးယုံကြည်စိတ်ချအောင် အလွတ်သဘောရှင်းပြပြီးမှတရားဝင်တွေ့ဆုံပြီး သဘောတူညီချက်တွေရယူလေ့ရှိဒါကို အမှတ်ရကြပါလိမ့်မယ်။ အထူးသဖြင့် ၁၉၈၉ မှာတစ်ကြိမ်၊ ၂၀၁၁ မှာတစ်ကြိမ်ပေါ့။ သို့သော်ဒီတစ်ခေါက်မှာတော့...

မိုင်းခတ်မြို့ ကလေးငယ်တစ်ဦးကို ရောင်းစားရန် ကြိုးစားသူ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၊ မိုင်းခတ်မြို့မှ ကလေးငယ်တစ်ဦးကို ရောင်းစားရန် ကြိုးစားသည့် တရားခံနှစ်ဦး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရကြောင်း သတင်းသိရသည်။ မိုင်းခတ်မြို့မှ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးကို လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ရောင်းစားရန် လိမ်လည်ခေါ်ဆောင်သည့် တရားခံနှစ်ဦးကို ဖမ်းဆီးစစ်ဆေးပြီး...

မိုင်းပျဉ်းမြို့ တပိုင်တနိုင် ဓာတ်ဆီဆိုင်များကို စစ်ကောင်စီက ပိတ်ခိုင်း

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့အတွင်းရှိ တပိုင်တနိုင် ဖွင့်ထားသည့် ဓာတ်ဆီဆိုင်များ အားလုံးကို ပိတ်ထားခိုင်းကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဇွန် ၉ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူး၊ စည်ပင် နှင့် ရဲတို့က အိမ်နှင့် မြို့ပြင်တွင် တပိုင်တနိုင်ဖွင့်လှစ်ထားသည့် ဓာတ်ဆီဆိုင်ရှင်များအားလုံးကိုခေါ်ယူပြီး လက်ရှိဖွင့်ထားသည့်ဆိုင်များအားလုံး ပြန်လည်ပိတ်ခိုင်းကြောင်း တပိုင်တနိုင်...

သီပေါမြို့နယ် ရုန်းရင်းဆန်ခတ်မှုရှိလာသည့် အတွက် ညမထွက်ရအမိန့်ကို ထုတ်ပြန်ရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားသဖြင့် မာရှယ်လော ထုတ်ပြန်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ သီပေါမြို့နယ်အတွင်း ရပ်ရွာ ငြိမ်းချမ်းရေးကို ထိခိုက်လာမှု၊ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားသည့်အတွက် ည (၈) နာရီ မှ မနက် (၄) နာရီအထိ ညမထွက်ရ အမိန့်ကို ဇွန် (၈) ရက်နေ့က ထုတ်ပြန်လိုက်ကြောင်း...

ဟိုပန်မြို့နယ် ပြည်သူ စိုက်ပျိုးမြေ သိမ်းပြီး “ဝ” တိုင်းရုံး စိုက်ရန်ကြိုးစားနေ

သျှမ်းပြည်မြောက်ပိုင်း ဟိုပန်မြို့နယ်ရှိ ပြည်သူပိုင် စိုက်ပျိုးမြေ နေရာများကို “ဝ” တိုင်းရုံးစိုက်ရန်အတွက် သစ်တောဌာနမှ သိမ်းယူရန် ကြိုးစားနေမှုကို ဒေသခံပြည်သူများက ဝိုင်းဝန်းဆန့်ကျင် ဆန္ဒပြခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၈ ရက်တွင် ဟိုပန်မြို့ မိန်းပန်းသျှမ်းရပ်ကွက် မှ ပြည်သူပိုင် စိုက်ပျိုးမြေနေရာများကို သစ်တောဦးစီးဌာန မှ...

စစ်အာဏာသိမ်း တနှစ်ကျော်ကာလ ပြည်သူများ သူခိုးဖမ်းနေရ

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းယူခဲ့သည့် တစ်နှစ်ကျော် ကာလအတွင်းတွင် လုံခြုံရေးတာဝန် ယူထားသည့် ရဲတပ်ဖွဲ့ဝင်များအစား ပြည်သူများက သူခိုးကို နှိမ်နင်းနေရကြောင်း သတင်းသိရသည်။ လျှပ်စစ်မီးကြိုးခိုး ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့တွင် သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့မှ မီးကြိုး နှင့် သံတုံးများ၊ သံဇကာများကို လိုက်ခိုးသည့် သူခိုးအဖွဲ့ကို ပြည်သူများက...

နမ္မတူမြို့နယ် ဆီပြတ်လပ် တောင်ယာသို့ လမ်းလျှောက်သွားနေရ

သျှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ နယ်အတွင်း ဓာတ်ဆီအဆမတန်မြင့်တက်ပြီး ဓာတ်ဆီဆိုင်များ ပိတ်လိုက်ရသဖြင့် တောင်ယာ လုပ်ကိုင်သည့်ဒေသခံများ လမ်းလျှောက်သွားနေရသည်ဟု စုံစမ်းသိရှိရသည်။ နမ္မတူအထွက်ဆိုင်းဘုတ် ပြီးခဲ့သည့် ဇွန် ၃ ရက်တွင် နမ္မတူမြို့နယ်မှာ ဓာတ်ဆီအဆမတန် မြင့်တက်လာသဖြင့် ဝယ်ယူရန် အခက်အခဲကြုံ တွေ့ရသည့်အတွက် ပြည်သူများတောင်ယာသို့ လမ်းလျှောက်သွားလာနေကြရကြောင်း နမ္မတူဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်...

ကိုယ်သာ သခင်…..မြင်သာမြင်ရ မကြင်ရတဲ့ဘ၀တွေ

ရေအားစီးဆင်းမှု အရှိန်အဟုန်ကောင်းပြီး အလွန်လှပတဲ့ ကျိုင်းတောင်း ရေတံခွန် အနီးမှာ ရေအားလျှပ်စစ်စီမံကိန်းကို ပြုလုပ်ထားပါတယ်။ အဲ့ဒီ စီမံကိန်းမှ သွယ်တန်းတဲ့ လျှပ်စစ်ကြိုးတန်းကြီးတွေဟာ ကျိုင်းတောင်းမြို့ရှိ  လယ်ယာတွေ ဖြတ်ကျော် တောင်တန်းတွေဖြတ်ကျော်ပြီး တခြားမြို့သို့ မီးအားပေးလွှတ်ခဲ့ပါတယ်။ ရေအားလျှပ်စစ် စီမံကိန်း ဟာ ၁၉ နှစ်ကြာခဲ့ပေမယ့် လက်ရှိ အချိန်ထိ မီးမလင်းတဲ့ကျေးရွာတွေကတော့...

လားရှိုး – ကျောက်မဲလမ်းတွင် စစ်ကောင်စီက တင်းကြပ်စွာစစ်ဆေး၊ ပိုက်ဆံကောက်ယူနေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ - လားရှိုး လမ်းကြားတွင် စစ်ကောင်စီတပ်သား နှင့် ရဲ တို့သည် ခရီးသည်များ နှင့် ကားသမားများကို တင်းကြပ်စွာ စစ်ဆေးပြီး ပိုက်ဆံ ကောက်ယူနေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇွန် ၅ ရက်နေ့က လားရှိုး - ကျောက်မဲ...

မိုးဗြဲမြို့အနီး စစ်ကောင်စီ နှင့် PDF စစ်ရေးတင်းမာ ပြည်သူများတိုက်ပွဲထပ်ဖြစ်မှာ စိုးရိမ်

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ အတွင်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ယနေ့ချိန်ထိ စစ်ရေးတင်းမာမှုရှိနေသဖြင့် ပြည်သူများ စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ဇွန် ၇ ရက် တွင်လည်း မိုးဗြဲမြို့အတွင်းရှိ ကျေးရွာသို့ စစ်ကောင်စီ တပ်သားများရုတ်တရက် ရောက်ရှိလာပြီး PDF နှင့် တိုက်ပွဲဖြစ်ပွားကာ အရပ်သား...

Latest news