Tuesday, February 3, 2026

စစ်ကောင်စီ

ကုန်ပစ္စည်း အဆမတန်ဈေးတက်သဖြင့် ကျပန်းအလုပ်သမားများ ထမင်းနပ်မှန် မစားရ

မြန်မာနိုင်ငံတစ်ဝှမ်းလုံး ကုန်ပစ္စည်းအဆမတန် မြင့်တက်လာသောကြောင့် ကျပန်းအလုပ်ကိုသာရှာလုပ်ရသည့် လူငယ်သည် ယခင်ကထက် ထမင်းကို လုံလုံလောက်လောက်မစားနိုင် တစ်နေ့ကိုထမင်းတစ်နပ်လျော့စားကာ ချွေတာပြီး စားနေရကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်တွင် ကျပန်းအလုပ်ကို လုပ်ကိုင်နေသည့် လူငယ်များသည် ကုန်ပစ္စည်း အဆမတန်မြင့်တက်လာသဖြင့် ယခင် ထမင်းကိုတစ်ရက်လျှင် သုံးနပ်စားရပြီး ယခုအချိန် ကာလ၌...

နေရပ်ပြန်သည့် ရွာငံစစ်ရှောင်တချို့ အဆက်အသွယ်မရ ပျောက်ဆုံးနေမှုများရှိနေ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်မှ နေရပ်ပြန် စစ်ရှောင်ပြည်သူတချို့ တပတ်ကြာသည့်အထိ အဆက်အသွယ်မရ ပျောက်ဆုံးမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။ ဒေသအတွင်း အာဏာသိမ်းစစ်ကောင်စီတို့၏ စစ်ဆင်ရေးအကြမ်းဖက်မှုများကြောင့် နေအိမ်များကိုစွန့်ခွာပြီး နီးစပ်သည့် မြို့ရွာများနှင့် တောတောင်များအထိ စစ်ဘေးတိမ်းရှောင်နေရသည့် စစ်ရှာင်များအနက် စားနပ်ရိက္ခာ ယူရန် နှင့် အခြေအနေသိရှိရန် နေရပ်ပြန်သူများသည် အဆက်အသွယ်မရပဲ...

ဖယ်ခုံမြို့နယ် စစ်ကောင်စီမှ တလအတွင်း ပြည်သူနေအိမ် (၅၀) ကျော် မီးရှို့ဖျက်ဆီး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ပေါင်းကျေးရွာအတွင်း စစ်ကောင်စီက တစ်လအတွင်း ဒေသခံ နေအိမ် (၅၀) ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ည (၆) နာရီဝန်းကျင်က လွယ်ပေါင်းကျေးရွာအတွင်း ဒေသခံ ပြည်သူများ စစ်ရှောင်နေချိန် စစ်ကောင်စီမှ ပြည်သူနေအိမ် (၂) အိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး...

PNO မှ ပစ်ခတ်လိုက်သည့် ဆိုက်ခေါင်အမျိုးသမီး သေဆုံးသွား

သျှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအနီးရှိ ပအိုဝ်းပြည်သူ့စစ် (PNO) က ပစ်ခတ်လိုက်သည့် အသက် (၂၂) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ဇွန် (၁၄) ရက်တွင် ဆိုက်ခေါင်စံပြကျေးရွာ သီရိရပ်ကွက်နေ နန်းခမ်းအွမ် ကို ပအိုဝ်းပြည်သူ့စစ် (PNO) က ပစ်ခတ်လိုက်ပြီးနောက် စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှု...

မင်္ဂလာမူဆယ်အနီး ပါဂျဲရိုးကားဖြင့် လာပြီး ကားခိုးသွား

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မင်္ဂလာမူဆယ်အနီးတွင် ကားစက်နှိုးထားသည့် ကားကို ခိုးယူမောင်းနှင်သွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဇွန် (၂၀) ရက် ည (၁၀) နာရီခွဲဝန်းကျင်တွင် ကားသမားတစ်ဦး ကားစက်နှိုးပြီး ပစ္စည်းချနေချိန် ဓားပြတစ်စုက ကားစီးလာပြီး ကားပေါ်ဆင်းကာ ကားစက်နှိုးထားသည့် ကားသမား၏ ကားထဲတွင် အမျိုးသမီးတစ်ဦးရှိထားသော်လည်း...

ဖယ်ခုံမြို့နယ်စစ်ကောင်စီ နှင့် PNO မှ စစ်ရှောင်နေအိမ်များထံ ပစ္စည်းဝင်ယူနေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ကောင်စီ နှင့် ပအိုဝ်း ပြည်သူ့စစ် (PNO) တို့သည် စစ်ရှောင်ပြည်သူ နေအိမ်များထံ ပစ္စည်းဝင်ယူသွားကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ နှင့် PNO တို့သည် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာ၊ ဆောင်နန်းခဲကျေးရွာ၊ လဟယ်ကျေးရွာ နှင့် မခေခမ်းကျေးရွာတွင် တပ်ဆွဲထားပြီး စစ်ရှောင်နေကြသည့် ပြည်သူများ၏...

လားရှိုးမြို့ စစ်ကောင်စီလက်အောက်ခံ ရဲ (၂) ဦး သေနတ်ပစ်ခံရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ရဲ (၂) ဦး သေနတ် ပစ်သတ်ခံ ရကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့ ဇွန် (၂၀) ရက် ည (၁၀)နာရီ အချိန်မှာ လားရှိုးမြို့ သိန္နီလမ်းမကြီး ရပ်ကွက် (၁၂) စစ်မှုထမ်းဟောင်းဘေးလမ်းကြားတွင် စစ်သားများ၊ရဲသားများ...

စစ်ကောင်စီတပ်ရွှေ့ခိုင်းသည့် SSPP တပ်စခန်း (၃) ခုကို လကုန်ထိ အချိန်ပေးရွှေ့ခိုင်း

စစ်ကောင်စီက ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ အရေးပါသော တပ်စခန်း (၃) ခုကို ယခုလ ဇွန် (၃၀) ရက် အပြီးရွှေ့ပေးရန် ပြောထားသော်လည်း SSPP ဘက်က ပြောင်းရွှေ့မည်မဟုတ်ကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီမှ ပြောင်းရွှေ့ခိုင်းသည့် SSPP/SSA ၏ တပ်စခန်း (၃)...

PNLO ပြောတဲ့ ပြည်နယ်သစ်မူဆိုတာ ဘယ်လိုမျိုးလဲ

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ပြီးခဲ့တဲ့ ဇွန် (၁၆ - ၁၈) ရက်နေ့ထိ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပြီး အဲ့ဒီဆွေးနွေးမှုမှာ (PNLO) အနေနဲ့ ဘာတွေဆွေးနွေးခဲ့တာလဲဆိုတာ သျှမ်းသံတော်ဆင့်မှ PNLO ရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး...

ပင်းတယမြို့နယ် လွှတ်တော်အမတ် ဦးထွန်းထွန်းနိုင်ကို မဖမ်းနိုင်လို့ ဆွေမျိုးတွေကို စစ်ကောင်စီ ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် NLD ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်ကို စစ်ကောင်စီများက မဖမ်းဆီးနိုင်သဖြင့် အင်းပလက်ကျေးရွာတွင်ရှိသည့် ၎င်း၏ ဆွေမျိုးများကို ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇွန် ၁၈ ရက် နေ့လည် ၁၂ နာရီဝန်းကျင်က ဦးထွန်းထွန်းနိုင်ကို မဖမ်းဆီးနိုင်တာကြောင့် ၎င်း၏ ဆွေမျိုး ၂၅...

Latest news