လူငယ်ချင်းရန်ဖြစ် PNO တပ်ဖွဲ့မှ သေနတ်ဖောက် အမျိုးသမီးတစ်ဦး ကျည်ထိမှန်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအတွင်း လူငယ်အချင်းချင်း ရန်ဖြစ်ရာမှ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့မှ သေနတ်ဖောက်ကာ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ပြီး ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဆိုက်ခေါင်စံပြကျေးရွာမှာ ဇွန် ၁၄ ရက် ညနေ ၆ နာရီဝန်းကျင်တွင် လူငယ်များ သောက်စားပျော်ပါးပြီး အချင်းချင်း စကားများရန်ဖြစ်ရာမှ PNO က ဝင်တားကာ လူငယ်တစ်ယောက်ကိုချိန်ပြီး သေနတ်ဖောက်သဖြင့် ကျည်သည် လွှဲချော်သွားပြီး အမျိုးသမီးတစ်ဦးကို ထိမှန်သွားကာ လက်ရှိမှာ တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်နေကြောင်း ဆိုက်ခေါင်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည် ။

“ လူငယ်တွေ သောက်စားပျော်ပါးပြီး အချင်းချင်း စကားများရန်ဖြစ်တာကို PNO တပ်သားက ဝင်တားတယ်။ အဲ့မှာ ရန်ဖြစ်တဲ့ထဲက တယောက်က ပြန်ဆဲလို့ PNO တပ်သားက စိတ်တိုပြီး ရန်ဖြစ်တဲ့ ကောင်ကို ပစ်တာ၊ မိန်းကလေးကို ထိမိသွားတာ“ဟု ၎င်းက ပြောသည်။

ဆိုက်ခေါင်စံပြကျေးရွာ

အဆိုပါ ကျည်ထိမှန်သည့် အမျိုးသမီးငယ်သည် ဆိုက်ခေါင်စံပြကျေးရွာ သီရိရပ်ကွက်တွင် နေထိုင်ပြီး လက်ရှိတွင် ထိုအမျိုးသမီးကို တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းက ထပ်လောင်း ပြောသည်။

အဆိုပါ အမျိုးသမီး ကျည်ထိမှန်ခဲ့သည့်အပေါ် ဆိုက်ခေါင်စံပြကျေးရွာ မှ လူငယ်များကလည်း စိတ်မကောင်းကြောင်း၊ PNO တပ်ဖွဲ့အနေဖြင့် အရပ်သားလူငယ်များကို လက်နက်သုံးပြီး ပစ်ခတ်မှုမျိုး မလုပ်သင့်ကြောင်းလည်း ပြောဆိုလိုက်သည်။

“ မဆိုင်တဲ့ မိန်းခလေးအတွက်တော့ စိတ်မကောင်းဘူး၊ လက်နက်ကို အသုံးပြုတာဟာ လုံးဝကြီးလေးတဲ့ အပြစ် ပေးသင့်တယ်၊ပိုက်ဆံတစ်အိမ်ကို ၃သောင်းကောက်ပြီး အပြစ်မဲ့တဲ့ ပြည်သူကို ပစ်တာစိတ်နာစရာဖြစ်တယ် “ဟု ဆိုက်ခေါင်လူငယ်များက ပြောသည် ။

လက်ရှိ အချိန်ထိ သေနတ်ပစ်ဖောက်သည့် PNO တပ်သားကို သက်ဆိုင်ရာဌာနမှ တာဝန်ယူဖြေရှင်းပေးမှု မရှိသေးကြောင်း သိရသည်။

စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) သည် ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ် နှင့် ဟိုပုံးမြို့နယ်အထိ တစ်အိမ်ကို ငွေ ၃ သောင်း နှင့် ဆန် ၃ ပြည်တောင်းသည့် အပြင် စစ်သားများကို ကောက်ယူနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...